Unicode

နှစ်တစ်နှစ်ရဲ့ အကြီးမားဆုံး စမတ်ဖုန်းနဲ့နည်းပညာဆိုင်ရာထုတ်ကုန်ပြပွဲတွေထဲမှာ ဖေဖော်ဝါရီဝန်းကျင်ရောက်တိုင်း စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပလေ့ရှိတဲ့ Mobile World Congress (အတိုကောက် MWC) ပွဲတော်လည်း အထင်အရှား ပါဝင်ပါတယ်။

လာမယ့် ၂၀၂၀ ခုနှစ်အတွက် MWC ပွဲတော်ကိုလည်း အစဉ်အလာအတိုင်း ဘာစီလိုနာမြို့မှာ ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၇ ရက်ထိ ကျင်းပပြုလုပ်သွားမှာပါ။ MWC 2020 ပွဲတော်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေက သူတို့ရဲ့ နည်းပညာ အသစ်တွေကို ထုတ်ပြကြွားဝါလေ့ရှိပြီး ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Vivo ကလည်း ပွဲတော်ချိန်မှာ ထုတ်ကုန်သစ် တစ်ခုကို ပြသသွားဖို့ ကြိုစာရင်းပြထားလိုက်ပါပြီ။

ဖေဖော်ဝါရီလကုန်ခါနီးမှ စတင်မယ့်ပွဲအတွက် Vivo ဟာ ဖိတ်စာကို စတင်ဖြန့်ဝေနေပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ MWC ပွဲရဲ့ ရှေ့ဆုံးကနေ ထုတ်ကုန်သစ်ကို ပြသသွားမှာဖြစ်ပါတယ်။ ဖိတ်စာထဲမှာတော့ ထုတ်ကုန်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ မပါလာသေးဘဲ “Save The Date” ဆိုတဲ့ စာသားနဲ့အတူ နောက်ခံမှာ အင်္ဂလိပ်စာလုံး “V” အကြီးတစ်ခုထဲကိုပဲ မြင်တွေ့ရပါတယ်။

အခုလို Foldable တွေ ခေတ်စားနေတဲ့အချိန်မှာ “V” အက္ခရာနဲ့ တူညီတဲ့ ပုံရိပ်ဟာ ခေါက်ဖုန်းတစ်ခုရဲ့ Hinge ကို အရိပ်အမြွက်ပြသတာဖြစ်နိုင်သလို Vivo ရဲ့ အမည်မှ V စာလုံးကို ယူထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ လာမယ့် လပိုင်းမှာ စတင်မြင်တွေ့သွားရမှာပါ။

အချက်အလက် ဘာမှမပါဘူးလို့ ပြောရမှာဖြစ်ပေမယ့် တစ်ခုထူးခြားတာက Vivo ဟာ MWC နဲ့ အလားတူ ပွဲမျိုးတွေကို သိပ်ပြီးတက်ရောက်လေ့မရှိပါဘူး။ ဒါ့ကြောင့် ဒီတစ်ခါကြိုပြီးကြေညာလာတာဖြစ်နိုင်သလို သူ့ရဲ့လက်နက်ဆန်း အသစ်ကိုလည်း တော်တော်လေး မျှော်မှန်းထားတာ ဖြစ်နိုင်ပါတယ်။ MWC ပွဲမှာ ကမ္ဘာအရပ်ရပ်က စမတ်ဖုန်းထုတ်လုပ်သူ တွေက နောက်ဆုံးပေါ် နည်းပညာထုတ်ကုန်တွေကို ဦးစားပေးပြသလေ့ရှိတာကြောင့် ဒီအချက်ပေးသံဟာ စိတ်ဝင်စားစရာ ဖြစ်နေတာပါ။

Ref – GSM Arena

Zawgyi

ႏွစ္တစ္ႏွစ္ရဲ႕ အႀကီးမားဆုံး စမတ္ဖုန္းနဲ႔နည္းပညာဆုိင္ရာထုတ္ကုန္ျပပြဲေတြထဲမွာ ေဖေဖာ္ဝါရီဝန္းက်င္ေရာက္တုိင္း စပိန္ႏုိင္ငံ ဘာစီလိုနာၿမိဳ႕မွာ က်င္းပေလ့ရွိတဲ့ Mobile World Congress (အတုိေကာက္ MWC) ပြဲေတာ္လည္း အထင္အရွား ပါဝင္ပါတယ္။

