[Zawgyi]

စက္တင္ဘာလဆန္းရက္ေတြတုန္းက Vivo ရဲ႕ ေနာက္ထြက္မယ့္ စမတ္ဖုန္းျဖစ္တဲ့ V17 Pro ရဲ႕ ပုံရိပ္ ေပါက္ၾကားထြက္ေပၚလာခဲ့ပါတယ္။ 91mobiles ရဲ႕ ေဖာ္ျပမႈအရ Vivo V17 Pro ဟာ အေရွ႕ကင္မရာႏွစ္လုံးကို Pop-up ပုံစံနဲ႔ တည္ေဆာက္ေပးထားတာကို ေတြ႕ရပါတယ္။

စက္တင္ဘာလရဲ႕ ပထမပတ္မကုန္ဆုံးခင္မွာပဲ Vivo V17 Pro ရဲ႕ ပ႐ိုမိုဗီဒီယိုက ေပါက္ၾကားလာခဲ့ပါေတာ့တယ္။ ဒီဗီဒီယိုေၾကာင့္ V17 Pro ရဲ႕အခ်က္အလက္အခ်ိဳ႕ကို သိလိုက္ရပါတယ္။ ဒါတင္မကေသးဘဲ V17 Pro နဲ႔႐ိုက္ကူးထားတဲ့ နမူနာဓါတ္ပုံအခ်ိဳ႕ကိုလည္း ေတြ႕ျမင္ၾကရပါေသးတယ္။

Vivo V17 Pro ဟာ ေက်ာဘက္ကင္မရာ ေလးလုံးတပ္ဆင္ထားပါတယ္။ အဓိကကင္မရာကေတာ့ 48MP sensor နဲ႔ပါ။ အေရွ႕ဘက္ရဲ႕ အဓိက Selfie ကင္မရာကေတာ့ 32MP ျဖစ္ၿပီး ဒုတိယ Selfie ကင္မရာက Ultra-wide ျဖစ္မယ္လို႔ ခန႔္မွန္းရပါတယ္။ ကင္မရာေတြနဲ႔ V17 Pro အတြက္ အဓိကေပၚလြင္ေစမယ့္ ေဆာင္ပုဒ္ကို “Wider Selfie, Clearer Night” စတာေတြ အသုံးျပဳဖို႔ လ်ာထားတာကိုလည္း ေတြ႕ရပါတယ္။

ဒါေၾကာင့္ V17 Pro ဟာ ညဘက္႐ိုက္ကူးရာမွာ ပိုၿပီးေကာင္းမြန္တဲ့ စြမ္းေဆာင္မႈကို ေပးလာမလားဆိုတာ စိတ္ဝင္စားစရာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။ အေရာင္အားျဖင့္ေတာ့ အနက္ (ဒါမွမဟုတ္) နက္ျပာေရာင္ နဲ႕ အျဖဴ (ဒါမွမဟုတ္) အျပာႏု ဆိုၿပီး ႏွစ္မ်ိဳးထြက္လာဖြယ္ ရွိေနပါတယ္။ မ်က္ႏွာျပင္ျပည့္ျဖစ္ၿပီး ပတ္လည္ေဘာင္ေတြ က်ဥ္းေျမာင္းသလို Under-display fingerprint sensor လည္း ပါဝင္တာကို ေတြ႕ရပါတယ္။ ဒီလထဲမွာ တရားဝင္ေၾကညာလာဖြယ္ရွိၿပီး ဒီပါဝလီပြဲေတာ္အမီ အိႏၵိယေဈးကြက္ကို ပို႔ေဆာင္မယ္လို႔ ယူဆရပါတယ္။

Ref: GSM Arena

[Unicode]

စုစုပေါင်း ကင်မရာ ခြောက်လုံးနဲ့ Vivo V17 Pro ရဲ့ အချက်အလက်များ ပေါက်ကြားလာ

စက်တင်ဘာလဆန်းရက်တွေတုန်းက Vivo ရဲ့ နောက်ထွက်မယ့် စမတ်ဖုန်းဖြစ်တဲ့ V17 Pro ရဲ့ ပုံရိပ် ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ 91mobiles ရဲ့ ဖော်ပြမှုအရ Vivo V17 Pro ဟာ အရှေ့ကင်မရာနှစ်လုံးကို Pop-up ပုံစံနဲ့ တည်ဆောက်ပေးထားတာကို တွေ့ရပါတယ်။

စက်တင်ဘာလရဲ့ ပထမပတ်မကုန်ဆုံးခင်မှာပဲ Vivo V17 Pro ရဲ့ ပရိုမိုဗီဒီယိုက ပေါက်ကြားလာခဲ့ပါတော့တယ်။ ဒီဗီဒီယိုကြောင့် V17 Pro ရဲ့အချက်အလက်အချို့ကို သိလိုက်ရပါတယ်။ ဒါတင်မကသေးဘဲ V17 Pro နဲ့ရိုက်ကူးထားတဲ့ နမူနာဓါတ်ပုံအချို့ကိုလည်း တွေ့မြင်ကြရပါသေးတယ်။

Vivo V17 Pro ဟာ ကျောဘက်ကင်မရာ လေးလုံးတပ်ဆင်ထားပါတယ်။ အဓိကကင်မရာကတော့ 48MP sensor နဲ့ပါ။ အရှေ့ဘက်ရဲ့ အဓိက Selfie ကင်မရာကတော့ 32MP ဖြစ်ပြီး ဒုတိယ Selfie ကင်မရာက Ultra-wide ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ကင်မရာတွေနဲ့ V17 Pro အတွက် အဓိကပေါ်လွင်စေမယ့် ဆောင်ပုဒ်ကို “Wider Selfie, Clearer Night” စတာတွေ အသုံးပြုဖို့ လျာထားတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် V17 Pro ဟာ ညဘက်ရိုက်ကူးရာမှာ ပိုပြီးကောင်းမွန်တဲ့ စွမ်းဆောင်မှုကို ပေးလာမလားဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ အရောင်အားဖြင့်တော့ အနက် (ဒါမှမဟုတ်) နက်ပြာရောင် နဲ့ အဖြူ (ဒါမှမဟုတ်) အပြာနု ဆိုပြီး နှစ်မျိုးထွက်လာဖွယ် ရှိနေပါတယ်။ မျက်နှာပြင်ပြည့်ဖြစ်ပြီး ပတ်လည်ဘောင်တွေ ကျဉ်းမြောင်းသလို Under-display fingerprint sensor လည်း ပါဝင်တာကို တွေ့ရပါတယ်။ ဒီလထဲမှာ တရားဝင်ကြေညာလာဖွယ်ရှိပြီး ဒီပါဝလီပွဲတော်အမီ အိန္ဒိယဈေးကွက်ကို ပို့ဆောင်မယ်လို့ ယူဆရပါတယ်။

Ref: GSM Arena