Zawgyi Font Version

OnePlus 6T အေၾကာင္း Rumors ေတြ Leak ေတြကိုပလူပ်ံေအာင္ ကြ်န္ေတာ္တို႔ေျပာဆို ေဆြးေႏြးခဲ့ၾကတယ္။ တစ္ခ်ိဳ႕ကလည္း Waterdrop Notch ပါမယ္ေျပာတယ္။ တစ္ခ်ိဳ႕ကလည္း ေနာက္ေက်ာဘက္ Camera သံုးလံုးနဲ႔လာမယ္ေျပာတယ္။ တစ္ခ်ိဳ႕ကလည္း Snapdragon 855 ပါမယ္ေျပာၾကတယ္။ အမွန္ေတာ့အဆိုပါ Feature ေတြဟာ ခန္႔မွန္းသူေတြလိုခ်င္တဲ့၊ ပါဝင္ေစခ်င္တဲ့ Feature ေတြသာျဖစ္ျပီး OnePlus 6T နဲ႔ပက္သက္ျပီး ဘယ္သူ႔မွေသခ်ာမသိရွိေသးပါဘူး။ ေသခ်ာတာတစ္ခုကေတာ့ OnePlus 6T ကို ပြဲမထုတ္ခင္ စမ္းသပ္အသံုးျပဳႏိုင္မယ္ဆိုတာပါပဲ။

ဒီေန႔မွာပဲ OnePlus ကေန “The Lab” ဆိုတဲ့အစီအစဥ္ေလးကိုစတင္ခဲ့ျပီး OnePlus 6T ကိုပြဲမထုတ္ခင္ လူဆယ္ေယာက္ကိုအစမ္းေပးသံုးေစမယ္လို႔သိရပါတယ္။ The Lab Program ကို OnePlus Fan မွန္ရင္ ရင္းႏွီးေနမွာပါ။ OnePlus 5T တုန္းကလည္း The Lab Program ကိုျပဳလုပ္ေပးခဲ့ျပီး Review Unit ရရွိခဲ့တဲ့ လူအမ်ားစုကေတာ့Youtube ကနာမည္ၾကီး Reviewer ေတြပါ။ အခုထြက္ရွိမယ့္ OnePlus 6T ကို ပြဲထုတ္မယ့္အခ်ိန္နဲ႔အမွီျပဳလုပ္ေပးႏိုင္ဖို႔အတြက္ ဒီအစီအစဥ္ကိုျပဳလုပ္တာျဖစ္ျပီး Reviewer ေတြအတြက္ အဓိက ရည္ရြယ္တာမို႔လို႔ သာမာန္အသံုးျပဳသူေတြအတြက္ေတာ့ Review Unit ရွိဖို႔မလြယ္ကူပါဘူး။ The Lab Program မွာ စားရင္းသြင္းခ်င္ရင္ေတာ့ OnePlus Site ကေနတစ္ဆင့္သြားရမွာျဖစ္ျပီး လူဆယ္ေယာက္ပဲ ေရြးခ်ယ္မွာပါ။

The Lab Program အတြက္စာရင္းေပးဖို႔ ဆယ္ရက္အခ်ိန္ရျပီး English Language ပဲအသံုးျပဳသြားရမွာပါ။ Review လုပ္မယ့္ Video ေတြနဲ႔ Review Result ေတြကို OnePlus ကသံုးပိုင္ခြင့္ရွိမွာပါ။ အဆိုပါအစီအစဥ္ကို OnePlus ကုမၸဏီကလူေတြေလ်ာက္ထားလို႔မရပဲ အဓိက ရည္ရြယ္တာကေတာ့ အေပၚမွာေျပာသြားသလို Youtuber ေတြကိုပါ။ The Lab အစီအစဥ္ကို အေစာၾကီးစတင္ေနတဲ့ အတြက္ OnePlus 6T ကိုမိတ္ဆက္ဖို႔ သတင္းပတ္အနည္းငယ္သာလိုေတာ့တယ္လို႔ခံစားမိပါတယ္။ အမ်ားစုထင္မွတ္ထားသလိုပဲ ေအာက္တိုဘာ တတိယပတ္ (သို႔မဟုတ္) ေအာက္တိုဘာေနာက္ဆံုးပတ္မွာ မိတ္ဆက္လာႏိုင္ပါတယ္။

OnePlus ရဲ႕ အေရွ႕ဘက္ မ်က္ႏွာျပင္ Design ဟာ Oppo F9 နဲ႔ Vivi V11 တို႔လို Waterdrop Notch နဲ႔လာမွာျဖစ္ျပီး Oppo F9 ေရာ Vivo V11 တို႔ဟာမိခင္ကုမၸဏီအတူတူပဲ ျဖစ္တဲ့အတြက္ OnePlus ဟာ OnePlus 6T ကိုမိတ္ဆက္ဖို႔အဆင့္သင့္ျဖစ္ေနေလာက္ပါျပီ။ Vivo V11 မွာလို In-Display Fingerprint Scanner နဲ႔ Waterdrop Notch နဲ႔ Halo FullView Display လို Notch ပိစိေလးနဲ႔လာမွာပါ။ Super VOOC Fast Charge ကို နာမည္ေျပာင္းထားတဲ့ Super Dash Charge နဲ႔လာမယ္ထင္ေၾကးေပးေနၾကေပမယ့္လည္း OnePlus 6 မွာလို Dash Charge နဲ႔ပဲလာမွာပါ။ OnePlus ရဲ႕ထံုးစံအတိုင္း နာမည္ၾကီး Flagship ေတြထုတ္ျပီးမွ ထုတ္တာဆိုေတာ့ Google ရဲဲ႕ Pixel 3 Series ေတြပြဲထုတ္ျပီးတာနဲ႔ 6T ထြက္လာေတာ့မွာအေသအခ်ာပါပဲ။

