ကမ္ဘာကျော်စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ vivo ဆီကနေ နောက်ဆုံးပေါ် စွမ်းဆောင်ရည်အမြင့်မားဆုံး V Series တွေထဲကတစ်ခုဖြစ်တဲ့ vivo V20 SE ရောက်ရှိလာတော့မှာဖြစ်လို့ ၂၀၂၀ ခုနှစ်ဟာ ကံကောင်းခြင်း တွေနဲ့အတူ ပျော်ရွှင်စရာ မှတ်တိုင်တစ်ခုအနေနဲ့ အဆုံးသတ်နိုင်တော့မှာပါ။ ဒါဟာ သမားရိုးကျ စမတ်ဖုန်း တစ်ခုမဟုတ်ပါဘူး။ vivo ရဲ့ စွမ်းဆောင်ရည်မြင့် flagship V series အဖွဲ့ဝင်တွေထဲက အထူးထုတ်လုပ်မှု (special edition) တစ်ခုဖြစ်တယ်။ အရင်ထွက်ရှိခဲ့တဲ့ စီးရီးတွေဖြစ်တဲ့ V19 နဲ့ V20 ဟာဆိုရင်လည်း မြန်မာ နိုင်ငံမှာ လူကြိုက်အများဆုံး ဖုန်းတွေဖြစ်ခဲ့ပါတယ်။

V20 SE က စွမ်းရည်မြင့် လုပ်ဆောင်ချက်တွေနဲ့အတူ သင့်ရဲ့အကောင်းဆုံးအဖော်မွန်အဖြစ်နဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားမှာပါ။ အခုထွက်ရှိလာမယ့် စမတ်ဖုန်းသစ်မှာ စတိုင်ကျလှပတဲ့ 32MP Super Night selfie နဲ့ 48MP အနောက်ကင်မရာတွေနဲ့ ထုတ်လုပ်ထားပါတယ်။ vivo ဖုန်းတွေမှာပါဝင်နေကျ အမြန် အားသွင်းစနစ် 33W FlashCharge နည်းပညာလည်း ပါဝင်လာမှာပါ။

ခေတ်ဆန်တဲ့အမြင်ရှိပြီးတော့ လူမှု အသိုင်းအဝိုင်းထဲမှာ ခေတ်ရှေ့ပြေးတဲ့သူ လူငယ်တွေအတွက် vivo V20 SE ကို ချောမွေ့ပြောင်လက်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးပြုလုပ်ထားကာ လက်ထဲမှာကိုင်ထားတဲ့အခါတိုင်း လူအားလုံးရဲ့ အာရုံစူးစိုက်မှုတွေ ရရှိနိုင်မှာ သေချာပါတယ်။

ဒါ့ကြောင့် ကြားသိရတဲ့သတင်းတွေအရ vivo ချစ်သူတွေနဲ့ သုံးစွဲသူတွေအတွက် အံဝင်ခွင်ကျဖြစ်စေမယ့် ချောမွေ့တောက်ပြောင်တဲ့ဒီဇိုင်း သင့်တင့်တဲ့ ဈေးနှုန်းတစ်ခုနဲ့ မြန်မာနိုင်ငံဈေးကွက်ထဲကို အမြန်ဆုံးဝင်ရောက်လာနိုင်ပါတယ်။ V20 SE တရားဝင်မိတ်ဆက်ပွဲကိုလည်း မကြာခင်ကျင်းပသွားမယ်လို့လည်း သတင်းစကားတွေ ကြားသိရတာမို့ vivo ရဲ့ အထူးထုတ်လုပ်မှု (special edition) တစ်ခုလို့ တင်စားထားတဲ့ V20 SE က ဘယ်လို ပုံစံနဲ့ ထွက်ပေါ်လာမလဲဆိုတာ အားလုံးနဲ့အတူတူ စောင့်ကြည့်လိုက်ကြရအောင် …