ZTE ဟာ ဒီနှစ်ထဲမှာ US ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို အကြီးအကျယ်ခံခဲ့ရတာဖြစ်ပြီး အခုလိုမျိုး ခံခဲ့ရပေမယ့် အခုအချိန်မှာတော့ IFA 2018 မှာ Flagship စမတ်ဖုန်းတစ်ခုကို ထပ်ပြီး ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ အခုစမတ်ဖုန်းကတော့ ZTE Axon 9 Pro ပဲဖြစ်ပြီး ယခင်တုန်း ZTE ကနေ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေထက် သိသိသာသာကို တိုးတက်လာတယ်လို့တောင်ပြောလို့ရပါတယ်။
ZTE ရဲ့ Axon 9 Pro စမတ်ဖုန်းဟာ လက်ရှိ Screen Size ကြီးမားတဲ့ စမတ်ဖုန်းတွေထက်တောင် အရွယ်အစားကြီးမားတဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ Screen Size အနေနဲ့ကတော့ 6.21″ ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် Resolution က QHD Resolution မဟုတ်တော့ဘဲ Full HD+ Resolution ကိုပဲ အသုံးပြုလာတာပါ။ ဒါပေမယ့် ZTE က Screen ရဲ့ အရေအသွေးကို မြှင့်တင်ခဲ့ပြီးတော့ HDR 10 နဲ့ Color Accurate ပိုဖြစ်ဖို့အတွက် RGB Sensor ကိုပါ ထည့်သွင်းထားခဲ့ပါတယ်။
Performance ပိုင်းအနေနဲ့လည်း ZTE Axon 9 Pro ဟာ Qualcomm Snapdragon 845 Processor ၊ 6GB RAM နဲ့ 128GB Storage ပါဝင်မှာဖြစ်ပြီးတော့ MicroSD Card လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ Battery အနေနဲ့လည်း 4000mAh Battery ပါဝင်မှာဖြစ်ပြီးတော့ Qualcomm Quick Charge 4.0 ကို Support ပြုလုပ်တဲ့အပြင် Qi Wireless Charging ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။
Camera ပိုင်းအနေနဲ့ကတော့ Back Camera ကို 12MP+20MP ပါဝင်မှာဖြစ်ပြီးတော့ Secondary Lens ကို 130 Degree Wide Angle Lens အနေနဲ့ အသုံးပြုမယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့ကတော့ 20MP Camera ပါဝင်မှာဖြစ်ပါတယ်။
အခု ZTE Axon 9 Pro ရဲ့ ထူးခြားချက်ကတော့ Water Resistant ဖြစ်သွားတာဖြစ်ပြီးတော့ IP68 Rating ပါဝင်တဲ့အတွက် ရေထဲမှာ နာရီဝက်အထိ စိမ်ထားလို့ရမှာပါ။