[Zawgyi]

ဒီဇင္ဘာ လဆန္းေလာက္တုန္းက Samsung ရဲ႕ အသစ္ထြက္လာမယ့္ ဖုန္းေတြအနက္ Galaxy A50 (SM-A505FN) ရဲ႕အခ်က္အလက္အခ်ိဳ႕ကို Geekbench ေပၚမွာ စတင္ ျမင္ေတြ႕ခဲ့ၾကရပါတယ္။ Exynos 7 9610 Chipset သုံးထားတယ္လို႔ သိရွိခဲ့ရၿပီး RAM 4GB အသုံးျပဳထားေၾကာင္းလည္း သိရွိခဲ့ၾကရပါတယ္။

မေန႔ကေတာ့ ၂၀၁၉ ထဲမွာ ထြက္ရွိလာမယ့္ Samsung ရဲ႕ Galaxy A50 ကို ဘက္ထရီပမာဏ 4,000 mAh တပ္ဆင္ေပးထားတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဒီသတင္းနဲ႔အတူ တြဲလ်က္ပါလာတဲ့ ေနာက္ထပ္ သတင္းအခ်က္အလက္ တစ္ခုက ေက်ာဘက္မွာတပ္ဆင္ထားတဲ့ ကင္မရာေတြအနက္ အဓိကကင္မရာဟာ 24MP နဲ႔ ျဖစ္တယ္ဆိုတာပါပဲ။

ဘက္ထရီနဲ႔ ပတ္သက္လာရင္ အၿမဲတမ္းနီးပါးေလာက္ အေျပာအဆိုမလြတ္ခဲ့တဲ့ Samsung ဟာ တျဖည္းျဖည္းနဲ႔ ျပဳျပင္ေျပာင္းလဲစ ျပဳေနၿပီလို႔ ဆိုရမွာပါ။ ဒါေပမယ့္ အခုထြက္လာတဲ့ Galaxy A50 အတြက္ 4,000 mAh ဆိုတဲ့ သတင္းထက္ Galaxy M20 အတြက္ 5,000 mAh သုံးမယ္လို႔ ထြက္လာခဲ့တဲ့ ေကာလာဟလကို ပိုၿပီးေတာ့ အံ့အားသင့္ခဲ့ၾကရမယ္လို႔ ထင္ပါတယ္။

အထက္မွာေဖာ္ျပခဲ့တဲ့အတိုင္း CPU အတြက္ အခ်က္အလက္ကေတာ့ အေျပာင္းအလဲမရွိပါဘူး။ RAM 4GB ဆိုတာလည္း ဒီေန႔အထိ အေျပာင္းအလဲ မရွိေသးပါဘူး။ ဒါ့အျပင္ Storage အတြက္ 64GB ဒါမွမဟုတ္ 128GB ျဖစ္လာႏိုင္တယ္ဆိုတဲ့ မွန္းဆခ်က္ေတြကလည္း အေျပာင္းအလဲ မရွိေသးဘဲ တည္ၿငိမ္ေနဆဲ ျဖစ္ပါတယ္။

Samsung Galaxy A50 ဟာ Android 9 Pie နဲ႔ ထြက္လာမယ္လို႔ဆိုတာေၾကာင့္ သူ႔ရဲ႕ ေဈးကြက္ထဲေရာက္ရွိခ်ိန္က Galaxy S10 series ေတြ ေနာက္မွျဖစ္မယ္လို႔ ယူဆရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Samsung ဟာ Android Version အသစ္နဲ႔ Flagships ေတြကိုပဲ အရင္ဦးဆုံး မိတ္ဆက္ေပးေရာင္းခ်ေလ့ရွိတဲ့ အစဥ္အလာေၾကာင့္ပဲ ျဖစ္ပါတယ္။

Ref: GSMarena

[Unicode]

ဒီဇင်ဘာ လဆန်းလောက်တုန်းက Samsung ရဲ့ အသစ်ထွက်လာမယ့် ဖုန်းတွေအနက် Galaxy A50 (SM-A505FN) ရဲ့အချက်အလက်အချို့ကို Geekbench ပေါ်မှာ စတင် မြင်တွေ့ခဲ့ကြရပါတယ်။ Exynos 7 9610 Chipset သုံးထားတယ်လို့ သိရှိခဲ့ရပြီး RAM 4GB အသုံးပြုထားကြောင်းလည်း သိရှိခဲ့ကြရပါတယ်။

မနေ့ကတော့ ၂၀၁၉ ထဲမှာ ထွက်ရှိလာမယ့် Samsung ရဲ့ Galaxy A50 ကို ဘက်ထရီပမာဏ 4,000 mAh တပ်ဆင်ပေးထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီသတင်းနဲ့အတူ တွဲလျက်ပါလာတဲ့ နောက်ထပ် သတင်းအချက်အလက် တစ်ခုက ကျောဘက်မှာတပ်ဆင်ထားတဲ့ ကင်မရာတွေအနက် အဓိကကင်မရာဟာ 24MP နဲ့ ဖြစ်တယ်ဆိုတာပါပဲ။

ဘက်ထရီနဲ့ ပတ်သက်လာရင် အမြဲတမ်းနီးပါးလောက် အပြောအဆိုမလွတ်ခဲ့တဲ့ Samsung ဟာ တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲစ ပြုနေပြီလို့ ဆိုရမှာပါ။ ဒါပေမယ့် အခုထွက်လာတဲ့ Galaxy A50 အတွက် 4,000 mAh ဆိုတဲ့ သတင်းထက် Galaxy M20 အတွက် 5,000 mAh သုံးမယ်လို့ ထွက်လာခဲ့တဲ့ ကောလာဟလကို ပိုပြီးတော့ အံ့အားသင့်ခဲ့ကြရမယ်လို့ ထင်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း CPU အတွက် အချက်အလက်ကတော့ အပြောင်းအလဲမရှိပါဘူး။ RAM 4GB ဆိုတာလည်း ဒီနေ့အထိ အပြောင်းအလဲ မရှိသေးပါဘူး။ ဒါ့အပြင် Storage အတွက် 64GB ဒါမှမဟုတ် 128GB ဖြစ်လာနိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေကလည်း အပြောင်းအလဲ မရှိသေးဘဲ တည်ငြိမ်နေဆဲ ဖြစ်ပါတယ်။
Samsung Galaxy A50 ဟာ Android 9 Pie နဲ့ ထွက်လာမယ်လို့ဆိုတာကြောင့် သူ့ရဲ့ ဈေးကွက်ထဲရောက်ရှိချိန်က Galaxy S10 series တွေ နောက်မှဖြစ်မယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ Samsung ဟာ Android Version အသစ်နဲ့ Flagships တွေကိုပဲ အရင်ဦးဆုံး မိတ်ဆက်ပေးရောင်းချလေ့ရှိတဲ့ အစဉ်အလာကြောင့်ပဲ ဖြစ်ပါတယ်။

Ref: GSMarena