Zawgyi Font Version

ASUS ROG ဖုန္းဟာ လြန္ခဲ့တဲ့လ ေတြက ထြက္ထားသမွ် ဖုန္းေတြၾကားထဲမွာ လူေတြစိတ္ဝင္စားမွု အရွိဆံုးဖုန္းတစ္လံုးျဖစ္လာပါတယ္။ လြန္ခဲ့တဲ့ လပိုင္းအၾကာ မိတ္ဆက္ထားကတည္းက အထင္ၾကီးျခင္းခံခဲ့ရျပီး ရုတ္တရက္ သတင္းအစအန ေပ်ာက္သြားခဲ့ပါတယ္။ ေစ်းကြက္အတြင္း ဘယ္အခ်ိန္ဝယ္လို႔ရမလဲဆိုတာနဲ႔ ေစ်းဘယ္ေလာက္ရွိမလဲဆုိတာေတြမသိရခဲ့ပါဘူး။ ဒါေပမယ့္လည္း ရုတ္တရက္ဆိုသလို ေျမာက္အေမရိက ASUS ကေနျပီး မၾကာခင္ေရာင္းခ်ေတာ့မယ့္ ASUS ROG ဖုန္းရဲ႕ Teaser ကို တြစ္တာ ေပၚမွာတင္ခဲ့ပါတယ္။

တြစ္တာေပၚမွာ တင္ခဲ့တဲ့ ASUS ROG ရဲ႕ Teaser အရ ASUS ROG ဖုန္းကိုေနာက္ခံထားျပီး အေပၚကေန “Coming to New York” နဲ႔ “10.18.2018” ဆိုတဲ့ စာသားေတြကို ေရးသားထားပါတယ္။ အဆိုပါ စကားလံုးေတြရဲ႕ အဓိပၸါယ္အရ ASUS ရဲ႕ အၾကမ္းစား Gaming ဖုန္းၾကီး ASUS ROG ကို ေအာက္တိုဘာ ၁၈ ရက္ New York ျမိဳ႕မွာ စတင္ေရာင္းခ်ေတာ့မယ္လို႔ သိရပါတယ္။ အခုကစျပီး ႏွစ္ပတ္ေလာက္အၾကာမွာ ကမၻာတစ္ဝွမ္းက မိုဘိုင္း ဂိမ္မာေတြရဲ႕ လက္ထဲအေရာက္ေနရာယူႏိုင္ေတာ့မွာပါ။

Computex ပြဲမွာ စတင္မိတ္ဆက္ခဲ့တဲ့ ASUS ROG ဖုန္းဟာ Gaming ဖုန္းတစ္လံုးျဖစ္ျပီး ေျခာက္လက္မ အရြယ္ ၾကီးမားက်ယ္ျပန္႔တဲ့ AMOLED မ်က္ႏွာျပင္က ဂိမ္းကစားတဲ့ေနရာမွာ အရမ္းအဆင္ေျပေစပါတယ္။ Qualcomm ရဲ႕ AI အေထာက္အပံ့စနစ္ပါဝင္တဲ့ Snapdragon 845 က ဂိမ္းေဆာ့တဲ့ေနရာမွာ Frame Rate ေတြက်မသြားေစပဲ ဂရပ္ဖစ္အျမင့္ ဂိမ္းေတြကို ေခ်ာေခ်ာေမြ႔ေမြ႔ေဆာ့ကစား ႏိုင္ေစမွာပါ။ 8GB RAM နဲ႔ ဖုန္းတြင္းမွတ္ဥာဏ္ 128GB ေမာ္ဒယ္အျပင္ 512GB ထိပါဝင္တဲ့ ေမာ္ဒယ္ပါဝယ္ယူႏိုင္လို႔ ဂိမ္းေပါင္းမ်ားစြာ ထည့္သြင္းေဆာ့ကစားႏိုင္ပါတယ္။ ေကာလဟလေတြအရေတာ့ ေစ်းသက္သာတဲ့ RAM 4GB နဲ႔ 6GB ေမာ္ဒယ္ေတြပါေရာင္းခ်မယ္လို႔သိရပါတယ္။

ကင္မရာ စနစ္ကေတာ့ 12MP + 5MP ပါဝင္တဲ့ Dual Camera Setup ကိုအသံုးျပဳေပးထားပါတယ္။ အေရွ႕ဘက္ Selfie Camera ကေတာ့ 8MP ရွိပါတယ္။ 4,000mAh အရြယ္အစားရွိတဲ့ ဘက္ထရီေၾကာင့္ တစ္ေနကုန္ ဂိမ္းထိုင္ေဆာ့ႏိုင္မွာပါ။ QC 4+ အားအျမန္သြင္း စနစ္ေၾကာင့္ အားျပည့္တာအရမ္းျမန္လို႔ ဂိမ္းဆက္တိုက္ေဆာ့ျပီး ခနေလးနားတဲ့အခ်ိန္မွာ အားသြင္းထားလိုက္ရံုနဲ႔ ေနာက္ထပ္ နာရီေပါင္းမ်ားစြာဆက္တိုက္ ကစားႏိုင္မွာပါ။ Operating System ကေတာ့ Android 8.1 Oreo ျဖစ္ျပီး ASUS ရဲ႕ကိုယ္ပိုင္ Gaming Skin နဲ႔ခ်ယ္သထားပါတယ္တဲ့။ ေစ်းႏွုန္းကေတာ့ ေဒၚလာ တစ္ေထာင္နားကပ္ႏိုင္ျပီး RAM ပမာဏနည္းတဲ့ ေမာ္ဒယ္ေတြထြက္လာရင္ေတာ့ ေစ်းသက္သာႏိုင္ပါတယ္။