Ref: XDA News

Unicode Version

OnePlus 6T အကြောင်း Rumors တွေ Leak တွေကိုပလူပျံအောင် ကျွန်တော်တို့ပြောဆို ဆွေးနွေးခဲ့ကြတယ်။ တစ်ချို့ကလည်း Waterdrop Notch ပါမယ်ပြောတယ်။ တစ်ချို့ကလည်း နောက်ကျောဘက် Camera သုံးလုံးနဲ့လာမယ်ပြောတယ်။ တစ်ချို့ကလည်း Snapdragon 855 ပါမယ်ပြောကြတယ်။ အမှန်တော့အဆိုပါ Feature တွေဟာ ခန့်မှန်းသူတွေလိုချင်တဲ့၊ ပါဝင်စေချင်တဲ့ Feature တွေသာဖြစ်ပြီး OnePlus 6T နဲ့ပက်သက်ပြီး ဘယ်သူ့မှသေချာမသိရှိသေးပါဘူး။ သေချာတာတစ်ခုကတော့ OnePlus 6T ကို ပွဲမထုတ်ခင် စမ်းသပ်အသုံးပြုနိုင်မယ်ဆိုတာပါပဲ။

ဒီနေ့မှာပဲ OnePlus ကနေ “The Lab” ဆိုတဲ့အစီအစဉ်လေးကိုစတင်ခဲ့ပြီး OnePlus 6T ကိုပွဲမထုတ်ခင် လူဆယ်ယောက်ကိုအစမ်းပေးသုံးစေမယ်လို့သိရပါတယ်။ The Lab Program ကို OnePlus Fan မှန်ရင် ရင်းနှီးနေမှာပါ။ OnePlus 5T တုန်းကလည်း The Lab Program ကိုပြုလုပ်ပေးခဲ့ပြီး Review Unit ရရှိခဲ့တဲ့ လူအများစုကတော့Youtube ကနာမည်ကြီး Reviewer တွေပါ။ အခုထွက်ရှိမယ့် OnePlus 6T ကို ပွဲထုတ်မယ့်အချိန်နဲ့အမှီပြုလုပ်ပေးနိုင်ဖို့အတွက် ဒီအစီအစဉ်ကိုပြုလုပ်တာဖြစ်ပြီး Reviewer တွေအတွက် အဓိက ရည်ရွယ်တာမို့လို့ သာမာန်အသုံးပြုသူတွေအတွက်တော့ Review Unit ရှိဖို့မလွယ်ကူပါဘူး။ The Lab Program မှာ စားရင်းသွင်းချင်ရင်တော့ OnePlus Site ကနေတစ်ဆင့်သွားရမှာဖြစ်ပြီး လူဆယ်ယောက်ပဲ ရွေးချယ်မှာပါ။

The Lab Program အတွက်စာရင်းပေးဖို့ ဆယ်ရက်အချိန်ရပြီး English Language ပဲအသုံးပြုသွားရမှာပါ။ Review လုပ်မယ့် Video တွေနဲ့ Review Result တွေကို OnePlus ကသုံးပိုင်ခွင့်ရှိမှာပါ။ အဆိုပါအစီအစဉ်ကို OnePlus ကုမ္ပဏီကလူတွေလျောက်ထားလို့မရပဲ အဓိက ရည်ရွယ်တာကတော့ အပေါ်မှာပြောသွားသလို Youtuber တွေကိုပါ။ The Lab အစီအစဉ်ကို အစောကြီးစတင်နေတဲ့ အတွက် OnePlus 6T ကိုမိတ်ဆက်ဖို့ သတင်းပတ်အနည်းငယ်သာလိုတော့တယ်လို့ခံစားမိပါတယ်။ အများစုထင်မှတ်ထားသလိုပဲ အောက်တိုဘာ တတိယပတ် (သို့မဟုတ်) အောက်တိုဘာနောက်ဆုံးပတ်မှာ မိတ်ဆက်လာနိုင်ပါတယ်။

OnePlus ရဲ့ အရှေ့ဘက် မျက်နှာပြင် Design ဟာ Oppo F9 နဲ့ Vivi V11 တို့လို Waterdrop Notch နဲ့လာမှာဖြစ်ပြီး Oppo F9 ရော Vivo V11 တို့ဟာမိခင်ကုမ္ပဏီအတူတူပဲ ဖြစ်တဲ့အတွက် OnePlus ဟာ OnePlus 6T ကိုမိတ်ဆက်ဖို့အဆင့်သင့်ဖြစ်နေလောက်ပါပြီ။ Vivo V11 မှာလို In-Display Fingerprint Scanner နဲ့ Waterdrop Notch နဲ့ Halo FullView Display လို Notch ပိစိလေးနဲ့လာမှာပါ။ Super VOOC Fast Charge ကို နာမည်ပြောင်းထားတဲ့ Super Dash Charge နဲ့လာမယ်ထင်ကြေးပေးနေကြပေမယ့်လည်း OnePlus 6 မှာလို Dash Charge နဲ့ပဲလာမှာပါ။ OnePlus ရဲ့ထုံးစံအတိုင်း နာမည်ကြီး Flagship တွေထုတ်ပြီးမှ ထုတ်တာဆိုတော့ Google ရဲ့ Pixel 3 Series တွေပွဲထုတ်ပြီးတာနဲ့ 6T ထွက်လာတော့မှာအသေအချာပါပဲ။

Ref: XDA News