Apple ဟာ သူ့ရဲ့ ပစ္စည်းအသစ် တချို့ကို “Star” ဆိုတဲ့ Codename နဲ့ ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီ Secret Project “Star” မှာ ထုတ်လုပ်မယ့် ပစ္စည်းတွေဟာ ARM processors တွေနဲ့ Run တဲ့ Lightweight Mac တွေကို Apple ရဲ့ Laptop တွေ Mobile Device တွေရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေပါ ထည့်သွင်း ထုတ်လုပ်သွားမှာလို့ သိရပါတယ်။

Source: Technologynews.com

Apple ဟာ MacOS နဲ့ iOS ကိုပေါင်းစပ်ပြီး ပစ္စည်းသစ်တချို့ ထုတ်လုပ်ချင်နေတာ ကြာပါပြီ။ လောလောဆယ် သတင်းထွက်နေတဲ့ Star ရဲ့ Device တွေမှာတော့ Touchscreen ၊ Sim Card Slot တစ်ခု ၊ GPS နဲ့ Compass ပါဝင်ပြီး လက်ရှိ Mac Devices တွေမှာပါတဲ့ Basic Firmware နဲ့ တူတဲ့ Firmware တစ်ခု နဲ့ Run ထားတယ်လို့ သိရပါတယ်။ တစ်ချိန်ထဲမှာ ထွက်နေတဲ့ ကောလဟာလကတော့ Apple ဟာ iOS ရဲ့ မျိုးဆက်သစ်အတွက် ပစ္စည်းအသစ်တွေ သုံးပြီးထုတ်လုပ်မယ် လို့ဆိုပါတယ်။ ဒါ့အပြင် အဲ့ဒီ မျိုးဆက်သစ်ကို Apple ရဲ့ ရှိပြီးသား Device Family တွေနဲ့ မတူတဲ့ Family အနေနဲ့ ထုတ်လုပ်မယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။

Source: rpk-grani.ru

ဒါကတော့ Apple ရဲ့ “Star” နဲ့ပတ်သက်ပြီး ထွက်ရှိထားသမျှ ကောလဟာလတွေပဲ ဖြစ်ပါတယ်။ Apple ကတော့ အဆင့်မြင့် ပစ္စည်းတွေထက် ပိုမြင့်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ချင်တဲ့ ပုံပါပဲ။ Star Device တွေသာ ဈေးကွက်ထဲ ဝင်ရောက်လာရင် အားလုံးထက်သာတဲ့ Device တွေဖြစ်လာမယ်လို့ ထင်ကြလားဗျ။ Star နဲ့ ပတ်သက်ပြီး ပရိတ်သတ်ကြီးရဲ့ အမြင်လေးကို ဝင်ရောက် ဆွေးနွေးသွားပါဦး။