မိမိတို့ရဲ့ ရင်သွေးငယ်များကို စမတ်ဖုန်း/တက်ဘလက်တို့ကိုအသုံးပြုစေခြင်းက ကောင်းကျိုးတွေကို မဖြစ်ပေါ်စေပါဘူး။ သားသမီးတွေ ငယ်ရွယ်စဉ်မှာ မထိန်းချင်တာက တစ်ကြောင်း ကလေးသူ့ဘာသူ အာရုံစူးစိုက်မှု တစ်ခုရနေစေရန် တစ်ကြောင်း ရည်ရွယ်၍ မိဘများက ဖုန်းပေးသုံးကြပါတယ်။

တချို့သော ကလေးတွေဟာ အသက်ရှစ်နှစ် ကိုးနှစ် အရွယ်နဲ့ သာမန်လူကြီးတစ်ယောက်ကဲ့သို့ ဖုန်းအသုံးပြုနေတတ်ပါပြီ။ သည်ကလေး အရွယ်ရောက်လာချိန်မှာ ပုံမှန် ဖွံ့ဖြိုးတဲ့ ကလေးထက် တချို့နေရာတွေမှာ အားနည်းချက် ဖြစ်ပေါ်လာပါတယ်။ လူကြီးများက စမတ်ဖုန်း စတင်အသုံးပြုခွင့်ပေးနိုင်တဲ့ အသက်အရွယ်ကတော့ ၁၃ နှစ်ဖြစ်ပါတယ်။

Adult Site များ ဝင်ရောက်ကြည့်ရှုခြင်း

သာမန်အရွယ်ရောက်လာတဲ့ ကလေးတစ်ယောက်ဟာ သဘာဝကို စူးစမ်းချင်မှာပါ။ ဒါပေမယ့် လူကြီးတွေက ဖုန်းထည့်ပေးထားရင် ငြိမ်နေတတ်တဲ့အကျင့်ကို လုပ်ပေးလိုက်တော့ အရွယ်မတိုင်ခင်မှာပဲ 18+ Adult Website တွေ ဝင်ရောက်ကြည့်ရှုတယ်လို့ စစ်တမ်းများက ဖော်ပြထားပါတယ်။

အန္တရာယ်ရဲ့သားကောင်ဖြစ်လာခြင်း

ခေတ်မီတာထက် ခေတ်လွန်သွားရင်တော့ မကောင်းပါဘူး။ ခုခေတ်ကလေးတွေဟာ ဖွံ့ဖြိုးကြီးထွားမှုအား ကောင်းကြပါတယ်။ မိမိတို့ရဲ့ အဖော်အချွတ်ပုံတွေကို တင်ခြင်းက မသမာသူတွေရဲ့အကြံအစည်ထဲကို ကိုယ်တိုင်ပစ်ဝင်လိုက်သလိုပါပဲ။ အွန်လိုင်းမှာ ခင်ပြီး အပြင်မှာချိန်းတွေ့တော့မှ ဆေးခပ်တိုက်တာ။ ဖုန်းတွေပိုက်ဆံအိတ်တွေ တစ်ပတ်လှည့် ယူသွားတာ စတဲ့သတင်းတွေ မကြာခဏ ကြားရမှာပါ။ သင်တို့သားသမီးတွေရဲ့ မတင်သင့်တဲ့ပုံတွေ Online မှာ ပျံ့လာရင် ကာယကံရှင်ရော သူတို့ရဲ့ပတ်ဝန်းကျင်မှာပါ နာမည်ပျက်တဲ့အပြင် ကိုယ်တိုင်ကလည်း တပါးသူရဲ့လက်အောက် ကျရောက်သွားမှာဖြစ်ပါတယ်။

Cyber Bullying 

ဆုံးဖြတ်ဝေဖန်နိုင်စွမ်း အားနည်းသေးတဲ့ ကလေးတစ်ယောက်ဟာ Online မှာ အမှုမဲ့ အမှတ်မဲ့ စာတွေ ပုံတွေ တင်မိနိုင်ပါတယ်။ ဒါကို အခွင့်ကောင်းယူဖို့ စောင့်နေတဲ့ လူတွေလည်း ဒုနဲ့ဒေးပါ။ အဲ့ဒီတော့ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ အနိုင်ကျင့်ခံရမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ Social Network မှတဆင့် အနိုင်ကျင့်ခံရခြင်းဟာ မိမိကိုယ်ကို သတ်သေတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဦးနှောက်စွမ်းရည်လျော့ကျခြင်း။ 

ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ ငယ်ရွယ်စဉ်မှာ ရေဓာတ်ပါဝင်မှု အရမ်းများပါတယ်။ ဖုန်းကို အာရုံစူးစိုက်နေရတဲ့အခါမှာ အမြင်အာရုံကြောင့်သော်လည်းကောင်း ဖုန်းကထွက်လာတဲ့ Radiation ကြောင့်သော်လည်းကောင်း ရေဓာတ်ခမ်းခြောက်တတ်ပါတယ်။ ဒါကြောင့် ဖုန်းသုံးချိန်ကြာလာတာနဲ့အမျှ အာရုံကြော အားနည်းပြီး ခေါင်းမူးလာခြင်း ဖြစ်ပါတယ်။ နောက်ပြီး အာရုံကြော Cell လေးတွေကို တစ်ခုချင်းဖုံးအုပ်ပေးထားတဲ့ အလွှာလေးတွေကလည်း ပျက်စီးလာပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှု လျော့ကျသွားပြီး Brain Tumor လို့ခေါ်တဲ့ ဦးနှောက်အကျိတ်ဟာ အသက် ခြောက်နှစ်လောက်က စပြီး ဖုန်းသုံးတဲ့ကလေးတွေ ပိုအဖြစ်များတယ်လို့ သိရပါတယ်။