[Zawgyi]

Google Photos ဟာ လူႀကိဳက္မ်ားထင္ရွားတဲ့ Android, iOS, Mac နဲ႔ PC ေတြအတြက္ အခမဲ့ အပါအဝင္၊ အကန႔္အသတ္မဲ့ ဓါတ္ပုံေတြနဲ႔ ဗီဒီယိုေတြ သိုေလွာင္ႏိုင္တဲ့ ဝန္ေဆာင္မႈပဲ ျဖစ္ပါတယ္။ အသုံးျပဳသူအေနနဲ႔ စိတ္ႀကိဳက္သိုေလွာင္ႏိုင္ၿပီး Google က ေနရာလြတ္ေတြဖန္တီးေပးထားကာ သိမ္းဆည္းေပးထားတဲ့ ဝန္ေဆာင္မႈလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔တုန္းကေတာ့ Google က သိုေလွာင္မႈ ပမာဏကို ေလ်ာ့က်ေစမယ့္ ဗီဒီယို Format ေတြကို ကန႔္သတ္လိုက္ပါတယ္။ ဒါေၾကာင့္ Video ေတြကိုသိမ္းဆည္းမယ္ဆိုရင္ Google က ေထာက္ပံ့ေပးတဲ့ Format ေတြပဲ တင္ၿပီးသိမ္းလို႔ရေတာ့မွာျဖစ္ပါတယ္။

Google Photo မွာ RAW ေတြနဲ႔ တျခား ေထာက္ပံ့မႈမေပးတဲ့ Format ေတြကို ထပ္ၿပီး သိမ္းဆည္းခြင့္မျပဳေတာ့တဲ့အျပင္ ရွိၿပီးသားေတြကိုလည္း ဆက္လက္ထားရွိခြင့္ မျပဳေတာ့ဘူးလို႔ ေၾကညာလိုက္ပါတယ္။ ဒီလိုလုပ္တာဟာ အေျပာင္းအလဲ တစ္ခုျပဳလုပ္ဖို႔ အတြက္အေၾကာင္းျပခ်က္ သက္သက္ မဟုတ္ဘူးလို႔ ယူဆရပါတယ္။

Google ရဲ႕ ထုတ္ျပန္ေၾကညာခ်က္မွာေတာ့ .mp4, .mod, .mmv စတဲ့ Format သုံးမ်ိဳးကိုပဲ ခြင့္ျပဳေတာ့တာ ေတြ႕ရပါတယ္။ Google က ေထာက္ပံ့ေပးႏိုင္တဲ့ Format ဟုတ္မဟုတ္ စမ္းသပ္ဖို႔နည္းလမ္းကေတာ့ Google Photos နဲ႔ ဗီဒီယိုေတြကို ဖြင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။ ဖြင့္လို႔မရဘူးဆိုရင္ေတာ့ Google က ေထာက္ပံ့ေပးတဲ့ Format မဟုတ္တာေၾကာင့္ Download လုပ္ထားတာ၊ ဒါမွမဟုတ္ ဖ်က္ပစ္လိုက္ဖို႔ Google က အႀကံေပးထားပါတယ္။

Ref: GSMarena

 

[Unicode]

Google Photos ဟာ လူကြိုက်များထင်ရှားတဲ့ Android, iOS, Mac နဲ့ PC တွေအတွက် အခမဲ့ အပါအဝင်၊ အကန့်အသတ်မဲ့ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေ သိုလှောင်နိုင်တဲ့ ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။ အသုံးပြုသူအနေနဲ့ စိတ်ကြိုက်သိုလှောင်နိုင်ပြီး Google က နေရာလွတ်တွေဖန်တီးပေးထားကာ သိမ်းဆည်းပေးထားတဲ့ ဝန်ဆောင်မှုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကတော့ Google က သိုလှောင်မှု ပမာဏကို လျော့ကျစေမယ့် ဗီဒီယို Format တွေကို ကန့်သတ်လိုက်ပါတယ်။ ဒါကြောင့် Video တွေကိုသိမ်းဆည်းမယ်ဆိုရင် Google က ထောက်ပံ့ပေးတဲ့ Format တွေပဲ တင်ပြီးသိမ်းလို့ရတော့မှာဖြစ်ပါတယ်။

Google Photo မှာ RAW တွေနဲ့ တခြား ထောက်ပံ့မှုမပေးတဲ့ Format တွေကို ထပ်ပြီး သိမ်းဆည်းခွင့်မပြုတော့တဲ့အပြင် ရှိပြီးသားတွေကိုလည်း ဆက်လက်ထားရှိခွင့် မပြုတော့ဘူးလို့ ကြေညာလိုက်ပါတယ်။ ဒီလိုလုပ်တာဟာ အပြောင်းအလဲ တစ်ခုပြုလုပ်ဖို့ အတွက်အကြောင်းပြချက် သက်သက် မဟုတ်ဘူးလို့ ယူဆရပါတယ်။

Google ရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ .mp4, .mod, .mmv စတဲ့ Format သုံးမျိုးကိုပဲ ခွင့်ပြုတော့တာ တွေ့ရပါတယ်။ Google က ထောက်ပံ့ပေးနိုင်တဲ့ Format ဟုတ်မဟုတ် စမ်းသပ်ဖို့နည်းလမ်းကတော့ Google Photos နဲ့ ဗီဒီယိုတွေကို ဖွင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဖွင့်လို့မရဘူးဆိုရင်တော့ Google က ထောက်ပံ့ပေးတဲ့ Format မဟုတ်တာကြောင့် Download လုပ်ထားတာ၊ ဒါမှမဟုတ် ဖျက်ပစ်လိုက်ဖို့ Google က အကြံပေးထားပါတယ်။

Ref: GSMarena