YouTube က ဗီဒီယို ဖန်တီးသူတွေ ဝင်ငွေရစေမယ့် နည်းလမ်း အသစ်ကို Creator Tools မှာ ထည့်သွင်းပေးလိုက်ပါတယ်။ အခုဆိုရင် ဗီဒီယို ဖန်တီးသူတွေဟာ Content တွေကို NFT  အဖြစ် ရောင်းချနိုင်ပြီး Fans တွေက ဝယ်ယူနိုင်မှာပါ။ YouTube ဟာ ရေပန်းစားနေတဲ့ နည်းပညာ အသစ်ဖြစ်တဲ့ NFT နယ်ပယ်ထဲ ဝင်ရောက်မယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က သတင်းထွက်ခဲ့ပြီး အခုတော့ တကယ် အကောင်အထည် ဖော်လိုက်တာပါ။

2022 - NFT and Metaverse move from YouTube! - News Text Area

YouTube ရဲ့ ထုတ်ကုန် အရာရှိချုပ် Neal Mohan က “ Creator Monetization Tools မှာ NFT ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ Blockchain ကို အခြေပြုထားပြီး တတိယမျိုးဆက် အင်တာနက်လို့ ပြောကြတဲ့ Web3 ဟာ ဗီဒီယို ဖန်တီးသူတွေအတွက် အခွင့်အလမ်း အသစ်တွေကို ဖွင့်လှစ်ပေးမှာပါ။ Blockchain နဲ့ NFT လို နည်းပညာအသစ်တွေကြောင့် ဗီဒီယို ဖန်တီးသူတွေဟာ သူတို့ရဲ့ Fans တွေနဲ့ ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပြီး အရင်က မပြုလုပ်နိုင်တဲ့ ဝင်ငွေရှာနည်းတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ဘလော့ ဆောင်းပါးမှာ ရေးသားထားပါတယ်။

YouTube NFTs: Creators may soon monetize video & art NFTs on new store |  TweakTown

YouTube ဟာ NFT ထည့်သွင်းလာတဲ့ ပထမဆုံး နာမည်ကြီး လူမှုကွန်ရက် မဟုတ်ပါဘူး။ Twitter က User တွေ ပရိုဖိုင် ဓါတ်ပုံကို NFT အဖြစ် သတ်မှတ်နိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။

YouTube ရဲ့ အစောပိုင်း ခေတ်ကာလမှာ ကတည်းက ဗီဒီယို ဖန်တီးသူတွေဟာ သူတို့ရဲ့ နာမည်ကြီး ဗီဒီယိုတွေကို NFT အဖြစ် ရောင်းချခဲ့ကြပါတယ်။ ၂၀၀၇ ခုနှစ်က ထွက်ခဲ့တဲ့ “Charlie Bit My Finger” ဗီဒီယိုကို ဒေါ်လာ ၇၆၀,၉၉၉ နဲ့ ရောင်းချခဲ့ပါတယ်။

Ref : nbcnews