Zawgyi
Ref: gizmochina
Unicode
မနက်ဖြန် မိတ်ဆက်မယ့် Xiaomi Poco F1 ရဲ့ စျေးနှုန်းနဲ့ Specs များ (Rumors)
Xiaomi အနေနဲ့ Poco F1 ကို သြဂုတ်လ ၂၂ရက်နေ့မှာ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Poco က Xiaomi ရဲ့ Brand ခွဲ တစ်ခုဖြစ်သလို F1 ကလည်း Poco Brand ရဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ Poco Brand ဟာ Huawei ရဲ့ Honor လိုမျိူး စျေးသက်သာတဲ့ Flagship စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
Poco F1 ရဲ့ Display အပိုင်းအတွက် ၆.၁၈ လက်မ မျက်နှာပြင် အကျယ်ရှိ FHD+ LCD Display ကိုအသုံးပြုထားနိုင်ပါတယ်။ Processor အပိုင်းအတွက် Snapdragon 845 SoC ကို အသုံးပြုထားမှာ ဖြစ်ပြီး RAM အနေနဲ့ 6GB ဒါမှမဟုတ် 8GB ပါဝင်မယ်လို့ သိရပါတယ်။ Memory Storage ကိုတော့ 64GB, 128GB နဲ့ 256GB ဆိုပြီး ၃မျိူး ထုတ်လုပ်ထားနိုင်ဖွယ် ရှိပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh ပါဝင်ပြီး Quick Charge 3.0 အမြန်အားသွင်းစနစ် ပါဝင်နိုင်ပါတယ်။ ကင်မရာအတွက် 12MP+5MP Camera တွေကို တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 20MP Camera ကို တပ်ဆင်ထားနိုင်ပါတယ်။
Poco F1 ရဲ့ 64GB Storage + 6GB RAM မော်ဒယ်ကို အိန္ဒိယငွေ ၂၂၀၀၀ ရူပီး ဝန်းကျင် ( မြန်မာငွေ ၄၇၀,၀၀၀ ဝန်းကျင်) , 128GB Storage + 6GB RAM မော်ဒယ်ကို အိန္ဒိယငွေ ၂၅၀၀၀ ရူပီး ဝန်းကျင် (မြန်မာငွေ ၅၃၀,၀၀၀ ဝန်းကျင်), 256GB Storage + 8GB RAM မော်ဒယ်ကို အိန္ဒိယငွေ ၂၉၀၀၀ ရူပီး ဝန်းကျင် (မြန်မာငွေ ၆၂၀,၀၀၀ ဝန်းကျင်) နဲ့ အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
Ref: gizmochina