ZTE ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Red Magic ဟာ Gaming Phone စျေးကွက်မှာ အောင်မြင်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒီလိုမျိုး Gaming Phone တွေတင်မဟုတ်ဘဲ Red Magic ကနေ Gaming ဦးစားပေး Tablet အသစ်ကို မိတ်ဆက်လိုက်ပါပြီ​။

အဆိုပါ Tablet နာမည်ကို Red Magic Tablet လို့ပဲ နာမည်ပေးထားပြီး Red Magic အတွက် ပထမဆုံး Tablet လည်းဖြစ်ပါတယ်။

Display ပိုင်းမှာ 12.1″ IPS LCD Display ကို အသုံးပြုထားပြီး Resolution အနေနဲ့ 1600 x 2500 Pixels Resolution ကို ထောက်ပံ့ထားနိုင်မှာပါ။​ Refresh Rate ကို 144Hz အထိ ထောက်ပံ့ပေးထားပြီး Touch Sampling Rate ကိုလည်း 240Hz အထိ Support ပြုလုပ်မှာပါ။​ Maximum Brightness ကို 600nits အထိရရှိမယ့်အပြင် ဘေးဘောင်တွေကလည်း အလွန်ပါးလွှာမှာဖြစ်ပါတယ်။

Red Magic Tablet ဟာ အလေးချိန်အနေနဲ့ 613g ပဲ လေးမှာဖြစ်သလို အထူကလည်း 6.5mm အထိ ပါးလွှာနေမှာဖြစ်ပါတယ်။ Audio ပိုင်းအတွက်လည်း DTS Tuning ပြုလုပ်ပေးထားတဲ့ Quad Speaker Setup ပါဝင်မှာပါ။

Performance ပိုင်းအတွက် Qualcomm Snapdragon 8+ Gen 1 Chipset ကို အသုံးပြုထားပြီး RAM 12GB သို့မဟုတ် 16GB LPDDR5X ပါဝင်မှာဖြစ်သလို RAM ပေါ်မှုတည်ပြီး 256GB သို့မဟုတ် 512GB UFS 3.1 Storage ထည့်သွင်းပေးထားမှာပါ။ Gaming ဦးစားပေး Tablet ဖြစ်တာကြောင့် ICE Magic Cooling System ပါဝင်ပြီး ဂိမ်းဆော့ကစားနေတဲ့အချိန်မှာ အပူချိန်ကို 5°C အထိ လျော့ချပေးနိုင်မယ်လို့ သိရပါတယ်။


Camera ပိုင်းအနေနဲ့ 16MP Selfie Camera အပြင် 13MP Back Camera ပါဝင်မှာဖြစ်ပါတယ်။ Battery ကို 10000mAh Battery ထည့်သွင်းထားပြီး 80W Fast Charging ကို ထောက်ပံ့ထားတဲ့အတွက် 0-100% အပြည့်အားသွင်းဖို့ကို ၅၅ မိနစ်ပဲ ကြာမြင့်မှာဖြစ်ပါတယ်။ တခြား Keyboard ၊​ Mouse နဲ့ Joystick Controller တွေကိုလည်း တွဲဖက်အသုံးပြုနိုင်မှာပါ။

စျေးနှုန်းကတော့ Red Magic Tablet ဟာ RAM 12GB + 256GB Version ကို တရုတ်ယွမ်ငွေ ၃,၈၉၉ (မြန်မာငွေ ၁၇ သိန်းဝန်းကျင်)​ ၊ RAM 16GB + 512GB Version ကို ယွမ်ငွေ ၄,၅၉၉ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena