[Zawgyi]

OnePlus 6 ေတြထြက္ထားတာ လပိုင္းပဲရိွေသးေပမယ့္ ထံုးစံအတုိင္း သူ႔ရဲ႕ေနာက္ဆက္တြဲ OnePlus 6T ေတြကို ဒီႏွစ္အတြင္းမွာပဲ ျမင္ရဦးမွာပါ။ ခုခ်ိန္ထိထြက္သမွ် ေကာလဟလေတြထဲမွာ OnePlus ကိုယ္တုိင္ အတည္ျပဳထားတာေတြလည္းပါသလို ဟိုဟိုဒီဒီကေန ျဖစ္ႏုိင္ေခ်ရိွတာေတြကို ခန႔္မွန္းေျပာတာေတြလည္း သိထားၾကမွာပါ။ အခု လာမယ့္ ေအာက္တိုဘာမွာ ျမင္ရေတာ့မယ့္ OnePlus 6T နဲ႔ပတ္သတ္ျပီး ျဖစ္ႏုိင္ေခ်ရိွတာေလးေတြအားလံုးကို စုေဆာင္းျပီး ဒီမွာစုစည္းေဖာ္ျပေပးလိုက္ပါတယ္။

Design

oneplus 6t news

ဒီဇိုင္းနဲ႔ပတ္သတ္ျပီးေတာ့ကေတာ့ ထြက္ထားတဲ့သတင္းေတြအတုိင္းဆို OnePlus 6 တုန္းကလို Notch မဟုတ္ေတာ့ဘဲ Oppo R17 လိုမ်ိဳး ထိပ္ဖက္မွာ Waterdrop Notch ေသးေသးေလးပါမွာပါ။ notch ထဲမွာေတာ့ Selfie ကင္မရာနဲ႔ ေနာက္ဘက္မွာေတာ့ Dual-Camera ပဲဆက္သံုးမယ့္ပံုပါ။ ဒီအခ်ိန္မွာ တစ္ခ်ိဳ႕ဝဘ္ဆုိဒ္ေတြကေန ေနာက္ကင္မရာ၃လံုးလို႔ သတင္းသဲ့သဲ့ၾကားေနရေပမယ့္ Dual-Camera ပဲျဖစ္ဖို႔မ်ားပါတယ္။

OnePlus 6 မွာတုန္းက ေက်ာဘက္ Dual-Camera ရဲ႕ေအာက္္ကပ္ရပ္မွာ Fingerprint Sensor ထားခဲ့ေပမယ့္ OnePlus6T မွာေတာ့ Fingerprint Sensor ကို မပါေတာ့ပါဘူး။ ဒါကေတာ့ ေကာလဟလသတင္းေတြအတုိင္းေရာ OnePlus ကိုယ္တုိင္ကပါ In-Display Fingerprint Sensor ကိုသံုးမယ္လို႔ အတည္ျပဳျပီးတဲ့အတြက္ ေသခ်ာျပီးသားပါ။ ေနာက္တစ္ခုျပဳတ္သြားမွာက နားၾကပ္ေပါက္ပါပဲ။ ဒီတစ္ေခါက္ OnePlus 6T က OnePlus ထဲမွာ 3.5mm နားၾကပ္ေပါက္ျဖဳတ္မယ့္ ပထမဆံုးဖုန္းတစ္လံုးျဖစ္လာမွာပါ။

Specifications

ဘာမွေတာ့ အေသးစိတ္မသိရေပမယ့္လည္း ဒီတစ္ေခါက္လည္း Qualcomm ရဲ႕ Snapdragon 845 ကိုပဲဆက္သံုးရဦးမွာပါပဲ။ Storage အတြက္ကေတာ့ အနည္းဆံုး RAM 6GB ROM 64GB ကေန စလာဖို႔မ်ားပါတယ္။ ေျပာရရင္ OnePlus ဖုန္္းေတြဆိုတာက ဖုန္းတုိင္းရဲ႕ အေကာင္းဆံုးအဆန္းသစ္ဆံုးနည္းပညာေတြကို ေစ်းတန္တန္နဲ႔ရတယ္ဆိုတဲ့အတုိင္း ဒီတစ္ေခါက္မွာလည္း ေနာက္ဆံုးထြက္နည္းပညာေတြကို တစ္စုတစ္စည္းတည္းေတြ႔ရဦးမွာ ေသခ်ာပါတယ္။ သူ႔ရဲ႕ Display ကေတာ့ 6.41 inch OLED Display ကိုမွ ထိပ္ဖက္က waterdrop notch ျဖစ္သြားေတာ့ Screen-to-body ratio က 19.5: 9 ေလာက္ထိကိုေရာက္သြားမွာပါ။

