Xiaomi ဟာ တရုတ်ရဲ့ ကားထုတ်လုပ်တဲ့ နယ်ပယ်ထဲကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ဝင်ရောက်လာနေပါတယ်။ Xiaomi ဟာ လျှပ်စစ်ကား နယ်ပယ်မှာ ပြိုင်ဖက်များစွာနဲ့ ယှဉ်ပြိုင်ရမှာပါ။ Apple နဲ့ Sony တို့လို နည်းပညာ ကုမ္ပဏီကြီးတွေကလည်း ကားထုတ်လုပ်ဖို့ ကြိုးစားနေကြပြီး Sony ဟာ Honda နဲ့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကား နမူနာမော်ဒယ်ကိုတောင် ပြသထားပြီးပါပြီ။

Xiaomi's first EV car preponed for a 2024 launch - TechGoing

First Financial Daily က Xiaomi ရဲ့ ကားစက်ရုံ တည်ဆောက်မှုကို အဆင့် ၂ ခု ခွဲခြားထားတယ်လို့ ပြောပါတယ်။ အဆင့် ၁ ကို ၂၀၂၂ ခုနှစ် ဧပြီလမှာ စတင်ခဲ့ပြီး ၇၂၀,၀၀၀ စတုရန်း မီတာ ကျယ်ဝန်းကာ ၂၀၂၃ ခုနှစ် ဇွန်လမှာ အပြီးတည်ဆောက်မှာပါ။ အဆင့် ၂ ကို ၂၀၂၄-၂၀၂၅ ခုနှစ်မှာ တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။

အဲဒီ စက်ရုံမှာ အဆောက်အဦး ၄ ခုနဲ့ ခေတ်မီ စမ်းသပ်တဲ့ စက်ရုံ ၁ ခု ပါမှာ ဖြစ်ပြီး နှစ်စဉ် ကားအစီးရေ ၁၅၀,၀၀၀ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီ စက်ရုံကို ဇွန်လ ၁၂ ရက်နေ့မှာ စစ်ဆေးပြီးပါပြီ။ Xiaomi ရဲ့ ကားကို ရာသီဥတု အခြေအနေအမျိုးမျိုးမှာ အကြိမ်များစွာ စမ်းသပ်မောင်းနှင်တာကို တွေ့ခဲ့ကြပြီးပါပြီ။

Xiaomi's electric car (EV) set to roll off production lines by 2024! - xiaomiui

Xiaomi ကားစက်ရုံဟာ ဘေဂျင်းရဲ့ Yizhuang ခရိုင်မှာ တည်ရှိပြီး Tongyi လမ်း ကနေ Huanjing West First လမ်းအထိနဲ့ Jingsheng South Fourth လမ်း ကနေ Yitong လမ်းအထိ ကျယ်ပြန့်ပါတယ်။

Xiaomi CEO Lei Jun က ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ကား အမြောက်အများ စတင် ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားပြီး ကမ္ဘာ့ ထိပ်တန်း ကား ထုတ်လုပ်သူ ၅ ခုထဲ ပါဝင်လာဖို့ ရည်မှန်းထားပါတယ်။

Ref : gizmochina