Xiaomi ဟာ လက်ရှိအချိန်မှာ Flagship Series ဖုန်းတွေမှာ Charger ထည့်သွင်းရောင်းချခြင်းမရှိတော့တာ အချိန်တစ်ခုရှိနေပြီဖြစ်ပါတယ်။ နောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Xiaomi ဟာ Redmi Series ဖုန်းတွေမှာလည်း Charger ကို ထည့်သွင်းရောင်းချတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဘာကြောင့်လဲဆိုရင် Xiaomi ကနေ India နိုင်ငံအတွက် နောက်ဆုံးမိတ်ဆက်ခဲ့တဲ့ Redmi Note 11SE စမတ်ဖုန်းမှာ စတင်ပြီး ဖုန်းရဲ့ Packaging ဘူးထဲမှာ Charger ကို ဖြုတ်ပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒါက ပထဆုံးသော Charger ပါဝင်ခြင်းမရှိတဲ့ Redmi ဖုန်းဖြစ်လာသလို နောက်ပိုင်းမှာလည်း Charger ကို ထည့်သွင်းရောင်းချတော့မှာမဟုတ်ပါဘူး။

လောလောဆယ်မှာတော့ Xiaomi ဟာ Redmi Note 11SE ဖုန်းမှာပဲ Charger ကို ဖြုတ်ထားသေးပြီး တခြားသော မိတ်ဆက်ထားပြီးဖြစ်တဲ့ Redmi ဖုန်းတွေမှာပါ Charger ကို ဖြုတ်ချသွားမလားဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် Xiaomi ကနေ အခုလိုမျိုး Charger မပါဘဲရောင်းချတာက India လိုမျိုး Global စျေးကွက်အတွက်ပဲလား၊ China စျေးကွက်မှာပါ Charger မပါဘဲ ရောင်းချသွားမလားဆိုတာကိုလည်း ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ကနေ iPhone 12 Series ဖုန်းတွေမှာ စတင်ပြီး Charger ကို ဖြုတ်လာတာကနေ အခုအချိန်မှာ စမတ်ဖုန်းတွေအကုန်လုံးနီးပါး Charger ကို ထည့်သွင်းရောင်းချခြင်းမရှိတော့ဘဲ သီးသန့်အနေနဲ့ပဲ ပြောင်းလဲရောင်းချနေပြီဖြစ်ပါတယ်။

Ref – GSM Arena