Zawgyi

ကြၽန္ေတာ္တို႔ Google Chrome ကို အသုံးျပဳေနစဥ္ ဝက္ဆိုက္တစ္ခုကို ဝင္ဖို႔ ႀကိဳးစားတဲ့အခါမွာ Internet Connection ျပတ္ေတာက္သြားတာကို ႀကဳံဖူးၾကမွာပါ။ အဲ့ဒီလို Connection ျပတ္ေတာက္သြားတဲ့ အခ်ိန္မွာ No internet ဆိုတဲ့ ေခါင္းစဥ္နဲ႔အတူ ဒိုင္ႏိုေဆာေလးကိုပါ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ အဲ့ဒီ ဒိုင္ႏိုေဆာေလး ပါတဲ့ Web page ကို ျမင္ေတြ႕ရၿပီဆိုရင္ Space bar တစ္ခ်က္ႏွိပ္ျခင္းျဖင့္ Chrome Dino game ကို စတင္ေဆာ့ကစားႏိုင္မွာ ျဖစ္ပါတယ္။

Chrome Dino game ဟာ စက္တင္ဘာလ ၂၀၁၄ခုႏွစ္တုန္းက စတင္ထြက္ရွိခဲ့တာ ျဖစ္ၿပီး Google က Internet Connection ျပတ္ေတာက္ေနတဲ့အခ်ိန္မွာ အပ်င္းေျပေဆာ့ရေအာင္ ထည့္သြင္းေပးခဲ့တာ ျဖစ္ပါတယ္။ Chrome Dino game ဟာ Infinite Runner game အမ်ိဴးအစားျဖစ္ၿပီး အဆုံးမရွိတဲ့ လမ္းေၾကာင္းေပၚမွာ မေမာတမ္း ေျပးလႊားေနရမွာ ျဖစ္ပါတယ္။ လမ္းေပၚမွာ ေတြ႕တဲ့ အတားအဆီးေတြကို Space bar ႏွိပ္ၿပီး ခုန္ပ်ံ ေက်ာ္လႊားရမွာ ျဖစ္ၿပီး မိုးေပၚက ပ်ံသန္းလာတဲ့ ငွက္ေတြကိုေတြ႕ရင္ေတာ့ Down arrorw ႏွိပ္ျခင္းျဖင့္ ေရွာင္တိမ္းႏိုင္မွာ ျဖစ္ပါတယ္။

Chrome Dino game ရဲ႕ လက္ရွိ Version မွာ ၄ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ေရာင္စုံေမြးေန႔ကိတ္၊ ပူေပါင္းနဲ႔ ပါတီဦးထုပ္ေလးေတြကို ထပ္မံထည့္သြင္းေပးထားပါတယ္။ Chrome Dino game ကို Internet Connection ျပတ္ေတာက္မွ မဟုတ္ဘဲ chrome://dino ကေန တစ္ဆင့္လည္း ေဆာ့ကစားႏိုင္မွာ ျဖစ္ပါတယ္။

Ref: thenextweb

Unicode

Google Chrome မှာ ပါတဲ့ ဒိုင်နိုဆောလေး အသက် ၄နှစ် ပြည့်သွားပြီ

ကျွန်တော်တို့ Google Chrome ကို အသုံးပြုနေစဉ် ဝက်ဆိုက်တစ်ခုကို ဝင်ဖို့ ကြိုးစားတဲ့အခါမှာ Internet Connection ပြတ်တောက်သွားတာကို ကြုံဖူးကြမှာပါ။ အဲ့ဒီလို Connection ပြတ်တောက်သွားတဲ့ အချိန်မှာ No internet ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ဒိုင်နိုဆောလေးကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဒိုင်နိုဆောလေး ပါတဲ့ Web page ကို မြင်တွေ့ရပြီဆိုရင် Space bar တစ်ချက်နှိပ်ခြင်းဖြင့် Chrome Dino game ကို စတင်ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Chrome Dino game ဟာ စက်တင်ဘာလ ၂၀၁၄ခုနှစ်တုန်းက စတင်ထွက်ရှိခဲ့တာ ဖြစ်ပြီး Google က Internet Connection ပြတ်တောက်နေတဲ့အချိန်မှာ အပျင်းပြေဆော့ရအောင် ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ Chrome Dino game ဟာ Infinite Runner game အမျိူးအစားဖြစ်ပြီး အဆုံးမရှိတဲ့ လမ်းကြောင်းပေါ်မှာ မမောတမ်း ပြေးလွှားနေရမှာ ဖြစ်ပါတယ်။ လမ်းပေါ်မှာ တွေ့တဲ့ အတားအဆီးတွေကို Space bar နှိပ်ပြီး ခုန်ပျံ ကျော်လွှားရမှာ ဖြစ်ပြီး မိုးပေါ်က ပျံသန်းလာတဲ့ ငှက်တွေကိုတွေ့ရင်တော့ Down arrorw နှိပ်ခြင်းဖြင့် ရှောင်တိမ်းနိုင်မှာ ဖြစ်ပါတယ်။

Chrome Dino game ရဲ့ လက်ရှိ Version မှာ ၄နှစ်ပြည် အထိမ်းအမှတ်အဖြစ် ရောင်စုံမွေးနေ့ကိတ်၊ ပူပေါင်းနဲ့ ပါတီဦးထုပ်လေးတွေကို ထပ်မံထည့်သွင်းပေးထားပါတယ်။ Chrome Dino game ကို Internet Connection ပြတ်တောက်မှ မဟုတ်ဘဲ chrome://dino ကနေ တစ်ဆင့်လည်း ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Ref: thenextweb