တန်ဖိုးနည်း Redmi Pad SE ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလက ကြေညာခဲ့တဲ့ Redmi Pad ရဲ့ မျိုးဆက်ဖြစ်ပါတယ်။

Redmi Pad SE

Redmi Pad SE မှာ 11” LCD 1920x1200p Display တပ်ဆင်ထားပြီး 90Hz Refresh Rate , 180Hz Touch Sampling Rate နဲ့ 400 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Snapdragon 680 Processor မောင်းနှင်ထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။

8,000mAh Battery တပ်ထားပြီး ၂၈ နာရီကြာ ဗီဒီယို ကြည့်နိုင်ပါတယ်။ 10W Charging နဲ့ USB Type-C Port ထည့်သွင်းထားပြီး Dolby Atmos နဲ့ Hi-Res Audio ပါတဲ့ စပီကာ ၄ လုံး ပါပါတယ်။ Android 13 အခြေပြု MIUI For Pad မောင်းနှင်ထားပြီး AI Face Unlock ပါပါတယ်။

Redmi Pad SE specs

အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ တပ်ထားပြီး အိန္ဒိယ ဈေးနှုန်းတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • 4GB RAM + 128GB storage: Rs 12,999
  • 6GB RAM + 128GB storage: Rs 13,999
  • 8GB RAM + 128GB storage: Rs 14,999
  • Redmi Pad SE Cover: Rs 1,299

 

Ref : gizmochina