[Zawgyi]

Xiaomi ဟာ သူတုိ႔ရဲ႕ Pocophone F1 စမတ္ဖုန္းကို ၾသဂုတ္လမွာ ေၾကျငာခဲ့ျပီး စမတ္ဖုန္းေစ်းကြက္ရဲ႕ စိတ္ဝင္စားမႈကို ခ်က္ခ်င္းရရွိခဲ့ပါတယ္။ Pocophone F1 မွာ Flagship အဆင့္ျဖစ္တဲ့ Snapdragon 845 Chipset ကိုအသုံးျပဳထားေပမယ့္ ခ်ဳိသာတဲ့ ေစ်းႏႈန္းေၾကာင့္ တစ္ကမာၻလုံးမွာ အလုံးေရ ခုနစ္သိန္းေရာင္းခ်ႏုိင္ခဲ့ျပီလို႔ ဆုိပါတယ္။

ဒီသတင္းကိုေတာ့ Xiaomi ရဲ႕ Vice President ျဖစ္တဲ့ Manu Kumar Jain မွ သူ႕ရဲ႕ တြစ္တာအေကာင့္မွာ တရားဝင္ေၾကျငာေအာင္ပြဲခံခဲ့တာပါ။ Jain က Poco ဆုိတဲ့ စကားလုံးဟာ စပိန္လို ‘ေသးငယ္ေသာ’ လို႔ အဓိပၸါယ္ရေပမယ့္ Pocophone ရဲ႕ေအာင္ျမင္မႈကေတာ့ လအနည္းငယ္အတြင္း ၾကီးမားလာခဲ့ျပီလို႔ ဆုိပါတယ္။

Pocophone F1 ဟာ မုိဘုိင္းေစ်းကြက္ၾကီးေတြမွာ Xiaomi ရဲ႕လႊမ္းမုိးမႈကို အေထာက္အပံ့ေပးခဲ့တဲ့ အဓိက ထုတ္ကုန္တစ္ခုလည္း ျဖစ္လာခဲ့ပါတယ္။ Counterpoint မွထုတ္ျပန္ခ်က္အရ ၂၀၁၈ ခုႏွစ္ရဲ႕ Q3 ကာလအတြင္း အိႏၵိယေစ်းကြက္ရဲ႕ ေရာင္းအေကာင္းဆုံး ဖုန္းေနရာကို ပုိင္ဆုိင္ႏုိင္ခဲ့တယ္လို႔ ေတြ႕ရွိရပါတယ္။

အိႏၵိယေစ်းကြက္မွာ ဒီဖုန္းကို Poco F1 အမည္နဲ႔ ေရာင္းခ်ျပီး ေဒၚလာသုံးရာေအာက္ ေစ်းႏႈန္းျဖစ္တဲ့ အိႏၵိယရူပီး ၁၉၉၉၉ သတ္မွတ္ထားပါတယ္။ ဥေရာပေစ်းကြက္မွာေတာ့ 6GB RAM / 64GB Storage ဗားရွင္းဟာ ယူရုိ ၃၅၀ ေအာက္ က်သင့္မွာပါ။ Flagship တန္းဝင္ Chipset နဲ႔ ေကာင္းမြန္တဲ့ မန္မုိရီပမာဏေတြအျပင္ ဒီဖုန္းမွာ ၾကီးမားတဲ့ 4000 mAh ဘကၳရီၾကီးတစ္ခု၊ Face Unlock စနစ္နဲ႔ သေဘာက်စရာ ကင္မရာ အတြဲတုိ႔ ပါဝင္တယ္။

Ref – GSM Arena

[Unicode]

Xiaomi ဟာ သူတို့ရဲ့ Pocophone F1 စမတ်ဖုန်းကို သြဂုတ်လမှာ ကြေငြာခဲ့ပြီး စမတ်ဖုန်းဈေးကွက်ရဲ့ စိတ်ဝင်စားမှုကို ချက်ချင်းရရှိခဲ့ပါတယ်။ Pocophone F1 မှာ Flagship အဆင့်ဖြစ်တဲ့ Snapdragon 845 Chipset ကိုအသုံးပြုထားပေမယ့် ချိုသာတဲ့ ဈေးနှုန်းကြောင့် တစ်ကမ္ဘာလုံးမှာ အလုံးရေ ခုနစ်သိန်းရောင်းချနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒီသတင်းကိုတော့ Xiaomi ရဲ့ Vice President ဖြစ်တဲ့ Manu Kumar Jain မှ သူ့ရဲ့ တွစ်တာအကောင့်မှာ တရားဝင်ကြေငြာအောင်ပွဲခံခဲ့တာပါ။ Jain က Poco ဆိုတဲ့ စကားလုံးဟာ စပိန်လို ‘သေးငယ်သော’ လို့ အဓိပ္ပါယ်ရပေမယ့် Pocophone ရဲ့အောင်မြင်မှုကတော့ လအနည်းငယ်အတွင်း ကြီးမားလာခဲ့ပြီလို့ ဆိုပါတယ်။

Pocophone F1 ဟာ မိုဘိုင်းဈေးကွက်ကြီးတွေမှာ Xiaomi ရဲ့လွှမ်းမိုးမှုကို အထောက်အပံ့ပေးခဲ့တဲ့ အဓိက ထုတ်ကုန်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ Counterpoint မှထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်ရဲ့ Q3 ကာလအတွင်း အိန္ဒိယဈေးကွက်ရဲ့ ရောင်းအကောင်းဆုံး ဖုန်းနေရာကို ပိုင်ဆိုင်နိုင်ခဲ့တယ်လို့ တွေ့ရှိရပါတယ်။

အိန္ဒိယဈေးကွက်မှာ ဒီဖုန်းကို Poco F1 အမည်နဲ့ ရောင်းချပြီး ဒေါ်လာသုံးရာအောက် ဈေးနှုန်းဖြစ်တဲ့ အိန္ဒိယရူပီး ၁၉၉၉၉ သတ်မှတ်ထားပါတယ်။ ဥရောပဈေးကွက်မှာတော့ 6GB RAM / 64GB Storage ဗားရှင်းဟာ ယူရို ၃၅၀ အောက် ကျသင့်မှာပါ။ Flagship တန်းဝင် Chipset နဲ့ ကောင်းမွန်တဲ့ မန်မိုရီပမာဏတွေအပြင် ဒီဖုန်းမှာ ကြီးမားတဲ့ 4000 mAh ဘက္ထရီကြီးတစ်ခု၊ Face Unlock စနစ်နဲ့ သဘောကျစရာ ကင်မရာ အတွဲတို့ ပါဝင်တယ်။

Ref – GSM Arena