[Zawgyi]

Google ရဲ႕ Pixel 3 နဲ႔ 3 XL ေတြကေတာ့ ဝယ္ယူၿပီးခ်ိန္မွာ ျပႆနာေပါင္းမ်ားစြာနဲ႔ လုံးလည္လိုက္ၿပီး Software update ေတြအႀကိမ္ႀကိမ္နဲ႔ ေျဖရွင္းရတဲ့ဖုန္းေတြအျဖစ္ နာမည္ေက်ာ္ပါတယ္။ ေျဖရွင္းလို႔မကုန္ႏိုင္ေသးတဲ့ ျပႆနာေတြထဲက တစ္ခုျဖစ္တဲ့ ဗြီဒီယို႐ိုက္ကူးစဥ္ အသံအရည္အေသြးဆိုး႐ြားျခင္းကိုေတာ့ Software update နဲ႔အတူ ေျဖရွင္းႏိုင္ခဲ့ၿပီလို႔ သိရပါတယ္။

Google ဟာ ၂၀၁၉ ခုႏွစ္အေစာပိုင္းမွာ Pixel 3 နဲ႔ Pixel 3 XL ေတြအတြက္ January Security Patch ကို ထုတ္ေပးခဲ့ပါတယ္။ ဒီ Update ထဲမွာေတာ့ ဗြီဒီယို႐ိုက္ကူးစဥ္မွာ ႀကဳံေတြ႕ရတဲ့ အသံဖမ္းအရည္အေသြး မေကာင္းျခင္းကို ေျဖရွင္းေပးထားတာလည္း ပါဝင္တယ္လို႔ သိရပါတယ္။ Google Pixel 3 နဲ႔ Pixel 3 XL ပိုင္ရွင္ေတြကေတာ့ ႏွစ္သစ္လက္ေဆာင္ ရလိုက္တာပဲလို႔ ဆိုရမွာပါ။

Google ဟာ Pixel အေဟာင္းေတြနဲ႔ Pixel C တို႔ကိုလည္း Security Patch ကို ပို႔ေဆာင္ေပးလိုက္တယ္လို႔ သိရပါတယ္။ ဒီ Update ဟာ 56MB သာ ရွိတယ္လို႔လည္း သိရပါတယ္။ အကယ္၍ ကိုယ္တိုင္ Download ယူခ်င္တယ္ဆိုရင္ေတာ့ Factory image ကို ဆြဲယူလို႔ရပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာလဆန္းတုန္းကလည္း Google Pixel 3 ေတြရဲ႕ RAM ပိုင္းဆိုင္ရာ ျပႆနာကို ေျဖရွင္းဖို႔ Update ေပးခဲ့ရပါေသးတယ္။ ဒီဇင္ဘာ လကုန္ပိုင္းေလာက္က်ျပန္ေတာ့လည္း Call quality, Fingerprint Gesture issue စတဲ့ ျပႆနာေတြ ႀကဳံခဲ့ရပါေသးတယ္။ ဒီျပႆနာေတြကိုလည္း အခုခ်ေပးမယ့္ January Security Patch မွာ ေျဖရွင္းၿပီးသားလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးဘူး ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Pixel 3 ရဲ့ အသံအရည်အသွေးကို Software Update နဲ့ မြှင့်တင်နိုင်ပြီ

Google ရဲ့ Pixel 3 နဲ့ 3 XL တွေကတော့ ဝယ်ယူပြီးချိန်မှာ ပြဿနာပေါင်းများစွာနဲ့ လုံးလည်လိုက်ပြီး Software update တွေအကြိမ်ကြိမ်နဲ့ ဖြေရှင်းရတဲ့ဖုန်းတွေအဖြစ် နာမည်ကျော်ပါတယ်။ ဖြေရှင်းလို့မကုန်နိုင်သေးတဲ့ ပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ ဗွီဒီယိုရိုက်ကူးစဉ် အသံအရည်အသွေးဆိုးရွားခြင်းကိုတော့ Software update နဲ့အတူ ဖြေရှင်းနိုင်ခဲ့ပြီလို့ သိရပါတယ်။

Google ဟာ ၂၀၁၉ ခုနှစ်အစောပိုင်းမှာ Pixel 3 နဲ့ Pixel 3 XL တွေအတွက် January Security Patch ကို ထုတ်ပေးခဲ့ပါတယ်။ ဒီ Update ထဲမှာတော့ ဗွီဒီယိုရိုက်ကူးစဉ်မှာ ကြုံတွေ့ရတဲ့ အသံဖမ်းအရည်အသွေး မကောင်းခြင်းကို ဖြေရှင်းပေးထားတာလည်း ပါဝင်တယ်လို့ သိရပါတယ်။ Google Pixel 3 နဲ့ Pixel 3 XL ပိုင်ရှင်တွေကတော့ နှစ်သစ်လက်ဆောင် ရလိုက်တာပဲလို့ ဆိုရမှာပါ။

Google ဟာ Pixel အဟောင်းတွေနဲ့ Pixel C တို့ကိုလည်း Security Patch ကို ပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။ ဒီ Update ဟာ 56MB သာ ရှိတယ်လို့လည်း သိရပါတယ်။ အကယ်၍ ကိုယ်တိုင် Download ယူချင်တယ်ဆိုရင်တော့ Factory image ကို ဆွဲယူလို့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလဆန်းတုန်းကလည်း Google Pixel 3 တွေရဲ့ RAM ပိုင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းဖို့ Update ပေးခဲ့ရပါသေးတယ်။ ဒီဇင်ဘာ လကုန်ပိုင်းလောက်ကျပြန်တော့လည်း Call quality, Fingerprint Gesture issue စတဲ့ ပြဿနာတွေ ကြုံခဲ့ရပါသေးတယ်။ ဒီပြဿနာတွေကိုလည်း အခုချပေးမယ့် January Security Patch မှာ ဖြေရှင်းပြီးသားလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး ဖြစ်ပါတယ်။

Ref: GSMArena