[Zawgyi]

Huawei ကေတာ့ အြန္လိုင္းမွာအရမ္းမ်ားလာတဲ့ ငယ္ငယ္ရြယ္ရြယ္ User ေလးေတြကို ဦးတည္ျပီး သူ႔ရဲ႕ ေနာက္ဆံုးထြက္ Honor 10 Lite ေတြကို မိတ္ဆက္လိုက္ပါျပီ။ သူကေတာ့ အရင္ Honor 9 Lite နဲ႔ယွဥ္ရင္ ေျပာင္းလဲမႈအနည္းငယ္နဲ႔ ထြက္ရိွလာခဲ့တာပါ။

ဖုန္းရဲ႕ Screen Size ကေတာ့ 6.21″ ရိွျပီး 1080 x 2340 pixels LCD Display နဲ႔ထြက္လာတာပါ။ 9 Lite နဲ႔မတူတာကေတာ့ သူ႔မွာ ထိပ္ဖက္ Notch က Waterdrop Notch ေလးျဖစ္သြားတာပါ။ ေက်ာဘက္မွာ Fingeprtint Scanner နဲ႔ျဖစ္ျပီး အနီေရာင္ အျပာေရာင္ ေ၇ာင္ေျပးေလးေတြက ဖုန္းကိုပုိစြဲေဆာင္မႈရိွေစတာပါ။

Kirin 710 နဲ႔လာျပီး RAM ကေတာ့ 4GB,6GB, Internal Storage ကေတာ့ 64GB, 128GB ဆိုျပီး လာမွာပါ။ GPU Turbo စနစ္လည္းေထာက္ပံ့ေပးထားမယ္ဆိုေတာ့ Gaming ပိုင္းေတာ့ နည္းနည္းပိုေကာင္းလာႏုိင္ပါတယ္။

ကင္မရာကေတာ့ ေက်ာဘက္မွာ 13MP (f/1.8) နဲ႔ 2MP Depth Sensor ပါဝင္မွာျဖစ္ျပီး ေရွ႕ဘက္ကေတာ့ 24MP ကင္မရာသံုးထားပါတယ္။ ကင္မရာမွာေတာ့ ျမင္ကြင္း Scene ၈ မ်ိဳးအနည္းဆံုးကို သိႏုိင္ျပီးေတာ့ ကိုယ္ရုိက္လိုက္တဲ့ Selfie ပံုေတြကေန ျပန္လည္သင္ယူသြားျပီး အလ်ဥ္းသင့္သလို မွတ္သားခ်ိန္ညိွေပးမယ့္ AI Camera ပါ။

က်န္တဲံ Specs ေတြကေတာ့ Battery 3400mAh , Android 9 Pie ကို EMUI 9 နဲ႔ထြက္လာမွာျဖစ္ပါတယ္။ ဆိုေတာ့ Adaptive Battery, Adaptive Brightness, Android Dashboard ေတြကိုပါ တစ္ခါတည္းတန္းသံုးလို႔ရႏုိင္မွာပါ။

ေစ်းႏႈန္းေတြကေတာ့ 4/64GB Version ကို  $200 ဝန္းက်င္ 6/64GB ကို  $215 ဝန္းက်င္နဲ႔ 6/128GB Version ကို $275 ဝန္းက်င္ေလာက္က်မွာျဖစ္ပါတယ္။
[Unicode]

Huawei ကတော့ အွန်လိုင်းမှာအရမ်းများလာတဲ့ ငယ်ငယ်ရွယ်ရွယ် User လေးတွေကို ဦးတည်ပြီး သူ့ရဲ့ နောက်ဆုံးထွက် Honor 10 Lite တွေကို မိတ်ဆက်လိုက်ပါပြီ။ သူကတော့ အရင် Honor 9 Lite နဲ့ယှဉ်ရင် ပြောင်းလဲမှုအနည်းငယ်နဲ့ ထွက်ရှိလာခဲ့တာပါ။

ဖုန်းရဲ့ Screen Size ကတော့ 6.21″ ရှိပြီး 1080 x 2340 pixels LCD Display နဲ့ထွက်လာတာပါ။ 9 Lite နဲ့မတူတာကတော့ သူ့မှာ ထိပ်ဖက် Notch က Waterdrop Notch လေးဖြစ်သွားတာပါ။ ကျောဘက်မှာ Fingeprtint Scanner နဲ့ဖြစ်ပြီး အနီရောင် အပြာရောင် ရောင်ပြေးလေးတွေက ဖုန်းကိုပိုစွဲဆောင်မှုရှိစေတာပါ။

Kirin 710 နဲ့လာပြီး RAM ကတော့ 4GB,6GB, Internal Storage ကတော့ 64GB, 128GB ဆိုပြီး လာမှာပါ။ GPU Turbo စနစ်လည်းထောက်ပံ့ပေးထားမယ်ဆိုတော့ Gaming ပိုင်းတော့ နည်းနည်းပိုကောင်းလာနိုင်ပါတယ်။

ကင်မရာကတော့ ကျောဘက်မှာ 13MP (f/1.8) နဲ့ 2MP Depth Sensor ပါဝင်မှာဖြစ်ပြီး ရှေ့ဘက်ကတော့ 24MP ကင်မရာသုံးထားပါတယ်။ ကင်မရာမှာတော့ မြင်ကွင်း Scene ၈ မျိုးအနည်းဆုံးကို သိနိုင်ပြီးတော့ ကိုယ်ရိုက်လိုက်တဲ့ Selfie ပုံတွေကနေ ပြန်လည်သင်ယူသွားပြီး အလျဉ်းသင့်သလို မှတ်သားချိန်ညှိပေးမယ့် AI Camera ပါ။

ကျန်တဲံ Specs တွေကတော့ Battery 3400mAh , Android 9 Pie ကို EMUI 9 နဲ့ထွက်လာမှာဖြစ်ပါတယ်။ ဆိုတော့ Adaptive Battery, Adaptive Brightness, Android Dashboard တွေကိုပါ တစ်ခါတည်းတန်းသုံးလို့ရနိုင်မှာပါ။

ဈေးနှုန်းတွေကတော့ 4/64GB Version ကို  $200 ဝန်းကျင် 6/64GB ကို  $215 ဝန်းကျင်နဲ့ 6/128GB Version ကို $275 ဝန်းကျင်လောက်ကျမှာဖြစ်ပါတယ်။