ZTE က စွမ်းရည်မြင့် Nubia Z50S Pro ကို ကြေညာလိုက်ပြီး ထူးခြားဆန်းသစ်တဲ့ ကင်မရာတွေ ထည့်သွင်းထားပါတယ်။ ပင်မ 50MP ကင်မရာမှာ 35mm Lens ကို သုံးထားပြီး အဲဒါဟာ 1G+6P Lens ဖြစ်ကာ Wide f/1.59 Aperture, OIS ထောက်ပံ့ထားပါတယ်။ Macro လိုလည်း သုံးနိုင်တဲ့ 13mm Lens ပါတဲ့ 50MP Ultrawide ကင်မရာနဲ့ OIS ပါတဲ့ 8MP Telephoto ကင်မရာ တွေနဲ့ အားဖြည့်ထားပါတယ်။ အရှေ့ဘက်မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။

Nubia

6.78” AMOLED 1260x2800p မျက်နှာပြင် တပ်ဆင်ထားပြီး 10-bit Panel ဖြစ်ကာ DCI-P3 100% Coverage ၊ DC Dimming နဲ့ 2160Hz High Frequency PWM Dimming ထောက်ပံ့ထားပါတယ်။ 120Hz Refresh Rate နဲ့ 1000Hz Touch Sampling Rate ပါတဲ့အတွက် ဂိမ်းကစားရင် အလွန်ကောင်းပါတယ်။

Snapdragon 8+ Gen 2 Chipset မောင်းနှင်ထားပြီး အရွယ်ကြီး 4233mm2 Vapor Chamber နဲ့ Chipset ရဲ့ အပူချိန်ကို လျှော့ချပေးပါတယ်။ 80W Fast Charging ထောက်ပံ့တဲ့ 5,100mAh Battery ပါလာပြီး သာမာန်သုံးရင် ၃၇ နာရီခံပါတယ်။

ZTE Nubia Z50S Pro ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၇ ရက်နေ့ရောင်းမှာပါ။

ဈေးနှုန်း

  • 12GB + 256GB: 3,699 yuan ($515)
  • 12GB + 1TB: 3,999 yuan ($557)
  • 16GB + 1TB: 4,399 yuan ($612)
  • Mirror of Light 12GB + 1TB: 4,099 yuan ($570)

Ref : gizmochina

nubia Z50S Pro goes official with 35mm lens, Snapdragon 8+ Gen 2 chipset