Huawei ဟာ EMUI 8.0 Update ရရှိမယ့် ဖုန်းစာရင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါဖုန်းတွေဟာ EMUI 8.0 Update ကို အခု June 30 မှာ စတင်ရရှိတာဖြစ်ပြီး တချို့သော Huawei ဖုန်းတွေကတော့ မရရှိသေးပါဘူး။

EMUI 8.0 ဟာ Android Oreo ပေါ်မှာ အခြေခံတာဖြစ်ပြီး Huawei နဲ့ Honor ဖုန်းတွေအတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Huawei Handset တွေမှာဆိုရင် Huawei P9, Huawei P9 Plus နဲ့ Huawei Mate 8၊ Honor ဖုန်းတွေမှာ ဆိုရင်တော့ Honor 8, Honor Note 8, Honor V8 နဲ့ Honor Play 6X တွေဟာ EMUI 8.0 Update ကိုရရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့် EMUI 8.0 Android Oreo Update ဟာ တရုတ်နိုင်ငံအတွက် သီးသန့်လား ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံအတွက် သီးသန့်ဆိုရင်တော့ Update တစ်ခုအတွက် ဒီလောက် အချိန်ယူစရာ မလိုလောက်ပါဘူး။ ဒါကြောင့် တစ်ကမ္ဘာလုံးက Huawei နဲ့ Honor fan တွေမျှော်လင့်လို့ ရပါသေးတယ်။ ဒီစာဖတ်နေတဲ့ ပရိတ်သတ်ကြီးထဲမှာလည်း Huawei User တွေ Update ရရင် ဘာတွေများ ထူးခြားသွားလည်းဆိုတာ ဆွေးနွေးသွားကြပါဦး။