Vivo X21 ဟန္းဆက္ဟာ ကုမၸဏီအတြက္ အေရးပါတဲ့ မ်ဳိးဆက္တစ္ခုျဖစ္ျပီး In-Display Fingerprint ဆင္ဆာေတြရဲ႕ ပထမဆုံး မ်ဳိးဆက္မွာ အစိတ္အပိုင္းတစ္ခု အပါအဝင္ျဖစ္ပါတယ္။ အဲဒီေနာက္မွာ MediaTek သုံးစြဲထားတဲ့ Vivo X21i ကိုပါ ထပ္မံမိတ္ဆက္ခဲ့ေပမယ့္ X21 မိသားစုဝင္ေတြ မရပ္တန္႔ေသးဘူး ဆုိတာကို X21s ကိုပါ ထပ္မိတ္ဆက္ျပီး သက္ေသျပလိုက္တာပါပဲ။

Vivo ဟာ မူရင္းေမာ္ဒယ္နဲ႔ အမ်ားစုတူညီတဲ့ Vivo X21s ကို မိတ္ဆက္လိုက္ပါျပီ။ သူ႕မွာ မူရင္းဟန္းဆက္ လုိပဲ Snapdragon 660 Chipset, 6GB RAM မန္မုိရီနဲ႔ ေက်ာဘက္ 12MP+5MP ကင္မရာအစုံတုိ႔ ပါဝင္တယ္။ Display ရဲ႕ေအာက္မွာ ထည့္ထားတဲ့ In-Display Fingerprint ဆင္ဆာစနစ္လည္း မပ်က္မကြက္ ထည့္သြင္းထားပါတယ္။

အဓိက ကြာျခားမႈေတြက 3400mAh ဘကၳရီၾကီး၊ 24MP ဆယ္လ္ဖီကင္မရာတုိ႔နဲ႔အတူ Waterdrop Notch တစ္ခုနဲ႔ 6.41” လက္မအရြယ္ Full HD+ AMOLED မ်က္ႏွာျပင္တုိ႔ပါပဲ။ မူရင္း X21 မွာ 3200 mAh ဘကၳရီ၊ 12MP ဆယ္လ္ဖီကင္မရာနဲ႔ 6.28” လက္မ Screen တုိ႔ပဲ ပါဝင္ခဲ့တာပါ။ ဒါ့အျပင္ မူရင္း X21 မွာ Storage ပမာဏအျဖစ္ 64GB / 128GB ႏွစ္မ်ဳိး ေရြးခ်ယ္ႏုိင္ခဲ့ေသာ္လည္း ဖုန္းအသစ္မွာေတာ့ 128GB ေမာ္ဒယ္ တစ္မ်ဳိးပဲ ရမွာ ျဖစ္ပါတယ္။

စက္ႏွင္စနစ္ကေတာ့ Android 8.1 ကုိအေျခခံထားတဲ့ Vivo ရဲ႕ FunTouch OS ကိုသုံးစြဲရမွာျဖစ္ျပီး Android Pie ကိုေတာ့ မျမင္ရေသးပါဘူး။ Vivo X21s ဟာ တရုတ္ျပည္တြင္းမွာသာ ေလာေလာဆယ္ ရရွိႏုိင္ျပီး ေဒၚလာ ၃၆၀ ခန္႔နဲ႔ ညီမွ်တဲ့ ယြမ္ေငြ ၂၅၀၀ က်သင့္ပါတယ္။ ဒါဟာ In-Display Fingerprint ပါတဲ့ ဖုန္းေတြထဲမွာ ေစ်းခ်ဳိသာတယ္လို႔ ဆုိႏုိင္တယ္။ ႏုိင္ငံတကာေစ်းကြက္ကိုေတာ့ ဘယ္အခ်ိန္မွာ ဘယ္လိုနာမည္နဲ႔ ေရာက္လာမလဲ ဆုိတာကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref – Android Authority

Unicode

Vivo X21 ဟန်းဆက်ဟာ ကုမ္ပဏီအတွက် အရေးပါတဲ့ မျိုးဆက်တစ်ခုဖြစ်ပြီး In-Display Fingerprint ဆင်ဆာတွေရဲ့ ပထမဆုံး မျိုးဆက်မှာ အစိတ်အပိုင်းတစ်ခု အပါအဝင်ဖြစ်ပါတယ်။ အဲဒီနောက်မှာ MediaTek သုံးစွဲထားတဲ့ Vivo X21i ကိုပါ ထပ်မံမိတ်ဆက်ခဲ့ပေမယ့် X21 မိသားစုဝင်တွေ မရပ်တန့်သေးဘူး ဆိုတာကို X21s ကိုပါ ထပ်မိတ်ဆက်ပြီး သက်သေပြလိုက်တာပါပဲ။

Vivo ဟာ မူရင်းမော်ဒယ်နဲ့ အများစုတူညီတဲ့ Vivo X21s ကို မိတ်ဆက်လိုက်ပါပြီ။ သူ့မှာ မူရင်းဟန်းဆက် လိုပဲ Snapdragon 660 Chipset, 6GB RAM မန်မိုရီနဲ့ ကျောဘက် 12MP+5MP ကင်မရာအစုံတို့ ပါဝင်တယ်။ Display ရဲ့အောက်မှာ ထည့်ထားတဲ့ In-Display Fingerprint ဆင်ဆာစနစ်လည်း မပျက်မကွက် ထည့်သွင်းထားပါတယ်။

အဓိက ကွာခြားမှုတွေက 3400mAh ဘက္ထရီကြီး၊ 24MP ဆယ်လ်ဖီကင်မရာတို့နဲ့အတူ Waterdrop Notch တစ်ခုနဲ့ 6.41” လက်မအရွယ် Full HD+ AMOLED မျက်နှာပြင်တို့ပါပဲ။ မူရင်း X21 မှာ 3200 mAh ဘက္ထရီ၊ 12MP ဆယ်လ်ဖီကင်မရာနဲ့ 6.28” လက်မ Screen တို့ပဲ ပါဝင်ခဲ့တာပါ။ ဒါ့အပြင် မူရင်း X21 မှာ Storage ပမာဏအဖြစ် 64GB / 128GB နှစ်မျိုး ရွေးချယ်နိုင်ခဲ့သော်လည်း ဖုန်းအသစ်မှာတော့ 128GB မော်ဒယ် တစ်မျိုးပဲ ရမှာ ဖြစ်ပါတယ်။

စက်နှင်စနစ်ကတော့ Android 8.1 ကိုအခြေခံထားတဲ့ Vivo ရဲ့ FunTouch OS ကိုသုံးစွဲရမှာဖြစ်ပြီး Android Pie ကိုတော့ မမြင်ရသေးပါဘူး။ Vivo X21s ဟာ တရုတ်ပြည်တွင်းမှာသာ လောလောဆယ် ရရှိနိုင်ပြီး ဒေါ်လာ ၃၆၀ ခန့်နဲ့ ညီမျှတဲ့ ယွမ်ငွေ ၂၅၀၀ ကျသင့်ပါတယ်။ ဒါဟာ In-Display Fingerprint ပါတဲ့ ဖုန်းတွေထဲမှာ ဈေးချိုသာတယ်လို့ ဆိုနိုင်တယ်။ နိုင်ငံတကာဈေးကွက်ကိုတော့ ဘယ်အချိန်မှာ ဘယ်လိုနာမည်နဲ့ ရောက်လာမလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

Ref – Android Authority