[Zawgyi]








[Unicode]

နေ့စဉ်ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်စေမယ့် Vivo V17 Pro

ယနေ့ခေတ် ဒစ်ဂျစ်တယ်လူအဖွဲ့အစည်းအတွက် စမတ်ဖုန်းတွေဟာ နေ့စဉ်ဘဝမှာ ကိုယ်နဲ့မကွာ အမြဲဆောင်ထားရတဲ့ အရာဝတ္ထုတစ်ခု ဖြစ်လာပါတယ်။ လက်တွေ့ဘဝရဲ့ စိတ်ကူးအိမ်မက်တွေ အကောင် အထည်ဖော်ဖို့နဲ့ အောင်မြင်မှုတွေရဖို့အတွက် စွမ်းဆောင်ရည်မြင့် ဖုန်းကောင်းကောင်းတစ်လုံး လိုအပ်တာ အသေအချာပါပဲ။

Vivo ကနေ အသစ်မိတ်ဆက်လိုက်တဲ့ V17 Pro ဟာ Snapdragon 675 SoC ၊ အရည်အသွေးမြင့် 6 AI Camera၊ ကြာရှည်ခံဘက်ထရီ၊ ဓာတ်ပုံ၊ ဗီဒီယိုစတဲ့အချက်အလက်တွေအကုန်သိမ်းထားစရာ လုံလောက်တဲ့ Storage၊ အချောမွေ့ဆုံး ဂိမ်းအတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့ Ultra Game Mode ပါတဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းတစ်လုံးဖြစ်တယ်။

သင်ဟာ ခရီးထွက်ရတာကြိုက်သူ၊ ဂိမ်းကိုစွဲလမ်းနှစ်ခြိုက်စွာဆော့တတ်သူ၊ ဓာတ်ပုံရိုက်တာဝါသနာပါသူ တစ်ယောက်ဆိုရင်တော့ Vivo V17Pro က အဆင်ပြေစေပါတယ်။ Vivo V17Pro မှာပါဝင်တဲ့ ကင်မရာက Dual Pop-up ဖြစ်တဲ့အပြင် မြင်ကွင်းကျယ်လည်းရတဲ့အတွက်ကြောင့် သူငယ်ချင်းတွေနဲ့ အပြင်သွားလို့ အုပ်စုလိုက် ဓာတ်ပုံရိုက်တဲ့အခါ လှပတဲ့ နောက်ခံရှုခင်းလည်း ပါဝင်နိုင်မှာဖြစ်ပါတယ်။ နောက်ကင်မရာ မှာ 13MP Telephoto နဲ့ Super Macro Lens တွေ ပါတဲ့အပြင် AI ကင်မရာလေးလုံး ပါလာတဲ့အတွက် အဝေးကအရာဝတ္ထုကို အနီးကပ်ပုံကြီးချဲ့ရိုက်တဲ့အခါ ကြည်လင်ပြတ်သားမှုကတော့ အံ့မခန်းပါပဲ။

V17 Pro ရဲ့ screen-to-body ration ဟာဆိုရင် 91.65 ရာခိုင်နှုန်း ရှိပြီး screen size ကြီးတယ် ထင်ရပေမယ့် လက်ထဲရောက်တဲ့အခါမှာတော့ အရမ်းကိုပေါ့ပေါ့ပါးပါးနဲ့ ကိုင်ရတာ အဆင်ပြေစေတယ်။ ဖုန်းကိုယ်ထည်က Glass ဖြစ်သွားတဲ့အပြင် ထွက်ရှိလာတဲ့ ကာလာ ၂ ရောင်ထဲက Crystal Sky အဖြူနဲ့ အပြာအရောင်ပြေးလေးဖြစ်တာကြောင့် Classic ဆန်ပြီး လူငယ်တွေအတွက် ကြိုက်နှစ်သက်ကြမှာပါ။

ဘက်ထရီပိုင်းကိုကြည့်မယ်ဆိုရင်လည်း 4100 Amh ဖြစ်တာကြောင့် ဂိမ်းဆော့၊ အင်တာနက်သုံးတာ မျိုးတွေမှာ ကြာရှည်ခံစေပါတယ်။ ဒါ့အပြင် V17Pro မှာ ပါဝင်တဲ့ Type C အမြန် အားသွင်း စနစ်ကလည်း အားသွင်းမြန်စေမှာပါ။

V17Pro မှာ Internal 128 GB ပါလို့ ထားသိုလိုတဲ့ ဒေတာတွေလည်း အဆင်ပြေပြေ ထည့်သွင်းနိုင်မယ်။ ဒါတင်မကဘူး SD ကတ်ပါထပ်စိုက်ခဲ့ရင် 500GB ကျော်ကျော်လောက်သုံးနိုင်တဲ့အတွက် ကွန်ပြုတာ တစ်လုံးထက်ကို ပိုပြီး သိမ်းဆည်းထားနိုင်တဲ့ ဖုန်းတစ်လုံးပါပဲ။

Vivo V17 Pro နဲ့ လုပ်နိုင်တာတွေကတော့ အများကြီးပါပဲ။ Night Mode ရိုက်မလား၊ Vivo V17 Pro တစ်မျိုးထဲမှာ ပါလာတဲ့ PUBG ကို ဇာတ်ကောင်စကားသံအမျိုးမျိုးနဲ့ ဆော့မလား၊ HD ရုပ်ရှင်ကား ကောင်းတွေကြည့်မလား၊ အလှပဆုံးရှုခင်းတွေကို မှတ်တမ်းတင်မလား၊ စိတ်ကူးထဲမှာ ပေါ်လာတဲ့အရာ တွေအကောင်အထည်ဖော်ပြီး နေ့စဉ်ဘဝကို ပျော်ရွှင်စွာဖြတ်သန်းဖို့ Vivo V17 Pro စမတ်ဖုန်းက ကောင်းကောင်းအသုံးဝင်နေပါလိမ့်မယ်။