ကုမ္ပဏီများစွာဟာ Foldable စမတ်ဖုန်း နယ်ပယ်ထဲကို မကြာခင်က ဝင်ရောက်လာကြပြီ ဖြစ်ပြီး ဥပမာပြရရင် Tecno နဲ့ Google တို့ ဖြစ်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ Nubia ကလည်း အဲဒီဈေးကွက်ထဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မယ်လို့ သတင်းထွက်လာပါတယ်။

Nubia Z60 Fold Rumored To Have A 7.3-inch Folding Screen

ZTE ရဲ့ ပထမဆုံး Foldable စမတ်ဖုန်းကို Nubia Z60 Fold လို့ အမည်ပေးထားနိုင်ပြီး မော်ဒယ်နံပါတ်က NX801J ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ 7.3” Foldable AMOLED မျက်နှာပြင် ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

Rumour: ZTE is working on a foldable Nubia Z60 Fold smartphone with Qualcomm flagship chip and 100W charging support | gagadget.com

Zubia Z60 Fold မှာ Qualcomm ရဲ့ 8 Series Chipset မောင်းနှင်ထားနိုင်ပေမယ့် Chipset အတိအကျကို မသိရသေးပါဘူး။ Multitasking ပြုလုပ်လို့ ကောင်းစေမယ့် 12GB RAM ပါလာနိုင်ပြီး 256GB နဲ့ 512GB Storage Version ၂ မျိုး ထုတ်လုပ်ထားနိုင်ပါတယ်။ အဲဒီ ဖုန်းမှာ 100W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားနိုင်ပါတယ်။

Nubia Z60 Fold ကို ဒီနှစ် စတုတ္ထ ကွာတား ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း ကြေညာနိုင်ပါတယ်။ မိတ်ဆက်ပွဲဟာ အချိန်တော်တော်လိုသေးတဲ့အတွက် ဒီကြားထဲမှာ Nubia Z60 Fold ရဲ့ သတင်းအချက်အလက်တွေများစွာထွက်ပေါ်လာနိုင်ပါသေးတယ်။

Ref: gsmarena