[Zawgyi]

Apple ဟာ မၾကာခင္ရက္ပိုင္းအတြင္းကပဲ သူ႔ရဲ႕ ၂၀၁၈ iPhone အမ်ိဳးအစား သုံးမ်ိဳးလုံးအတြက္ ထုတ္လုပ္မႈ အေရအတြက္ကို ေလွ်ာ့ခ်ဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္း သိရပါတယ္။ iPhone XS, XS Max နဲ႔ XR တို႔ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက စတင္မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Apple ရဲ႕ iPhone သစ္အားလုံးဟာ ထင္သေလာက္ ေရာင္းအားသြက္လက္ျခင္းမရွိတာနဲ႔ ႀကဳံေတြ႕ေနရပါတယ္။ ဒါေၾကာင့္ Apple က လက္ရွိေရာင္းအားကို ၾကည့္ရႈၿပီး မူလသတ္မွတ္ထားတဲ့ အေရအတြက္ ျပည့္မီေအာင္ေရာင္းခ်ႏိုင္မယ္ဆိုတာကို သံသယရွိတဲ့အတြက္ အခုလို ထုတ္လုပ္မႈအေရအတြက္ကို ေလွ်ာ့ခ်ဖို႔ ဆုံးျဖတ္လိုက္ရတာ ျဖစ္ပါတယ္။

The Wall Street Journal ရဲ႕ ေဖာ္ျပခ်က္အရ Apple အေနနဲ႔ အခုလိုမ်ိဳး ထုတ္လုပ္မႈအေရအတြက္ကို ေလွ်ာ့ခ်လိုက္ျခင္းေၾကာင့္ သူ႔ရဲ႕ Supplier ေတြအေနနဲ႔လည္း ကေသာင္းကနင္း ျဖစ္ခဲ့ရတယ္လို႔ သိရပါတယ္။ အထူးသျဖင့္ iPhone ရဲ႕ အဓိက Suppliers ေတြျဖစ္တဲ့ Qorvo, Lumentum Holdings နဲ႔ Japan Display တို႔ျဖစ္ပါတယ္။

Apple အေနနဲ႔ ေဈးကြက္ယွဥ္ၿပိဳင္ရမႈ မ်ားျပားလာျခင္း၊ သုံးစြဲသူေတြရဲ႕ အႀကိဳက္ေျပာင္းလဲလာျခင္းေတြေၾကာင့္ iPhone ေတြကို အ႐ြယ္အစားေျပာင္းလဲခဲ့ေပမယ့္ ထင္သေလာက္ ေအာင္ျမင္မႈ မရခဲ့တာပဲ ျဖစ္ပါတယ္။ လာမယ့္ ဒီဇင္ဘာလကေတာ့ ေဈးေရာင္းပြဲေတာ္လျဖစ္တာေၾကာင့္ Apple အေနနဲ႔ သူ႔ရဲ႕ ၂၀၁၈ ထုတ္ iPhone ေတြကို ႏွစ္မကုန္မီ ေရာင္းႏိုင္သမွ်ေရာင္းထုတ္ဖို႔ ႀကိဳးစားရဦးမွာ ျဖစ္ပါတယ္။

Ref: Cnet

[Unicode]

Apple ဟာ မကြာခင်ရက်ပိုင်းအတွင်းကပဲ သူ့ရဲ့ ၂၀၁၈ iPhone အမျိုးအစား သုံးမျိုးလုံးအတွက် ထုတ်လုပ်မှု အရေအတွက်ကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ iPhone XS, XS Max နဲ့ XR တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Apple ရဲ့ iPhone သစ်အားလုံးဟာ ထင်သလောက် ရောင်းအားသွက်လက်ခြင်းမရှိတာနဲ့ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် Apple က လက်ရှိရောင်းအားကို ကြည့်ရှုပြီး မူလသတ်မှတ်ထားတဲ့ အရေအတွက် ပြည့်မီအောင်ရောင်းချနိုင်မယ်ဆိုတာကို သံသယရှိတဲ့အတွက် အခုလို ထုတ်လုပ်မှုအရေအတွက်ကို လျှော့ချဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။

The Wall Street Journal ရဲ့ ဖော်ပြချက်အရ Apple အနေနဲ့ အခုလိုမျိုး ထုတ်လုပ်မှုအရေအတွက်ကို လျှော့ချလိုက်ခြင်းကြောင့် သူ့ရဲ့ Supplier တွေအနေနဲ့လည်း ကသောင်းကနင်း ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ အထူးသဖြင့် iPhone ရဲ့ အဓိက Suppliers တွေဖြစ်တဲ့ Qorvo, Lumentum Holdings နဲ့ Japan Display တို့ဖြစ်ပါတယ်။

Apple အနေနဲ့ ဈေးကွက်ယှဉ်ပြိုင်ရမှု များပြားလာခြင်း၊ သုံးစွဲသူတွေရဲ့ အကြိုက်ပြောင်းလဲလာခြင်းတွေကြောင့် iPhone တွေကို အရွယ်အစားပြောင်းလဲခဲ့ပေမယ့် ထင်သလောက် အောင်မြင်မှု မရခဲ့တာပဲ ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလကတော့ ဈေးရောင်းပွဲတော်လဖြစ်တာကြောင့် Apple အနေနဲ့ သူ့ရဲ့ ၂၀၁၈ ထုတ် iPhone တွေကို နှစ်မကုန်မီ ရောင်းနိုင်သမျှရောင်းထုတ်ဖို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။

Ref: Cnet