eSIM ေထာက္ပံ့ေပးတဲ့ Apple ထုတ္ကုန္ေတြ တုိးပြားလာေပမယ့္ သုံးစြဲသူေတြနဲ႔ ပိုရင္းႏွီးတဲ့ Dual-SIM စနစ္နဲ႔ အုိင္ဖုန္းေတြကိုလည္း ထုတ္လုပ္ဦးမယ္လို႔ သတင္းေတြ ထြက္ခဲ့ပါတယ္။ ယေန႔ေတာ့ China Telecom ရဲ႕ Facebook စာမ်က္ႏွာကေန တင္ခဲ့တဲ့ ဓါတ္ပုံအရ Dual-SIM ေမာ္ဒယ္ေတြ လာမယ္ဆုိတာကို အတည္ျပဳခဲ့ပါျပီ။

ပုံထဲမွာေဖာ္ျပထားတဲ့ ပုံအရ ကၽြမ္းက်င္သူေတြက အဆုိပါ ဖုန္းဟာ ၂၀၁၈ အုိင္ဖုန္းအသစ္ေတြထဲက တစ္ခုျဖစ္မယ္လို႔ ယုံၾကည္ထားျပီး အသစ္ထြက္လာမယ့္ အုိင္ဖုန္းသုံးမ်ဳိးထဲက ေစ်းအသက္သာဆုံးျဖစ္တဲ့ 6.1” လက္မအရြယ္ LCD မ်က္ႏွာျပင္နဲ႔ ဖုန္း ျဖစ္မယ္လို႔ ယူဆၾကပါတယ္။ ေၾကျငာထားတဲ့ပုံထဲက ဖုန္းဟာ ၾသဂုတ္လ တုန္းက တစ္ခါ သတင္းထြက္ခဲ့တဲ့ Leak ဓါတ္ပုံထဲက ဖုန္းနဲ႔ ပုံစံကြာျခားတာေၾကာင့္ အနည္းဆုံး Dual-SIM ေမာ္ဒယ္ႏွစ္ခု ထြက္လာမယ္လို႔ ယုံၾကည္ရျပီး တရုတ္ျပည္ေစ်းကြက္အတြင္း သီးသန္႔ေရာင္းခ်သြားႏုိင္ပါတယ္။

ေနာက္ထပ္ တရုတ္ျပည္တြင္း ကုမၸဏီတစ္ခုျဖစ္တဲ့ China Mobile ကလည္း သူတုိ႔ရဲ႕ Facebook Page မွာ ကြဲျပားတဲ့ ေၾကာ္ျငာပုံေတြကို တင္ခဲ့ျပီး ပန္းသီးေပၚမွာ SIM ကတ္ႏွစ္ကတ္ စုိက္ေနတဲ့ ပုံစံပါပဲ။ China Mobile ကေတာ့ Dual SIM ေမာ္ဒယ္သာ မကဘဲ Apple ထုတ္ကုန္အသစ္ သုံးမ်ဳိးလုံးကို ေရာင္းခ်သြားမွာပါ။

၂၀၁၈ အတြက္ Apple ရဲ႕ ထုတ္ကုန္အသစ္ေတြ မိတ္ဆက္ပြဲကိုေတာ့ အခုအပတ္ ဗုဒၶဟူးေန႔၊ စက္တင္ဘာ ၁၂ ရက္မွာ က်င္းပသြားမွာျဖစ္ျပီး သတင္းထြက္ထားတဲ့ အုိင္ဖုန္းအသစ္ေတြအျပင္ Apple Watch Series 4 နဲ႔ iPad အသစ္ေတြကိုပါ ေတြ႕ရဖို႔ ေမွ်ာ္လင့္ပါတယ္။

Ref – https://www.gsmarena.com/china_telecom_and_china_mobile_confirm_dual_sim_iphones_are_on_the_way-news-33178.php

Unicode

eSIM ထောက်ပံ့ပေးတဲ့ Apple ထုတ်ကုန်တွေ တိုးပွားလာပေမယ့် သုံးစွဲသူတွေနဲ့ ပိုရင်းနှီးတဲ့ Dual-SIM စနစ်နဲ့ အိုင်ဖုန်းတွေကိုလည်း ထုတ်လုပ်ဦးမယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ယနေ့တော့ China Telecom ရဲ့ Facebook စာမျက်နှာကနေ တင်ခဲ့တဲ့ ဓါတ်ပုံအရ Dual-SIM မော်ဒယ်တွေ လာမယ်ဆိုတာကို အတည်ပြုခဲ့ပါပြီ။

ပုံထဲမှာဖော်ပြထားတဲ့ ပုံအရ ကျွမ်းကျင်သူတွေက အဆိုပါ ဖုန်းဟာ ၂၀၁၈ အိုင်ဖုန်းအသစ်တွေထဲက တစ်ခုဖြစ်မယ်လို့ ယုံကြည်ထားပြီး အသစ်ထွက်လာမယ့် အိုင်ဖုန်းသုံးမျိုးထဲက ဈေးအသက်သာဆုံးဖြစ်တဲ့ 6.1” လက်မအရွယ် LCD မျက်နှာပြင်နဲ့ ဖုန်း ဖြစ်မယ်လို့ ယူဆကြပါတယ်။ ကြေငြာထားတဲ့ပုံထဲက ဖုန်းဟာ သြဂုတ်လ တုန်းက တစ်ခါ သတင်းထွက်ခဲ့တဲ့ Leak ဓါတ်ပုံထဲက ဖုန်းနဲ့ ပုံစံကွာခြားတာကြောင့် အနည်းဆုံး Dual-SIM မော်ဒယ်နှစ်ခု ထွက်လာမယ်လို့ ယုံကြည်ရပြီး တရုတ်ပြည်ဈေးကွက်အတွင်း သီးသန့်ရောင်းချသွားနိုင်ပါတယ်။

နောက်ထပ် တရုတ်ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ China Mobile ကလည်း သူတို့ရဲ့ Facebook Page မှာ ကွဲပြားတဲ့ ကြော်ငြာပုံတွေကို တင်ခဲ့ပြီး ပန်းသီးပေါ်မှာ SIM ကတ်နှစ်ကတ် စိုက်နေတဲ့ ပုံစံပါပဲ။ China Mobile ကတော့ Dual SIM မော်ဒယ်သာ မကဘဲ Apple ထုတ်ကုန်အသစ် သုံးမျိုးလုံးကို ရောင်းချသွားမှာပါ။

၂၀၁၈ အတွက် Apple ရဲ့ ထုတ်ကုန်အသစ်တွေ မိတ်ဆက်ပွဲကိုတော့ အခုအပတ် ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၁၂ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး သတင်းထွက်ထားတဲ့ အိုင်ဖုန်းအသစ်တွေအပြင် Apple Watch Series 4 နဲ့ iPad အသစ်တွေကိုပါ တွေ့ရဖို့ မျှော်လင့်ပါတယ်။