လာမယ့္ ၂၀၂၀ ခုႏွစ္အတြက္ MWC ပြဲေတာ္ကိုလည္း အစဥ္အလာအတုိင္း ဘာစီလိုနာၿမိဳ႕မွာ ေဖေဖာ္ဝါရီလ ၂၄ ရက္မွ ၂၇ ရက္ထိ က်င္းပျပဳလုပ္သြားမွာပါ။ MWC 2020 ပြဲေတာ္မွာ စမတ္ဖုန္းထုတ္လုပ္သူေတြက သူတုိ႔ရဲ႕ နည္းပညာ အသစ္ေတြကို ထုတ္ျပၾကြားဝါေလ့ရွိၿပီး ထုတ္လုပ္သူတစ္ေယာက္ျဖစ္တဲ့ Vivo ကလည္း ပြဲေတာ္ခ်ိန္မွာ ထုတ္ကုန္သစ္ တစ္ခုကို ျပသသြားဖုိ႔ ႀကိဳစာရင္းျပထားလိုက္ပါၿပီ။

ေဖေဖာ္ဝါရီလကုန္ခါနီးမွ စတင္မယ့္ပြဲအတြက္ Vivo ဟာ ဖိတ္စာကို စတင္ျဖန္႔ေဝေနၿပီး ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔မွာ MWC ပြဲရဲ႕ ေရွ႕ဆုံးကေန ထုတ္ကုန္သစ္ကို ျပသသြားမွာျဖစ္ပါတယ္။ ဖိတ္စာထဲမွာေတာ့ ထုတ္ကုန္နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြ မပါလာေသးဘဲ “Save The Date” ဆုိတဲ့ စာသားနဲ႔အတူ ေနာက္ခံမွာ အဂၤလိပ္စာလုံး “V” အႀကီးတစ္ခုထဲကိုပဲ ျမင္ေတြ႕ရပါတယ္။

အခုလို Foldable ေတြ ေခတ္စားေနတဲ့အခ်ိန္မွာ “V” အကၡရာနဲ႔ တူညီတဲ့ ပုံရိပ္ဟာ ေခါက္ဖုန္းတစ္ခုရဲ႕ Hinge ကို အရိပ္အျမြက္ျပသတာျဖစ္ႏုိင္သလို Vivo ရဲ႕ အမည္မွ V စာလုံးကို ယူထားတာလည္း ျဖစ္ႏုိင္ပါတယ္။ ဒါကေတာ့ လာမယ့္ လပုိင္းမွာ စတင္ျမင္ေတြ႕သြားရမွာပါ။

အခ်က္အလက္ ဘာမွမပါဘူးလို႔ ေျပာရမွာျဖစ္ေပမယ့္ တစ္ခုထူးျခားတာက Vivo ဟာ MWC နဲ႔ အလားတူ ပြဲမ်ဳိးေတြကို သိပ္ၿပီးတက္ေရာက္ေလ့မရွိပါဘူး။ ဒါ့ေၾကာင့္ ဒီတစ္ခါႀကိဳၿပီးေၾကညာလာတာျဖစ္ႏုိင္သလို သူ႕ရဲ႕လက္နက္ဆန္း အသစ္ကိုလည္း ေတာ္ေတာ္ေလး ေမွ်ာ္မွန္းထားတာ ျဖစ္ႏုိင္ပါတယ္။ MWC ပြဲမွာ ကမာၻအရပ္ရပ္က စမတ္ဖုန္းထုတ္လုပ္သူ ေတြက ေနာက္ဆုံးေပၚ နည္းပညာထုတ္ကုန္ေတြကုိ ဦးစားေပးျပသေလ့ရွိတာေၾကာင့္ ဒီအခ်က္ေပးသံဟာ စိတ္ဝင္စားစရာ ျဖစ္ေနတာပါ။

Ref – GSM Arena