ZTE ဟာ အခုအချိန်မှာ 5G Chip Design နဲ့ Development ပိုင်းကို အောင်မြင်စွာဆောင်ရွက်နိုင်သွားပြီဆိုပြီး ကြေညာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ZTE ဟာ တကမ္ဘာလုံးမှာရှိတဲ့ 5G Infrastructure တွေမှာအသုံးပြုနေတဲ့ 7nm Processor တွေကိုလည်း အောင်မြင်စွာထုတ်လုပ်နိုင်ပြီးဖြစ်သလို အခုလည်း 5nm နည်းပညာတွေကို တင်ပို့သွားတော့မှာဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ အဆိုပါ 5G Chipset နည်းပညာတွေမှာ စမတ်ဖုန်းတွေမှာအသုံးပြုနိုင်တဲ့ SoC (System on Chip) Chipset တွေမဟုတ်ဘဲ 5G Equipment နဲ့ Infrastructure တွေအတွက် အဓိကလိုအပ်တဲ့ 5nm Chipset နည်းပညာတွေဖြစ်ပါတယ်။ ဒါကလည်း လက်ရှိအချိန်မှာ တရုတ်ကုမ္ပဏီတွေအနေနဲ့ 5nm SoC ကို ကိုယ်တိုင်ထုတ်လုပ်ဖို့ ခက်ခဲနေသေးပြီးတော့ ယခုနှစ်မှာလည်း Huawei ပဲ Mate 40 Series ဖုန်းတွေမှာ 5nm Kirin Chipset အသစ်ကို မိတ်ဆက်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ZTE အနေနဲ့ အခုလိုမျိုး 5nm Chipset နည်းပညာတွေကို တင်သွင်းနိုင်နေပြီဖြစ်တဲ့အတွက် Semiconductor စျေးကွက်မှာ ယခင်တုန်းကလိုမျိုး US အခြေစိုက်ကုမ္ပဏီတွေရဲ့ အကူအညီကို ရယူဖို့လည်း မလိုအပ်တော့ပါဘူး။ ဒါက ZTE လိုမျိုး US ရဲ့ တရားစွဲဆိုမှုကို မကြာခဏခံရတဲ့ကုမ္ပဏီအတွက်ကတော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်လာတာပါ။

ZTE ဟာ ပြီးခဲ့တဲ့နှစ်တွေထဲက Research & Development (R&D) ပိုင်းကို အာရုံစိုက်လာခဲ့ပြီး ကုမ္ပဏီရဲ့ Vice President ပြောကြားချက်အရဆိုရင် လက်ရှိအချိန် ZTE ကနေ တရုတ်ယွမ်ငွေ ၁၂.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ) အထိကို ရင်းနှီးမြုပ်နှံ့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ZTE ဟာ TSMC လိုမျိုး မကြာခင်မှာ 5G Chip Supplier ကုမ္ပဏီတစ်ခုဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China