Ref: Giz China

Unicode Version

ASUS ROG ဖုန်းဟာ လွန်ခဲ့တဲ့လ တွေက ထွက်ထားသမျှ ဖုန်းတွေကြားထဲမှာ လူတွေစိတ်ဝင်စားမှု အရှိဆုံးဖုန်းတစ်လုံးဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ လပိုင်းအကြာ မိတ်ဆက်ထားကတည်းက အထင်ကြီးခြင်းခံခဲ့ရပြီး ရုတ်တရက် သတင်းအစအန ပျောက်သွားခဲ့ပါတယ်။ ဈေးကွက်အတွင်း ဘယ်အချိန်ဝယ်လို့ရမလဲဆိုတာနဲ့ ဈေးဘယ်လောက်ရှိမလဲဆိုတာတွေမသိရခဲ့ပါဘူး။ ဒါပေမယ့်လည်း ရုတ်တရက်ဆိုသလို မြောက်အမေရိက ASUS ကနေပြီး မကြာခင်ရောင်းချတော့မယ့် ASUS ROG ဖုန်းရဲ့ Teaser ကို တွစ်တာ ပေါ်မှာတင်ခဲ့ပါတယ်။

တွစ်တာပေါ်မှာ တင်ခဲ့တဲ့ ASUS ROG ရဲ့ Teaser အရ ASUS ROG ဖုန်းကိုနောက်ခံထားပြီး အပေါ်ကနေ “Coming to New York” နဲ့ “10.18.2018” ဆိုတဲ့ စာသားတွေကို ရေးသားထားပါတယ်။ အဆိုပါ စကားလုံးတွေရဲ့ အဓိပ္ပါယ်အရ ASUS ရဲ့ အကြမ်းစား Gaming ဖုန်းကြီး ASUS ROG ကို အောက်တိုဘာ ၁၈ ရက် New York မြို့မှာ စတင်ရောင်းချတော့မယ်လို့ သိရပါတယ်။ အခုကစပြီး နှစ်ပတ်လောက်အကြာမှာ ကမ္ဘာတစ်ဝှမ်းက မိုဘိုင်း ဂိမ်မာတွေရဲ့ လက်ထဲအရောက်နေရာယူနိုင်တော့မှာပါ။

Computex ပွဲမှာ စတင်မိတ်ဆက်ခဲ့တဲ့ ASUS ROG ဖုန်းဟာ Gaming ဖုန်းတစ်လုံးဖြစ်ပြီး ခြောက်လက်မ အရွယ် ကြီးမားကျယ်ပြန့်တဲ့ AMOLED မျက်နှာပြင်က ဂိမ်းကစားတဲ့နေရာမှာ အရမ်းအဆင်ပြေစေပါတယ်။ Qualcomm ရဲ့ AI အထောက်အပံ့စနစ်ပါဝင်တဲ့ Snapdragon 845 က ဂိမ်းဆော့တဲ့နေရာမှာ Frame Rate တွေကျမသွားစေပဲ ဂရပ်ဖစ်အမြင့် ဂိမ်းတွေကို ချောချောမွေ့မွေ့ဆော့ကစား နိုင်စေမှာပါ။ 8GB RAM နဲ့ ဖုန်းတွင်းမှတ်ဉာဏ် 128GB မော်ဒယ်အပြင် 512GB ထိပါဝင်တဲ့ မော်ဒယ်ပါဝယ်ယူနိုင်လို့ ဂိမ်းပေါင်းများစွာ ထည့်သွင်းဆော့ကစားနိုင်ပါတယ်။ ကောလဟလတွေအရတော့ ဈေးသက်သာတဲ့ RAM 4GB နဲ့ 6GB မော်ဒယ်တွေပါရောင်းချမယ်လို့သိရပါတယ်။

ကင်မရာ စနစ်ကတော့ 12MP + 5MP ပါဝင်တဲ့ Dual Camera Setup ကိုအသုံးပြုပေးထားပါတယ်။ အရှေ့ဘက် Selfie Camera ကတော့ 8MP ရှိပါတယ်။ 4,000mAh အရွယ်အစားရှိတဲ့ ဘက်ထရီကြောင့် တစ်နေကုန် ဂိမ်းထိုင်ဆော့နိုင်မှာပါ။ QC 4+ အားအမြန်သွင်း စနစ်ကြောင့် အားပြည့်တာအရမ်းမြန်လို့ ဂိမ်းဆက်တိုက်ဆော့ပြီး ခနလေးနားတဲ့အချိန်မှာ အားသွင်းထားလိုက်ရုံနဲ့ နောက်ထပ် နာရီပေါင်းများစွာဆက်တိုက် ကစားနိုင်မှာပါ။ Operating System ကတော့ Android 8.1 Oreo ဖြစ်ပြီး ASUS ရဲ့ကိုယ်ပိုင် Gaming Skin နဲ့ချယ်သထားပါတယ်တဲ့။ ဈေးနှုန်းကတော့ ဒေါ်လာ တစ်ထောင်နားကပ်နိုင်ပြီး RAM ပမာဏနည်းတဲ့ မော်ဒယ်တွေထွက်လာရင်တော့ ဈေးသက်သာနိုင်ပါတယ်။

Ref: Giz China