[Zawgyi]

Honor ကုမၸဏီဟာ စက္တင္ဘာလတုန္းက Honor 8X နဲ႔ Honor 8X Max စမတ္ဖုန္းသစ္ ႏွစ္လုံးကို ႏုိင္ငံတကာေစ်းကြက္သုိ႔ မိတ္ဆက္ခဲ့ပါတယ္။ အဆုိပါ မိတ္ဆက္ပြဲမွာ သူတုိ႔ရဲ႕ေနာက္ဆုံးေပၚ လက္ဝတ္ကိရိယာ Honor Band 4 ကိုပါ ျပသခဲ့ၿပီး အခုေတာ့ Honor Band 4 ဟာ တရုတ္ေစ်းကြက္ျပင္ပသို႔ ပထမဆုံးအၾကိမ္ ထြက္ရွိလာေတာ့မွာပါ။

Honor Band 4 ဟာ ဘတ္ဂ်က္ဖုန္း Honor 8C နဲ႔အတူ အိႏၵိယေစ်းကြက္ကို အရင္ ဝင္ေရာက္လာမွာျဖစ္ၿပီး Amazon သီးသန္႔ေရာင္းခ်မႈအျဖစ္ ေလာေလာဆယ္ ေၾကျငာထားကာ ဒီဇင္ဘာ ၂၄ မွ စတင္ေရာင္းခ်သြားမွာပါ။

အိႏၵိယႏုိင္ငံက Amazon ကုမၸဏီကလည္း ခရစၥမတ္အႀကိဳကာလ ရက္စြဲကို အတည္ျပဳလိုက္ၿပီ ျဖစ္ၿပီး အားလပ္ရက္မွာ အထူးအစီအစဥ္နဲ႔ ေရာင္းခ်မယ့္ ပုံစံပါပဲ။ ေစ်းႏႈန္းကိုေတာ့ အတည္မျပဳရေသးေပမယ့္ ေဒၚလာ ၃၀ ေအာက္ျဖစ္တဲ့ အိႏၵိယရူပီးေငြ ၁၉၉၉ ခန္႔နဲ႔ ေရာင္းခ်သြားမယ္လို႔ ေမွ်ာ္လင့္ရတယ္။ တရုတ္ျပည္တြင္း ေစ်းကြက္က ေစ်းႏႈန္းနဲ႔ အတူတူပါပဲ။ ဒီေစ်းႏႈန္းေၾကာင့္ အိႏၵိယေစ်းကြက္ထဲမွာေတာ့ Xiaomi ရဲ႕နာမည္ႀကီး Mi Band 3 နဲ႔ တုိက္ရုိက္ယွဥ္ၿပိဳင္သြားရမွာပါ။

အားကစားအတြက္ အထူးျပဳဝယ္ယူသူေတြဖို႔ Limited ဗားရွင္းတစ္ခုရွိၿပီး Running Edition လို႔ အမည္ေပးထားပါတယ္။ Honor Band 4 ကို အျပာ၊ အနက္နဲ႔ ပန္းေရာင္သုံးမ်ဳိးနဲ႔ ရရွိႏုိင္မွာပါ။ သူ႕မွာ 0.95” လက္မအရြယ္ 2.5D AMOLED ကာလာ Screen ပါဝင္ၿပီး ျခစ္ရာဒဏ္ကိုပါ ခံႏုိင္ရည္ရွိမွာျဖစ္တယ္။ ယခင္ Honor Band ေတြမွာ အေရာင္တစ္မ်ဳိးသာ ပါဝင္ခဲ့တာပါ။ ကိုယ္ထည္အခ်ဳိးက 43 x 17.2 x 11.5mm ျဖစ္ၿပီး 23g သာ ေလးပါတယ္။

Ref – Mysmartprice

[Unicode]

Honor ကုမ္ပဏီဟာ စက်တင်ဘာလတုန်းက Honor 8X နဲ့ Honor 8X Max စမတ်ဖုန်းသစ် နှစ်လုံးကို နိုင်ငံတကာဈေးကွက်သို့ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲမှာ သူတို့ရဲ့နောက်ဆုံးပေါ် လက်ဝတ်ကိရိယာ Honor Band 4 ကိုပါ ပြသခဲ့ပြီး အခုတော့ Honor Band 4 ဟာ တရုတ်ဈေးကွက်ပြင်ပသို့ ပထမဆုံးအကြိမ် ထွက်ရှိလာတော့မှာပါ။

Honor Band 4 ဟာ ဘတ်ဂျက်ဖုန်း Honor 8C နဲ့အတူ အိန္ဒိယဈေးကွက်ကို အရင် ဝင်ရောက်လာမှာဖြစ်ပြီး Amazon သီးသန့်ရောင်းချမှုအဖြစ် လောလောဆယ် ကြေငြာထားကာ ဒီဇင်ဘာ ၂၄ မှ စတင်ရောင်းချသွားမှာပါ။

အိန္ဒိယနိုင်ငံက Amazon ကုမ္ပဏီကလည်း ခရစ္စမတ်အကြိုကာလ ရက်စွဲကို အတည်ပြုလိုက်ပြီ ဖြစ်ပြီး အားလပ်ရက်မှာ အထူးအစီအစဉ်နဲ့ ရောင်းချမယ့် ပုံစံပါပဲ။ ဈေးနှုန်းကိုတော့ အတည်မပြုရသေးပေမယ့် ဒေါ်လာ ၃၀ အောက်ဖြစ်တဲ့ အိန္ဒိယရူပီးငွေ ၁၉၉၉ ခန့်နဲ့ ရောင်းချသွားမယ်လို့ မျှော်လင့်ရတယ်။ တရုတ်ပြည်တွင်း ဈေးကွက်က ဈေးနှုန်းနဲ့ အတူတူပါပဲ။ ဒီဈေးနှုန်းကြောင့် အိန္ဒိယဈေးကွက်ထဲမှာတော့ Xiaomi ရဲ့နာမည်ကြီး Mi Band 3 နဲ့ တိုက်ရိုက်ယှဉ်ပြိုင်သွားရမှာပါ။

အားကစားအတွက် အထူးပြုဝယ်ယူသူတွေဖို့ Limited ဗားရှင်းတစ်ခုရှိပြီး Running Edition လို့ အမည်ပေးထားပါတယ်။ Honor Band 4 ကို အပြာ၊ အနက်နဲ့ ပန်းရောင်သုံးမျိုးနဲ့ ရရှိနိုင်မှာပါ။ သူ့မှာ 0.95” လက်မအရွယ် 2.5D AMOLED ကာလာ Screen ပါဝင်ပြီး ခြစ်ရာဒဏ်ကိုပါ ခံနိုင်ရည်ရှိမှာဖြစ်တယ်။ ယခင် Honor Band တွေမှာ အရောင်တစ်မျိုးသာ ပါဝင်ခဲ့တာပါ။ ကိုယ်ထည်အချိုးက 43 x 17.2 x 11.5mm ဖြစ်ပြီး 23g သာ လေးပါတယ်။

Ref – Mysmartprice