Xiaomi ကနေ အခုအချိန်မှာ Mi 10 Series နဲ့ Redmi K30 Pro ဖုန်းတွေအတွက် Android 11 Stable ကို အခြေခံထားတဲ့ MIUI 12 Beta Update တွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Android 11 Update ကို ရရှိလာမယ့် စမတ်ဖုန်းတွေကို ကြေညာခဲ့ပါတယ်။

အဆိုပါ ဖုန်းတွေကတော့ Mi CC9 Pro ၊ Redmi K20 နဲ့ Redmi K30 ဖုန်းတွေပဲဖြစ်ပါတယ်။ အခုလောလောဆယ်မှာ အဆိုပါ စမတ်ဖုန်းတွေအတွက် Beta Update တွေကို နောက်ဆုံး MIUI 20.9.21 ကိုပဲ ပေးထားပြီးတော့ ဆိုင်းငံ့လိုက်ပြီလို့ သိရပါတယ်။ အခုလိုမျိုး ဆိုင်းငံ့လိုက်တာကလည်း Android 11 Beta Update အတွက် ပြင်ဆင်နေတာကြောင့်လို့ ပြောကြားခဲ့ပါတယ်။

Xiaomi ဟာ လောလောဆယ်မှာ MIUI 12 ကို Device တွေအကုန်လုံးနီးပါးအတွက် Update ထုတ်ပေးနေတယ်ဆိုပေမယ့်လည်း ဖုန်းအမျိုးအစားပေါ်မှုတည်ပြီးတော့ Android OS Version ကတော့ ကွာခြားမှာဖြစ်ပါတယ်။ ဥပမာ Redmi Note 8 Pro နဲ့ Pocophone F1 တို့ဆိုရင် Android OS Update အစား MIUI 12 Update ကိုပဲ ရရှိမှာဖြစ်ပါတယ်။

အခုလိုမျိုး Mi CC9 Pro ၊ Redmi K20 နဲ့ Redmi K30 ဖုန်းတွေအတွက် Android 11 Beta Update ကို ထုတ်ပေးတော့မှာဖြစ်တဲ့ Global Version တွေဖြစ်တဲ့ Mi Note 10 ၊ Mi Note 10 Pro ၊ Mi 9T ၊ Poco X2 လိုမျိုး ဖုန်းတွေပါ နောက်ပိုင်းမှာ Android 11 Update ကို ရရှိလာဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း ပုံမှန် Global Version Update ကတော့ China Version ထက် လပိုင်းလောက်နောက်ကျမှာပဲဖြစ်ပါတယ်။

Xiaomi ကတော့ ဘယ်အချိန်မှာ Android 11 Beta Update ကို စတင်ထုတ်ပေးမလဲဆိုတာကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိပေမယ့် Redmi K20 ၊ K30 Series နဲ့ Mi CC9 Pro သုံးနေတဲ့သူတွေအတွက်ကတော့ သတင်းကောင်းတစ်ခုဖြစ်မှာပါ။

Ref – Notebook Check