· vivo V25 5G အား မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်နေ့မှ စတင်ကာ Pre-order မှာယူနိုင်မည် ဖြစ်ပါသည်

ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် မြန်မာနိုင်ငံတွင် V Series မှ နောက်ဆုံးပေါ်စမတ်ဖုန်းများဖြစ်သည့် V25နှင့် V25e အား စက်တင်ဘာ ၁၆ ရက်နေ့တွင် အောင်မြင်စွာမိတ်ဆက်ခဲ့ပါသည်။ အသစ်ထွက်ရှိထားသည့် V25 နှင့် V25e သည် စတိုင်ကျပြီး ကြော့ရှင်းလှပသော ဒီဇိုင်းများနှင့်အတူ ဆန်းသစ်သော အသုံးပြုသူအတွေ့အကြုံကို ပေးစွမ်းပါသည်။ V23 Series မှ အလွန်ရေပန်းစားခဲ့ပြီးနောက် vivo သည် နောက်တစ်ကြိမ် အသစ်ထွက်ရှိလာသော စမတ်ဖုန်းများမှတစ်ဆင့် အောင်မြင်မှုများထပ်မံ ရရှိဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါသည်။

V25 စမတ်ဖုန်းများသည် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သည့်အခါ ဆန်းသစ်သော အရောင်ပြောင်းလဲခြင်း Glass နည်းပညာ ပါဝင်သည့် စမတ်ဖုန်းတစ်လုံးအဖြစ် အသုံးပြုသူထံ ရောက်ရှိလာပါပြီ။ ထို့အပြင် စမတ်ဖုန်းတွင်အသုံးပြုသည့် Fluorite AG Glass သည် ကြယ်များကဲ့သို့ တောက်ပြောင်နေသည့် သေးငယ်သောပုံဆောင်ခဲများ အား ဖန်သားမျက်နှာပြင်ပေါ်တွင် အလှဆင် ဖန်တီးရန်အတွက် မော်လီကျူးနည်းပညာကို အသုံးပြုကာ ဖုန်းတစ်လုံးရဲ့ အလုံးစုံအသွင်အပြင်နှင့် လှပမှုကို မြှင့်တင်ပေးသည့် နည်းပညာတစ်ခုဖြစ်ပါသည်။ V25 စမတ်ဖုန်းများသည် ပေါ့ပါးပြီး စတိုင်ကျသောစမတ်ဖုန်းတစ်လုံးအနေနှင့် အသုံးပြုသူများအတွက် ချောမွေ့သောဒီဇိုင်းအား ပြားချပ်ချပ်ဘောင်ဖြင့် ပေါင်းစပ်ထားသောကြောင့် သုံးစွဲသူများ၏အာရုံကို ဖမ်းစားနိုင်ပြီး လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်စေမည့် ခေတ်ရှေ့ပြေး စမတ်ဖုန်းတစ်လုံးဖြစ်လာဖို့ ရည်ရွှယ်ပါသည်။

vivo Myanmar ၏ CEO ဖြစ်သည့် Mr. Nelson Ni မှ “ vivo သည် ဓာတ်ပုံပညာ၏ အရေးပါမှုကို တန်ဖိုးထား နားလည်သော အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နေတယ်။ V25 စမတ်ဖုန်းများမှတစ်ဆင့် အသုံးပြုသူများအား နောက်ဆုံးပေါ်ကင်မရာနှင့် ပုံရိပ်ဖော်နည်းပညာကို ပေးဆောင်ခြင်းဖြင့် သည် vivo ၏ ကတိကဝတ်အား ပြသလိုက်ခြင်းဖြစ်ပါတယ်။ နည်းပညာကို အရေးပေးထားသူများ၊ စတိုင်လ်ကျသော ခေတ်ရေစီးကြောင်းအား လိုက်ပါစီးနင်းသူများ နှင့် ဓာတ်ပုံရိုက်ဝါသနာရှင်များတို့အတွက် V25 စမတ်ဖုန်းများ သည် သူတို့ရဲ့ နေ့စဉ်လိုအပ်ချက်များ သို့မဟုတ် အလွန်မြင့်မားတဲ့ စွမ်းဆောင်ချက်များကို အပြည့်အဝလုပ်ဆောင်ပေးနိုင်မယ့် စံပြ စမတ်ဖုန်းတစ်လုံးဖြစ်လာမှာပါ။ V25 စမတ်ဖုန်းများကနေ သုံးစွဲသူ ပရိတ်သတ်များ အလွန်နှစ်သက်သဘောကျခဲ့သည့် V Series အတွေ့အကြုံကို ဗဟိုပြုကာ အကောင်းဆုံးအင်္ဂါရပ်များနှင့် ဘက်စုံအတွေ့အကြုံများ အပြင် ဆန်းသစ်သောကမ္ဘာ့အဆင့်မီနည်းပညာ နှင့်လှပသောဒီဇိုင်း ကို ပေးဆောင်နိုင်သည့် စက်ပစ္စည်းတစ်ခုဖြစ်လာရန် ကျွန်တော်တို့ မျှော်လင့်ပါသည်။” ဟုပြောကြားခဲ့ပါသည်။

