Zawgyi

BlackBerry KEY2 ကိုေတာ့ အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕မွာ ၿပီးခဲ့တဲ့လက မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔မွာလည္း BlackBerry KEY2 LE အမည္ရွိ စမတ္ဖုန္းတစ္လုံးရဲ႕ ဒီဇိုင္းနဲ႔ Specification ေတြဟာ Online ကေန တစ္ဆင့္ ေပါက္ၾကားထြက္ေပၚလာျပန္ပါတယ္။

ေပါက္ၾကားထြက္ေပၚခဲ့တဲ့ အခ်က္အလက္ေတြအရဆိုရင္ BlackBerry KEY2 LE ရဲ႕ ဒီဇိုင္းပိုင္းဟာ BlackBerry KEY2 နဲ႔ယွဥ္ရင္ အနည္းငယ္ ေျပာင္းလဲသြားတာကို ေတြ႕ရပါတယ္။ Display အပိုင္းမွာ BlackBerry KEY2 မွာတုန္းက အသုံးျပဳခဲ့တဲ့ 4.5-inch Full-HD+ Display ကို အသုံးျပဳႏိုင္ၿပီး Resolution ကေတာ့ 1080 x 1620 pixels ရွိႏိုင္ပါတယ္။ Processor အပိုင္းအတြက္ Qualcomm ရဲ႕ Snapdragon 636 SoC ကို အသုံးျပဳႏိုင္ဖြယ္ ရွိၿပီး RAM အေနနဲ႔ 4GB ပါဝင္ႏိုင္ပါတယ္။ Memory Storage ကိုေတာ့ 32GB နဲ႔ 64GB ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ေရာင္းခ်သြားႏိုင္တယ္လို႔ သိရပါတယ္။

BlackBerry Key 2 LE ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ 13MP+5MP Camera ေတြကို တပ္ဆင္ထားႏိုင္ေၾကာင္း ကြၽမ္းက်င္ပညာရွင္မ်ားက ခန္႔မွန္း ေျပာဆိုထားၾကပါတယ္။ BlackBerry Key 2 ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာေတြကိုေတာ့ 12MP+12MP Camera ေတြကို တပ္ဆင္ခဲ့တာ ျဖစ္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 3000mAh ထည့္သြင္းထားႏိုင္ၿပီး အေလးခ်ိန္ကေတာ့ 168grams ရွိတယ္လို႔ သိရပါတယ္။

BlackBerry KEY2

BlackBerry KEY2 က Snapdragon 660 SoC, RAM 6GB နဲ႔ 3500mAh battery ပါဝင္တဲ့ စမတ္ဖုန္းအျဖစ္ ပြဲထြက္ခဲ့တာ ျဖစ္ၿပီး အိႏၵိယ ႐ူပီး ၄၂,၉၉၀ (ျမန္မာေငြ ၉သိန္း ဝန္းက်င္)နဲ႔ အိႏၵိယႏိုင္ငံမွာ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ KEY2 LE ကေတာ့ KEY2 ထက္ ေစ်းသက္သာတဲ့ စမတ္ဖုန္းအျဖစ္ ပြဲထြက္လာမွာ ျဖစ္ၿပီး ေစ်းႏႈန္းကိုေတာ့ အတိအက် မသိရေသးပါဘူး။

Ref:gadgets.ndtv

UNICODE

BlackBerry KEY2 LE ရဲ့ ဒီဇိုင်းနဲ့ Specification များ ပေါက်ကြား

BlackBerry KEY2 ကိုတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း BlackBerry KEY2 LE အမည်ရှိ စမတ်ဖုန်းတစ်လုံးရဲ့ ဒီဇိုင်းနဲ့ Specification တွေဟာ Online ကနေ တစ်ဆင့် ပေါက်ကြားထွက်ပေါ်လာပြန်ပါတယ်။

ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင် BlackBerry KEY2 LE ရဲ့ ဒီဇိုင်းပိုင်းဟာ BlackBerry KEY2 နဲ့ယှဥ်ရင် အနည်းငယ် ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ Display အပိုင်းမှာ BlackBerry KEY2 မှာတုန်းက အသုံးပြုခဲ့တဲ့ 4.5-inch Full-HD+ Display ကို အသုံးပြုနိုင်ပြီး Resolution ကတော့ 1080 x 1620 pixels ရှိနိုင်ပါတယ်။ Processor အပိုင်းအတွက် Qualcomm ရဲ့ Snapdragon 636 SoC ကို အသုံးပြုနိုင်ဖွယ် ရှိပြီး RAM အနေနဲ့ 4GB ပါဝင်နိုင်ပါတယ်။ Memory Storage ကိုတော့ 32GB နဲ့ 64GB ဆိုပြီး ၂မျိူး ထုတ်လုပ်ရောင်းချသွားနိုင်တယ်လို့ သိရပါတယ်။

BlackBerry Key 2 LE ရဲ့ နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 13MP+5MP Camera တွေကို တပ်ဆင်ထားနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်း ပြောဆိုထားကြပါတယ်။ BlackBerry Key 2 ရဲ့ နောက်ကျောဘက် ကင်မရာတွေကိုတော့ 12MP+12MP Camera တွေကို တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3000mAh ထည့်သွင်းထားနိုင်ပြီး အလေးချိန်ကတော့ 168grams ရှိတယ်လို့ သိရပါတယ်။

BlackBerry KEY2

BlackBerry KEY2 က Snapdragon 660 SoC, RAM 6GB နဲ့ 3500mAh battery ပါဝင်တဲ့ စမတ်ဖုန်းအဖြစ် ပွဲထွက်ခဲ့တာ ဖြစ်ပြီး အိန္ဒိယ ရူပီး ၄၂,၉၉၀ (မြန်မာငွေ ၉သိန်း ဝန်းကျင်)နဲ့ အိန္ဒိယနိုင်ငံမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ KEY2 LE ကတော့ KEY2 ထက် စျေးသက်သာတဲ့ စမတ်ဖုန်းအဖြစ် ပွဲထွက်လာမှာ ဖြစ်ပြီး စျေးနှုန်းကိုတော့ အတိအကျ မသိရသေးပါဘူး။

Ref:gadgets.ndtv