Zawgyi

Xiaomi အေနနဲ႔ Poco brand ခြဲရဲ႕ ပထဦးဆုံး စမတ္ဖုန္းျဖစ္တဲ့ Poco F1 ကို အိႏၵိယႏိုင္ငံမွာ မေန႔က မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ မိတ္ဆက္ပြဲကို Google ရဲ႕ အလုပ္အမႈေဆာင္ေဟာင္းနဲ႔အတူ Xiaomi ရဲ႕ Product Manager ျဖစ္သူ Jai Mani တို႔က ဦးေဆာင္ က်င္းပခဲ့တာ ျဖစ္ပါတယ္။

Poco F1 ဟာ LiquidCool နည္းပညာပါဝင္တဲ့ Snapdragon 845 SoC နဲ႔အတူ ပြဲထြက္လာခဲ့တဲ့ စမတ္ဖုန္းျဖစ္ပါတယ္။ RAM အေနနဲ႔ 6GB ဒါမွမဟုတ္ 8GB ဆိုၿပီး ၂မ်ိဴးေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္သလို Memory Storage ကိုလည္း 64GB, 128GB နဲ႔ 256GB ဆိုၿပီး ၃မ်ိဴး ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ ၆.၁၈ လက္မ မ်က္ႏွာျပင္အက်ယ္ရွိ LCD Display ကိုအသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2246 pixels ပါဝင္မွာ ျဖစ္ပါတယ္။ ေနာက္ေက်ာဘက္ ကင္မရာအတြက္ 12MP+5MP Dual Camera Setup ကို ေဒါင္လိုက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 20MP Camera ကို တပ္ဆင္ထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 4000mAh ထည့္သြင္းထားၿပီး USB Type C, 18W Quick Charge 3.0 အျမန္အားသြင္းစနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Poco F1 ဟာ Android 8.1 Oreo ကို အေျခခံထားတဲ့ MIUI 9.6 နဲ႔ ပြဲထြက္လာခဲ့တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ မၾကာခင္မွာ MIUI 10 ကို Update ျပဳလုပ္ႏိုင္မွာ ျဖစ္သလို Android P Update ကိုလည္း ရရွိမယ္လို႔ Xiaomi က ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ Poco F1 မွာ အသုံးျပဳထားတဲ့ MIUI ဟာ Speed ကို အသားေပးၿပီး Customized ျပဳလုပ္ထားတာ ျဖစ္တဲ့အတြက္ Stock Android UI နဲ႔ ဆင္တူတယ္လို႔ သိရပါတယ္။

Poco F1 ရဲ႕ 6GB RAM/ 64GB Storage ေမာ္ဒယ္ကို အိႏၵိယေငြ ၂၀,၉၉၉ ႐ူပီး (ျမန္မာေငြ ၄သိန္းခြဲ ဝန္းက်င္)၊ 6GB RAM/ 128GB Storage ေမာ္ဒယ္ကို အိႏၵိယေငြ ၂၃,၉၉၉ ႐ူပီး (ျမန္မာေငြ ၅၂၀,၀၀၀ ဝန္းက်င္)၊ 8GB RAM/ 256GB Storage ေမာ္ဒယ္ကို အိႏၵိယေငြ ၂၈,၉၉၉ ႐ူပီး (ျမန္မာေငြ ၆၂၅,၀၀၀ ဝန္းက်င္) နဲ႔ အိႏၵိယႏိုင္ငံမွာ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Poco F1 ရဲ႕ ေနာက္ေက်ာဘက္ Panel ကို Polycarbonate နဲ႔ ျပဳလုပ္ထားတာ ျဖစ္ၿပီး အေရာင္ေတြအေနနဲ႔ Rosso Red, Steel Blue နဲ႔ Graphite Black ဆိုၿပီး အေရာင္ ၃မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ Poco F1 ကို ၾသဂုတ္လ ၂၇ရက္ေန႔မွာ ေဟာင္ေကာင္၊ ဂ်ာကာတာ နဲ႔ ပဲရစ္ၿမိဳ႕ေတြမွာ ထပ္မံ မိတ္ဆက္ေပးသြားမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကိုလည္း မၾကာခင္ေရာက္ရွိလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref:gadgets.ndtv