V25 သည် အကောင်းဆုံးအခိုက်အတန့်များကို ဖမ်းယူနိုင်စေမည့် ထူးခြားသောကင်မရာအင်္ဂါရပ်များ ပါဝင်ပါသည်။ စမတ်ဖုန်းတွင် 64MP OIS Ultra Sensing Rear Camera ပါရှိပြီး သုံးစွဲသူများအား လှပသောဓာတ်ပုံများကိုရရှိမည့်အပြင် ကျောဘက်ကင်မရာတွင် Hybrid Image Stabilization နှင့်အတူ Optical Image Stabilization (OIS) နှင့် Electronic Image Stabilization (EIS) စွမ်းရည်များကို ပေါင်းစပ်ထားသောကြောင့် တုန်ခါမှုနည်းပါးပြီး ကွက်ကွက်ကွင်းကွင်းအသေးစိတ်ကျကျ ကြည်လင်ပြတ်သားသော ဗီဒီယိုများကို မှတ်တမ်းတင်နိုင်စေပါသည်။ ဒါ့အပြင် Dual Camera စနစ်နှင့် AI algorithm ကိုအသုံးပြုခြင်းဖြင့် နောက်ခံအလင်းရင်းမြစ်များအား အိပ်မက်ဆန်ဆန်မီး‌ရောင် များအဖြစ် ပြောင်းလဲကာ ရင်သပ်ရှုမောဖွယ် ပုံရိပ်များနှင့် ညဘက် ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံအား ရရှိစေသည့် Bokeh Flare Portrait ပါရှိသည်။

V25 5G တွင် 50 MP AF HD Portrait ရှေ့ကင်မရာ ပါ၀င်ပြီး အကောင်းဆုံး selfie အတွေ့အကြုံကို ပေးဆောင်ကာ ဓာတ်ပုံစံနှုန်းများကို မြှင့်တင်ပေးနိုင်ပါသည်။ V25 5G တွင် 6nm 5G Processor Dimensity 900 ပါ၀င်ပြီး အစွမ်းထက်သောစွမ်းဆောင်ရည်ဖြင့် ချောမွေ့စွာအသုံးပြုနိုင်မည် ဖြစ်ပါသည်။ 44W Flash Charge နှင့် ကြီးမားသော 4500mAh Battery ပါဝင်သောကြောင့် သုံးစွဲသူများသည် ဖုန်းအားကျဆင်းမှုသက်သာစွာဖြစ် နာရီအတော်ကြာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထို့အပြင်၊ ချောမွေ့သောအတွေ့အကြုံကို သေချာစေရန်၊ စမတ်ဖုန်းသည် လိုအပ်သည့်အခါတိုင်း 8GB အပို RAM ကိုပေးဆောင်သည့် Extended RAM 3.0 + 8GB အားလည်း ပံ့ပိုးပေးထားပါသည်။

စမတ်ဖုန်းအသစ်တစ်လုံးကို ဝယ်ယူလိုသူများအတွက် V25 5G အား Aquamarine Blue နှင့် Diamond Black အရောင်နှစ်မျိုးဖြင့်ရရှိနိုင်မည်ဖြစ်ပြီး 1,229,800 ကျပ် ဖြင့် စက်တင်ဘာလ 17 ရက်နေ့မှစတင်ပြီး Pre-order တင်ထားနိုင်ပါသည်။

Press Release – vivo