Xiaomi က တရုတ်မှာ Smart Band 8 Pro ကို ကြေညာလိုက်ပြီး ဒီနှစ် အစောပိုင်းက မိတ်ဆက်ခဲ့တဲ့ Xiaomi Smart Band 8 ရဲ့ အရွယ်ကြီး မော်ဒယ် ဖြစ်ပါတယ်။ Smart Band 8 Pro ဟာ Fitness Band နဲ့ စမတ်နာရီကို ပေါင်းစပ်ထားတာလို့ ပြောနိုင်ပါတယ်။

Xiaomi Pad 6 Max debuts with 14'' display and SD 8+ Gen 1, Smart Band 8 Pro also unveiled

Xiaomi Smart Band 8 Pro မှာ 1.74” AMOLED 336x480p လေးထောင့်မျက်နှာပြင် တပ်ဆင်ထားပြီး 60Hz Refresh Rate, 600 nits Peak Brightness , Always-on Display နဲ့ 16.7 Million Color တွေ ပါပါတယ်။ Home Screen မှာ Customize လုပ်နိုင်တဲ့ Widgets တွေ ထည့်သွင်းထားပြီး ရေအနက် ၅ မီတာအထိ ဝတ်ဆင်နိုင်ပါတယ်။

နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏ၊ အိပ်စက်မှု အခြေအနေနဲ့ အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝိုင်းကို တွက်ချက်ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကို တိုင်းတာပေးနိုင်ပြီး အသက်ရှူလေ့ကျင့်ခန်းတွေ သင်ပြပေးနိုင်ပါတယ်။ Sports Mode ပေါင်း ၁၅၀ ကျော် ပါလာပါတယ်။

Xiaomi Pad 6 Max debuts with 14'' display and SD 8+ Gen 1, Smart Band 8 Pro also unveiled

Voice Assistant ထည့်သွင်းထားပြီး တခြား Xiaomi Device တွေကို ထိန်းချုပ်နိုင်ပါတယ်။ စမတ်ဖုန်းက ကင်မရာ၊ သီချင်း၊ ဓါတ်မီးတွေကို ထိန်းချုပ်နိုင်ပြီး Notification တွေကို ပြသပေးနိုင်ပါတယ်။ တစ်ခါအားသွင်းထားရင် ၁၄ ရက် အသုံးခံတဲ့ 297mAh Battery ပါလာပါတယ်။

လက်ပတ်ကြိုး အရောင်များစွာနဲ့ အမျိုးအစားများစွာ ထုတ်လုပ်ထားပါတယ်။ TPU လက်ပတ်ကြိုးအတွက် Black နဲ့ Coconut Ash အရောင် ထုတ်လုပ်ထားပြီး ၅၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။ သားရေလက်ပတ်ကြိုးအတွက် Harbor Blue အရောင် ထုတ်လုပ်ထားပြီး ၆၁ ဒေါ်လာ ကျသင့်ပါတယ်။ တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။

Ref : gizmochina