[Zawgyi]

Google ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလတြင္းမွာ Pixel 3 နဲ႔ Pixel 3 XL ေတြကို မိတ္ဆက္ခဲ့ပါတယ္။ အခုေတာ့ ဒီဖုန္းေတြထက္ ေဈးသက္သာတဲ့ Version အျဖစ္ Pixel 3 Lite နဲ႔ Pixel 3 Lite XL ေတြကို မိတ္ဆက္ေပးဦးမယ္လို႔ သိရပါတယ္။ Lite version ေတြက ေဈးသက္သာတဲ့အတြက္ အခ်ိဳ႕အစိတ္အပိုင္းေတြမွာေတာ့ အနည္းငယ္မတူညီမႈေတြ ရွိမွာ ျဖစ္ပါတယ္။

Pixel 3 Lite နဲ႔ Pixel 3 Lite XL နဲ႔ ပတ္သက္တဲ့ သတင္းေတြကေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာတည္းက အႀကိမ္ႀကိမ္ထြက္ေပၚခဲ့ၾကဖူးပါတယ္။ ႏိုဝင္ဘာလတုန္းက ထြက္ေပၚခဲ့တဲ့ သတင္းတစ္ခုမွာေတာ့ Pixel 3 Lite ဟာ Snapdragon 670 သုံးၿပီး 4GB RAM ပါဝင္မယ္ဆိုတာပါပဲ။ အခု ထြက္ေပၚတဲ့ သတင္းမွာေတာ့ Pixel 3 Lite XL မွာ Snapdragon 710 အသုံးျပဳမယ္လို႔ သိရပါတယ္။

ဒီသတင္းကလည္း Geekbench မွာေတြ႕ရတာျဖစ္လို႔ အတည္ျပဳႏိုင္တယ္လို႔ ဆိုရမွာပါ။ Snapdragon 710 အျပင္ 6GB RAM ဆိုတာကေတာ့ အေတာ္ေလးကို စိတ္ဝင္စားဖို႔ ေကာင္းတယ္လို႔ ေျပာရမွာပဲ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Google ဟာ သူ႔ရဲ႕ Pixel ဖုန္းေတြမွာ အခုလိုမ်ိဳး 6GB RAM အသုံးျပဳတာဟာ ပထမဦးဆုံး ျဖစ္လို႔ပါပဲ။

ေရွ႕မွာထြက္ခဲ့တဲ့ Pixel 3 နဲ႔ Pixel 3 XL ေတြမွာလည္း 4GB RAM ပဲ အသုံးျပဳခဲ့တာျဖစ္တဲ့အတြက္ Pixil 3 Lite XL က်မွ 6GB RAM သုံးတာဟာ ထူးဆန္းတယ္လို႔ ဆိုရမွာပါ။ Geekbench ရဲ႕ Data ကပဲ မွားယြင္းေနတာလား။ ဒါမွမဟုတ္ Pixel 3 Lite XL မွာ အမွန္တကယ္ပဲ 6GB RAM ကို အသုံးျပဳမွာလားဆိုတာကို ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref: GSMArena

[Unicode]

Snapdragon 710 နဲ့ 6GB RAM သုံးထားဖွယ်ရှိတဲ့ Google Pixel 3 Lite XL

Google ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင်းမှာ Pixel 3 နဲ့ Pixel 3 XL တွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ ဒီဖုန်းတွေထက် ဈေးသက်သာတဲ့ Version အဖြစ် Pixel 3 Lite နဲ့ Pixel 3 Lite XL တွေကို မိတ်ဆက်ပေးဦးမယ်လို့ သိရပါတယ်။ Lite version တွေက ဈေးသက်သာတဲ့အတွက် အချို့အစိတ်အပိုင်းတွေမှာတော့ အနည်းငယ်မတူညီမှုတွေ ရှိမှာ ဖြစ်ပါတယ်။

Pixel 3 Lite နဲ့ Pixel 3 Lite XL နဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာတည်းက အကြိမ်ကြိမ်ထွက်ပေါ်ခဲ့ကြဖူးပါတယ်။ နိုဝင်ဘာလတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတစ်ခုမှာတော့ Pixel 3 Lite ဟာ Snapdragon 670 သုံးပြီး 4GB RAM ပါဝင်မယ်ဆိုတာပါပဲ။ အခု ထွက်ပေါ်တဲ့ သတင်းမှာတော့ Pixel 3 Lite XL မှာ Snapdragon 710 အသုံးပြုမယ်လို့ သိရပါတယ်။

ဒီသတင်းကလည်း Geekbench မှာတွေ့ရတာဖြစ်လို့ အတည်ပြုနိုင်တယ်လို့ ဆိုရမှာပါ။ Snapdragon 710 အပြင် 6GB RAM ဆိုတာကတော့ အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Google ဟာ သူ့ရဲ့ Pixel ဖုန်းတွေမှာ အခုလိုမျိုး 6GB RAM အသုံးပြုတာဟာ ပထမဦးဆုံး ဖြစ်လို့ပါပဲ။

ရှေ့မှာထွက်ခဲ့တဲ့ Pixel 3 နဲ့ Pixel 3 XL တွေမှာလည်း 4GB RAM ပဲ အသုံးပြုခဲ့တာဖြစ်တဲ့အတွက် Pixil 3 Lite XL ကျမှ 6GB RAM သုံးတာဟာ ထူးဆန်းတယ်လို့ ဆိုရမှာပါ။ Geekbench ရဲ့ Data ကပဲ မှားယွင်းနေတာလား။ ဒါမှမဟုတ် Pixel 3 Lite XL မှာ အမှန်တကယ်ပဲ 6GB RAM ကို အသုံးပြုမှာလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref: Phonearena