FIFA World Cup 2022 ကို ကျင်းပဖို့ ၂ လလောက်ပဲလိုတော့ပြီး ကာတာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ FIFA ဟာ ကမ္ဘာ့ဖလား ၂ ကြိမ် ဆက်တိုက် ပါတနာအဖြစ် Vivo နဲ့ လက်တွဲလိုက်ပြီး Vivo ဟာ FIFA World Cup 2022 ရဲ့ တရားဝင် စမတ်ဖုန်း ပါတနာ ဖြစ်လာပါတယ်။

အခု ပူးပေါင်းမှုကို Vivo X Fold+ မိတ်ဆက်ပွဲမှာ ကြေညာခဲ့တာ ဖြစ်ပြီး အဲဒီနေ့ဟာ FIFA ရဲ့ ၁၁၈ ကြိမ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

Vivo becomes official sponsor of FIFA WC 2022 | SportsMint Media

FIFA က Vivo ရဲ့ Logo ကို အားကစားကွင်းထဲက Panel တွေ၊ အင်တာဗျူး နောက်ခံတွေနဲ့ တခြား Presentation တွေလို အဓိက ကြော်ငြာနေရာတွေမှာ ပြသမှာ ဖြစ်ပါတယ်။ Vivo က ကမ္ဘာ့ဖလား ဝန်ထမ်းတွေကို စွမ်းရည်မြင့် စမတ်ဖုန်းတွေ ပံ့ပိုးပေးမှာ ဖြစ်ပြီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပဖို့ ကူညီမှာပါ။

အခုပူးပေါင်းမှုဟာ Vivo ရဲ့ ကမ္ဘာ့ စမတ်ဖုန်း စင်မြင့်မှာ နောက်ထပ် ခြေလှမ်း အသစ်ဖြစ်ပြီး Brand ကို လူသိပိုများစေမှာပါ။ ၂၀၁၄ ခုနှစ်ကတည်းက Vivo ဟာ နိုင်ငံပေါင်း ၆၀ ကျော်ကို ဈေးကွက်ဖြန့်ကျက်ခဲ့ပြီး အခု ကာတာ ကမ္ဘာ့ဖလားမှာ ပါတနာ ဖြစ်လာတဲ့အတွက် Active User သန်း ၄၀၀ အပါအဝင် ကမ္ဘာ့ ပရိတ်သတ် ၅ ဘီလီယမ် ရမယ်လို့ မျှော်လင့်ပါတယ်။

Vivo ဟာ အရင်နှစ် ကာတာရဲ့ Arab Cup နဲ့ UEFA for Euro 2020 ပွဲတွေမှာလည်း FIFA နဲ့ ပူးပေါင်းလက်တွဲခဲ့ပါတယ်။

Ref : gsmarena