ေနာက္ဆံုးစိတ္ဝင္စားဖို႔အေကာင္းဆံုး၂ခ်က္

ပထမဆံုးကထြက္မယ့္ရက္ပါ။ ဒါကေတာ့ ဟိုတေလာကထြက္ထားတဲ့ Lock Screen ပံုေလးအတုိင္းသာဆို လာမယ့္ ေအာက္တိုဘာ ၁၇ရက္ေန႔က်ရင္ OnePlus ကိုျမင္ရေတာ့မယ့္ပံုပါ။ မေသခ်ာေသးရင္ေတာ့ OnePlus အေနနဲ႔EEC ဆီကေန ခြင့္ျပဳခ်က္ရျပီးျပီဆိုတာကို ထည့္စဥ္းစားလို႔ရပါတယ္။ ကုမၸဏီေတြအေနနဲ႔ သူတို႔ရဲ႕ ပစၥည္းကိုမထြက္ခင္ EEC ဆီကေန အရင္ခြင့္ျပဳခ်က္ယူရတာျဖစ္လို႔ ေသခ်ာတာကေတာ့ ေနာက္လမွာ OnePlus 6T ကိုျမင္ရဖုိ႔အခြင့္အေရးမ်ားေနပါျပီ။

ေနာက္တစ္ခုက ေစ်းႏႈန္းပါ။ မွန္းထားသေလာက္ကေတာ့ $550 ပတ္ခ်ာလည္ေလာက္မွာပဲရိွမွာပါ။ ဒီသတင္းေတြကေတာ့ မေန႔ကထိ စုမိေဆာင္းမိသိျပီးသေလာက္ေတြပါ။ ေနာက္ထပ္လည္း မိတ္ဆက္ဖို႔နီးလာေလေလ သတင္းေတြထပ္ထပ္ျပီးထြက္လာဦးမွာျဖစ္လို႔ စိတ္ဝင္တစားနဲ႔ေစာင့္ၾကည့္ဖို႔ပဲ က်န္ပါေတာ့တယ္။

Ref: AndroidAuthority, DigitalTrends

[Unicode]

oneplus 6 5t 5 3t camera shootout feat 1

OnePlus 6 တွေထွက်ထားတာ လပိုင်းပဲရှိသေးပေမယ့် ထုံးစံအတိုင်း သူ့ရဲ့နောက်ဆက်တွဲ OnePlus 6T တွေကို ဒီနှစ်အတွင်းမှာပဲ မြင်ရဦးမှာပါ။ ခုချိန်ထိထွက်သမျှ ကောလဟလတွေထဲမှာ OnePlus ကိုယ်တိုင် အတည်ပြုထားတာတွေလည်းပါသလို ဟိုဟိုဒီဒီကနေ ဖြစ်နိုင်ချေရှိတာတွေကို ခန့်မှန်းပြောတာတွေလည်း သိထားကြမှာပါ။ အခု လာမယ့် အောက်တိုဘာမှာ မြင်ရတော့မယ့် OnePlus 6T နဲ့ပတ်သတ်ပြီး ဖြစ်နိုင်ချေရှိတာလေးတွေအားလုံးကို စုဆောင်းပြီး ဒီမှာစုစည်းဖော်ပြပေးလိုက်ပါတယ်။

Design

oneplus 6t news

ဒီဇိုင်းနဲ့ပတ်သတ်ပြီးတော့ကတော့ ထွက်ထားတဲ့သတင်းတွေအတိုင်းဆို OnePlus 6 တုန်းကလို notch မဟုတ်တော့ဘဲ Oppo R17 လိုမျိုး ထိပ်ဖက်မှာ Waterdrop Notch သေးသေးလေးပါမှာပါ။ Notch ထဲမှာတော့ Selfie ကင်မရာနဲ့ နောက်ဘက်မှာတော့ Dual-Camera ပဲဆက်သုံးမယ့်ပုံပါ။ ဒီအချိန်မှာ တစ်ချို့ဝဘ်ဆိုဒ်တွေကနေ နောက်ကင်မရာ၃လုံးလို့ သတင်းသဲ့သဲ့ကြားနေရပေမယ့် Dual-Camera ပဲဖြစ်ဖို့များပါတယ်။

