Xiaomi ကနေ မကြာခင်မှာ Mi 10 Series Flagship စမတ်ဖုန်းတွေကို မိတ်ဆက်တော့မှာဖြစ်ပေမယ့် Launch Date ကိုတော့ တရားဝင် ပြောကြားခဲ့ခြင်းမရှိသေးပါဘူး။ လောလောဆယ်သိရှိရထားတဲ့သတင်းတွေအရတော့ Xiaomi ကနေ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အခုလိုမျိုး တရားဝင်မိတ်ဆက်မယ့်အချိန်ထွက်ပေါ်ခြင်းမရှိသေးပေမယ့် Teaser ဓါတ်ပုံနဲ့ Promo ဓါတ်ပုံတွေကတော့ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံတွေကနေ Xiaomi Mi 10 Series တွေရဲ့ Back Design နဲ့ Front Design တွေကိုပါ အတည်ပြုနိုင်သွားပါပြီ။

Xiaomi Mi 10 Series ဟာ ကျောဘက် Design အနေနဲ့ကတော့ အစောပိုင်းမှာမိတ်ဆက်ထားခဲ့တဲ့ Mi Note 10 ဖုန်းလိုမျိုးပဲ Quad Camera Setup Design ကို အသုံးပြုထားတာဖြစ်ပါတယ်။ Display ပိုင်းမှာလည်း Curved Display ကိုပဲ အသုံးပြုထားတဲ့အပြင် Mi Note 10 နဲ့မတူညီတဲ့အချက်က Waterdrop Notch အစား Display ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole Selfie Camera ပါဝင်မှာပါ။

Color တွေအနေနဲ့တော့ Blue နဲ့ Green ကို ဖော်ပြထားခဲ့ပြီး တခြား Black နဲ့ White လိုမျိုး အရောင်တွေကိုလည်း ရရှိလာနိုင်ပါတယ်။

Xiaomi Mi 10 Series စမတ်ဖုန်းတွေက Qualcomm Snapdragon 865 Processor ကိုအသုံးပြုလာမယ့်အပြင် LPDDR5 RAM ကိုလည်း ပထမဆုံးအနေနဲ့ အသုံးပြုလာမှာဖြစ်ပြီး အမြင့်ဆုံး RAM 16GB နဲ့ 512GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့လည်း 108MP Quad Camera Setup အပြင် Display ပိုင်းမှာလည်း 120Hz Refresh Rate ကို Support လုပ်မှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ တော်တော်လေးကို ကောင်းမွန်တဲ့ဖုန်းတွေဖြစ်လာမှာပါ။

Ref – Gizmo China