Xiaomi က တရုတ်မှာ Mi Router 4 Pro ကို ကြေညာလိုက်ပြီး ၂၀၁၈ ခုနှစ်ထုတ် Mi Router 4 ရဲ့ မျိုးဆက်ဖြစ်ပါတယ်။ ဈေးကလည်း တူပြီး ၁၉၉ ယွမ် သတ်မှတ်ထားတဲ့အတွက် မြန်မာငွေ ၃၈,၀၀၀ လောက်ပဲရှိပါတယ်။ WiFi 6 ထွက်နေပြီ ဖြစ်ပေမယ့် User တော်တော်များများက ကုန်ကျစားရိတ် သက်သာတဲ့ WiFi 5 ကိုပဲ သုံးချင်ကြပါတယ်။ အဲဒီအတွက် Xiaomi က Mi Router 4 Pro မှာ WiFi 5 ပဲ ထည့်ပေးထားပါတယ်။

Mi Router 4 နဲ့ Pro Version တွေဟာ ဈေးတူကြပေမယ့် မော်ဒယ်အသစ်မှာ  တိုးတက်မှုတချို့ ပါလာပါတယ်။ မော်ဒယ် အဟောင်းမှာ အန်တင်နာ ၄ ခုနဲ့ မော်ဒယ် အသစ်မှာ အန်တင်နာ ၅ ခု ထည့်သွင်းထားပါတယ်။ Pro ရဲ့ အမြန်နှုန်းဟာ 1317Mbps ရှိလာပြီး အရင်မျိုးဆက်ရဲ့ 1167Mbps ထက် ပိုမြန်လာပါတယ်။ Pro မှာ Dual Band Frequency (2.4GHz နဲ့ 5Ghz ) တွေ ထောက်ပံ့ထားပြီး စွမ်းရည်မြင့် Signal Amplifiers (PA+LNA) ထည့်ထားပါတယ်။ လိုင်းဆွဲအားလည်း ပိုကောင်းလာပါတယ်။

Mi Router 4 Pro မှာ Qualcomm Processor ပါလာပြီး Gigabit Ethernet Port နဲ့ Gigabit Dual Band WiFi Data ထောက်ပံ့ထားပါတယ်။ 128MB Memory ထည့်ထားပြီး Device ၁၂၈ လုံး တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။ Xiaomi Mijia App နဲ့ Sync လုပ်နိုင်ပါတယ်။

Ref : gizmochina