Unicode

LiquidCool နည်းပညာ၊ ပြောင်းလဲမှုများ ပြုလုပ်ထားတဲ့ Poco MIUI အသစ်တွေနဲ့ ပွဲထွက်လာခဲ့တဲ့ Poco F1

Xiaomi အနေနဲ့ Poco brand ခွဲရဲ့ ပထဦးဆုံး စမတ်ဖုန်းဖြစ်တဲ့ Poco F1 ကို အိန္ဒိယနိုင်ငံမှာ မနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲကို Google ရဲ့ အလုပ်အမှုဆောင်ဟောင်းနဲ့အတူ Xiaomi ရဲ့ Product Manager ဖြစ်သူ Jai Mani တို့က ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Poco F1 ဟာ LiquidCool နည်းပညာပါဝင်တဲ့ Snapdragon 845 SoC နဲ့အတူ ပွဲထွက်လာခဲ့တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ RAM အနေနဲ့ 6GB ဒါမှမဟုတ် 8GB ဆိုပြီး ၂မျိူးရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်သလို Memory Storage ကိုလည်း 64GB, 128GB နဲ့ 256GB ဆိုပြီး ၃မျိူး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ၆.၁၈ လက်မ မျက်နှာပြင်အကျယ်ရှိ LCD Display ကိုအသုံးပြုထားပြီး Resolution ကတော့ 1080 x 2246 pixels ပါဝင်မှာ ဖြစ်ပါတယ်။ နောက်ကျောဘက် ကင်မရာအတွက် 12MP+5MP Dual Camera Setup ကို ဒေါင်လိုက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 20MP Camera ကို တပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh ထည့်သွင်းထားပြီး USB Type C, 18W Quick Charge 3.0 အမြန်အားသွင်းစနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Poco F1 ဟာ Android 8.1 Oreo ကို အခြေခံထားတဲ့ MIUI 9.6 နဲ့ ပွဲထွက်လာခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ မကြာခင်မှာ MIUI 10 ကို Update ပြုလုပ်နိုင်မှာ ဖြစ်သလို Android P Update ကိုလည်း ရရှိမယ်လို့ Xiaomi က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Poco F1 မှာ အသုံးပြုထားတဲ့ MIUI ဟာ Speed ကို အသားပေးပြီး Customized ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် Stock Android UI နဲ့ ဆင်တူတယ်လို့ သိရပါတယ်။

Poco F1 ရဲ့ 6GB RAM/ 64GB Storage မော်ဒယ်ကို အိန္ဒိယငွေ ၂၀,၉၉၉ ရူပီး (မြန်မာငွေ ၄သိန်းခွဲ ဝန်းကျင်)၊ 6GB RAM/ 128GB Storage မော်ဒယ်ကို အိန္ဒိယငွေ ၂၃,၉၉၉ ရူပီး (မြန်မာငွေ ၅၂၀,၀၀၀ ဝန်းကျင်)၊ 8GB RAM/ 256GB Storage မော်ဒယ်ကို အိန္ဒိယငွေ ၂၈,၉၉၉ ရူပီး (မြန်မာငွေ ၆၂၅,၀၀၀ ဝန်းကျင်) နဲ့ အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Poco F1 ရဲ့ နောက်ကျောဘက် Panel ကို Polycarbonate နဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး အရောင်တွေအနေနဲ့ Rosso Red, Steel Blue နဲ့ Graphite Black ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Poco F1 ကို သြဂုတ်လ ၂၇ရက်နေ့မှာ ဟောင်ကောင်၊ ဂျာကာတာ နဲ့ ပဲရစ်မြို့တွေမှာ ထပ်မံ မိတ်ဆက်ပေးသွားမှာဖြစ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်း မကြာခင်ရောက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

Ref:gadgets.ndtv