vivo ဟာ မကြာခင်မှာ စျေးနှုန်းသက်သာတဲ့ Budget Y Series ဖုန်းအသစ်တစ်လုံးကို စျေးကွက်အတွင်းကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါက vivo Y36 4G လို့ နာမည်ပေးထားပြီး လာမယ့် မေလအတွင်းမှာ တရားဝင်မိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

အခုလိုမျိုး တရားဝင်မမိတ်ဆက်ခင်မှာ vivo Y36 4G ဖုန်းရဲ့ Specification အချို့က Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ ပေါက်ကြားလာခဲ့ပါတယ်။ vivo V36 4G ဖုန်းဟာ Model Number အနေနဲ့ V2247 ဖြစ်ပြီး Codename အနေနဲ့ “Bengal” လို့ အမည်ပေးထားမှာဖြစ်ပါတယ်။

Geekbench Website မှာ ပေါက်ကြားလာတဲ့သတင်းအရ vivo Y36 4G ဖုန်းဟာ Qualcomm Snapdragon 680 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး RAM 8GB ပါဝင်မှာဖြစ်ပါတယ်။ Performance ပိုင်းမှာ Single-Core Score 410 Points နဲ့ Multi-Core Score 1,343 Points အသီးသီးရရှိထားတာကြောင့် Budget ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အသင့်အတင့်ရှိမှာပါ။

Software ပိုင်းမှာ Android 13 OS ကို အခြေခံထားမှာဖြစ်ပြီး လက်ရှိထွက်ရှိထားတဲ့သတင်းတွေအရ vivo Y36 4G ဖုန်းဟာ 6.8″ 90Hz LCD Display ၊ 50MP Main Camera ၊​ 44W Fast Charging ပါဝင်တဲ့ 5000mAh Battery တွေအပြင် Side-mounted Fingerprint Sensor တွေပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ ဘယ်လောက်ရှိမလဲဆိုတာကို အတိအကျမသိရှိရသေးပေမယ့် vivo Y Series ဖုန်းဖြစ်တာကြောင့် Budget ဖုန်းတွေနဲ့ အဓိကယှဥ်ပြိုင်သွားမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China