[Zawgyi]

ဒီေန႔မွာေတာ့ Oppo ဟာ စမတ္ဖုန္းေတြမွာ တပ္ဆင္အသုံးျပဳႏိုင္မယ့္ 10x Hybrid Optical Zoom ကင္မရာ နည္းပညာကို ထုတ္ျပလိုက္ၿပီ ျဖစ္ပါတယ္။ ဒီေန႔ ထုတ္ျပလိုက္တဲ့ ကင္မရာ နည္းပညာဟာ လြန္ခဲ့တဲ့ ၂၀၁၇ခုႏွစ္တုန္းက Mobile World Congress (MWC) မွာ ထုတ္ျပခဲ့တဲ့ 5x Optical Zoom နည္းပညာကို ထပ္မံအဆင့္ျမႇင့္ထားတာ ျဖစ္ပါတယ္။

5x Optical Zoom မွာတုန္းက ကင္မရာ ၂လုံးသာ အသုံးျပဳခဲ့ေပမယ့္ အခု 10x Hybrid Optical Zoom မွာေတာ့ ကင္မရာ ၃လုံးအထိ အသုံးျပဳထားပါတယ္။ 10x Hybrid Optical Zoom က 5x Optical Zoom မွာ တပ္ဆင္ခဲ့တဲ့ Telephoto Lens ၂လုံးနဲ႔ Ultra-wide Camera ၁လုံးကို ေပါင္းစပ္ တပ္ဆင္ထားတာ ျဖစ္ပါတယ္။ အခုလိုမ်ိဴး ေပါင္းစပ္ တပ္ဆင္မႈရဲ႕ ရလဒ္ေၾကာင့္ Zoom Range က ၁၅.၉မီလီမီတာကေန ၁၅၉မီလီမီတာအထိ ရွိသြားတယ္လို႔ သိရပါတယ္။

Oppo ကေတာ့ Main Camera အျဖစ္အသုံးျပဳထားတဲ့ Ultra-wide Sensor နဲ႔ Telephoto Lens ေတြမွာ Optical Image Stabilization (OIS) ကိုပါ ထည့္သြင္းေပးထားတယ္လို႔ ေျပာၾကားထားပါတယ္။ အဆိုပါ Camera Sensor ေတြရဲ႕ Aperture ကိုေတာ့ ထုတ္ေဖာ္ေျပာၾကားသြားျခင္း မရွိပါဘူး။ ဒါေပမယ့္ 10x Hybrid Optical Zoom ရဲ႕ အလုပ္လုပ္ပုံကို ေဖေဖာ္ဝါရီလ ၂၅ရက္ေန႔မွာ စတင္က်င္းပမယ့္ MWC 2019 မွာ ထုတ္ေဖာ္ျပသသြားမွာျဖစ္ေၾကာင္း Oppo က ကတိေပးထားပါတယ္။

အဆိုပါ နည္းပညာကို အသုံးျပဳထားမယ့္ Oppo Flagship စမတ္ဖုန္းေတြကို ဒီႏွစ္ထဲမွာ ျမင္ေတြ႕ႏိုင္ပါတယ္။ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ Oppo အေနနဲ႔ MWC 2019 မွာ 10x Hybrid Optical Zoom ကင္မရာနည္းပညာကို အသုံးျပဳထားမယ့္ စမတ္ဖုန္းကိုပါ တစ္ခါတည္း ခ်ျပလာႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Gizmochina

[Unicode]

10x Hybrid Optical Zoom ကင်မရာ နည်းပညာကို ထုတ်ပြလိုက်တဲ့ Oppo

ဒီနေ့မှာတော့ Oppo ဟာ စမတ်ဖုန်းတွေမှာ တပ်ဆင်အသုံးပြုနိုင်မယ့် 10x Hybrid Optical Zoom ကင်မရာ နည်းပညာကို ထုတ်ပြလိုက်ပြီ ဖြစ်ပါတယ်။ ဒီနေ့ ထုတ်ပြလိုက်တဲ့ ကင်မရာ နည်းပညာဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်တုန်းက Mobile World Congress (MWC) မှာ ထုတ်ပြခဲ့တဲ့ 5x Optical Zoom နည်းပညာကို ထပ်မံအဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။

5x Optical Zoom မှာတုန်းက ကင်မရာ ၂လုံးသာ အသုံးပြုခဲ့ပေမယ့် အခု 10x Hybrid Optical Zoom မှာတော့ ကင်မရာ ၃လုံးအထိ အသုံးပြုထားပါတယ်။ 10x Hybrid Optical Zoom က 5x Optical Zoom မှာ တပ်ဆင်ခဲ့တဲ့ Telephoto Lens ၂လုံးနဲ့ Ultra-wide Camera ၁လုံးကို ပေါင်းစပ် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အခုလိုမျိူး ပေါင်းစပ် တပ်ဆင်မှုရဲ့ ရလဒ်ကြောင့် Zoom Range က ၁၅.၉မီလီမီတာကနေ ၁၅၉မီလီမီတာအထိ ရှိသွားတယ်လို့ သိရပါတယ်။

Oppo ကတော့ Main Camera အဖြစ်အသုံးပြုထားတဲ့ Ultra-wide Sensor နဲ့ Telephoto Lens တွေမှာ Optical Image Stabilization (OIS) ကိုပါ ထည့်သွင်းပေးထားတယ်လို့ ပြောကြားထားပါတယ်။ အဆိုပါ Camera Sensor တွေရဲ့ Aperture ကိုတော့ ထုတ်ဖော်ပြောကြားသွားခြင်း မရှိပါဘူး။ ဒါပေမယ့် 10x Hybrid Optical Zoom ရဲ့ အလုပ်လုပ်ပုံကို ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ စတင်ကျင်းပမယ့် MWC 2019 မှာ ထုတ်ဖော်ပြသသွားမှာဖြစ်ကြောင်း Oppo က ကတိပေးထားပါတယ်။

အဆိုပါ နည်းပညာကို အသုံးပြုထားမယ့် Oppo Flagship စမတ်ဖုန်းတွေကို ဒီနှစ်ထဲမှာ မြင်တွေ့နိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ Oppo အနေနဲ့ MWC 2019 မှာ 10x Hybrid Optical Zoom ကင်မရာနည်းပညာကို အသုံးပြုထားမယ့် စမတ်ဖုန်းကိုပါ တစ်ခါတည်း ချပြလာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gizmochina