OnePlus 6 မှာတုန်းက ကျောဘက် Dual-Camera ရဲ့အောက်ကပ်ရပ်မှာ Fingerprint Sensor ထားခဲ့ပေမယ့် OnePlus6T မှာတော့ Fingerprint Sensor ကို မပါတော့ပါဘူး။ ဒါကတော့ ကောလဟလသတင်းတွေအတိုင်းရော OnePlus ကိုယ်တိုင်ကပါ In-Display Fingerprint Sensor ကိုသုံးမယ်လို့ အတည်ပြုပြီးတဲ့အတွက် သေချာပြီးသားပါ။ နောက်တစ်ခုပြုတ်သွားမှာက နားကြပ်ပေါက်ပါပဲ။ ဒီတစ်ခေါက် OnePlus 6T က OnePlus ထဲမှာ 3.5mm နားကြပ်ပေါက်ဖြုတ်မယ့် ပထမဆုံးဖုန်းတစ်လုံးဖြစ်လာမှာပါ။

Specifications

ဘာမှတော့ အသေးစိတ်မသိရပေမယ့်လည်း ဒီတစ်ခေါက်လည်း Qualcomm ရဲ့ Snapdragon 845 ကိုပဲဆက်သုံးရဦးမှာပါပဲ။ Storage အတွက်ကတော့ အနည်းဆုံး RAM 6GB ROM 64GB ကနေ စလာဖို့များပါတယ်။ ပြောရရင် OnePlus ဖုန်းတွေဆိုတာက ဖုန်းတိုင်းရဲ့ အကောင်းဆုံးအဆန်းသစ်ဆုံးနည်းပညာတွေကို ဈေးတန်တန်နဲ့ရတယ်ဆိုတဲ့အတိုင်း ဒီတစ်ခေါက်မှာလည်း နောက်ဆုံးထွက်နည်းပညာတွေကို တစ်စုတစ်စည်းတည်းတွေ့ရဦးမှာ သေချာပါတယ်။ သူ့ရဲ့ Display ကတော့ 6.41 inch OLED Display ကိုမှ ထိပ်ဖက်က waterdrop notch ဖြစ်သွားတော့ Screen-to-body ratio က 19.5: 9 လောက်ထိကိုရောက်သွားမှာပါ။

နောက်ဆုံးစိတ်ဝင်စားဖို့အကောင်းဆုံး၂ချက်

ပထမဆုံးကထွက်မယ့်ရက်ပါ။ ဒါကတော့ ဟိုတလောကထွက်ထားတဲ့ Lock Screen ပုံလေးအတိုင်းသာဆို လာမယ့် အောက်တိုဘာ ၁၇ရက်နေ့ကျရင် OnePlus ကိုမြင်ရတော့မယ့်ပုံပါ။ မသေချာသေးရင်တော့ OnePlus အနေနဲ့EEC ဆီကနေ ခွင့်ပြုချက်ရပြီးပြီဆိုတာကို ထည့်စဉ်းစားလို့ရပါတယ်။ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ပစ္စည်းကိုမထွက်ခင် EEC ဆီကနေ အရင်ခွင့်ပြုချက်ယူရတာဖြစ်လို့ သေချာတာကတော့ နောက်လမှာ OnePlus 6T ကိုမြင်ရဖို့အခွင့်အရေးများနေပါပြီ။

နောက်တစ်ခုက ဈေးနှုန်းပါ။ မှန်းထားသလောက်ကတော့ $550 ပတ်ချာလည်လောက်မှာပဲရှိမှာပါ။ ဒီသတင်းတွေကတော့ မနေ့ကထိ စုမိဆောင်းမိသိပြီးသလောက်တွေပါ။ နောက်ထပ်လည်း မိတ်ဆက်ဖို့နီးလာလေလေ သတင်းတွေထပ်ထပ်ပြီးထွက်လာဦးမှာဖြစ်လို့ စိတ်ဝင်တစားနဲ့စောင့်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်။

Ref: AndroidAuthority, DigitalTrends