Xiaomi က နိုင်ငံတကာအတွက် Redmi Buds 4 Active ကို ကြေညာလိုက်ပြီး အရင်မျိုးဆက် Redmi Buds 4 ထက် တိုးတက်မှုများစွာ ပါလာပါတယ်။

Redmi Buds 4 Active

Buds 4 Active မှာ 12mm Drivers ထည့်သွင်းထားပြီး အရင်မျိုးဆက်ရဲ့ 10mm Drivers ထက် အများကြီး တိုးတက်လာပါတယ်။ ဒါပေမယ့် Buds 4 Active ဟာ Active Noise Cancellation Option အပိုင်းမှာ အားနည်းသွားပါတယ်။ မူလ Buds 4 မှာ Active Noise Cancellation , Normal နဲ့ Transparent Modes for Ambient Sound ပါလာပြီး Buds 4 Active မှာ Active Noise Cancellation နဲ့ Normal Mode တွေပဲ ထည့်ထားပါတယ်။ Redmi Buds 4 Active မှာ IPX4 နဲ့ Buds 4 မှာ IPX5 ရေစိုခံစနှုန်းတွေ ပါပါတယ်။

Redmi Buds 4 Active မှာ ဒီဇိုင်းကို ကွဲပြားအောင် ပြုလုပ်ထားပြီး Earbuds က ပိုကြီးလာကာ Charging Case က ပိုလုံးဝိုင်းလာပါတယ်။ Charging Case က ဘက်ထရီနဲ့ ပေါင်းရင် နားကြပ်ကို ၂၈ နာရီအထိ သုံးနိုင်ပါတယ်။ နားကြပ်က ဘက်ထရီနဲ့ပဲ ဆိုရင် ၁ ခါအားသွင်းထားရင် ၅ နာရီ သီချင်းနားထောင်နိုင်ပါတယ်။

Redmi Buds 4 Active

Redmi Buds 4 Active ကို ၁၀ မိနစ်အားသွင်းရင် ၂ နာရီ သီချင်းနားထောင်နိုင်ပါတယ်။ နားကြပ်မှာ Bluetooth 5.3 နဲ့ Google Fast Pair ပါပြီး Touch Controls များစွာ သုံးနိုင်ပါတယ်။ Charging Case ပါပါရင် အလေးချိန်က ၄၂ ဂရမ် ရှိပြီး Case မှာ 440mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ အနက်ရောင် ၁ မျိုးထဲ ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို ကုမ္ပဏီက မပြောသေးပါဘူး။

Ref: gizmochina