[Zawgyi]

Huawei ရဲ႕ Brand ခြဲျဖစ္တဲ့  Honor ကေတာ့ သူ႔ရဲ႕ Honor Magic 2 ကို ဒီလကုန္မွာ မိတ္ဆက္သြားမယ့္ အစီအစဥ္ရိွေနပါတယ္။ Mi Mix 3 လိုမ်ိဳး လက္နဲ႔တြန္းဖြင့္လို႔ရတဲ့ Slider ဒီဇုိင္းပံုစံမ်ိဳးနဲ႔ Teaser ဗီဒီယိုေလးလည္း အရင္တစ္ပတ္ကပဲ ထြက္လာခဲ့ပါတယ္။ Slider နဲ႔သာဆို ဖုန္းရဲ႕ Screen ေနရာလည္းပိုက်ယ္သြားေတာ့မွာပါ။

အခုလည္း Weibo ဝဘ္ဆိုဒ္မွာ ေပၚလာတဲ့ Leak အတုိင္းဆိုရင္ Honor Magic 2 မွာ ေတာက္ေျပာင္ေနတဲ့ Glass ကိုယ္ထည္နဲ႔ အဲထက္ပိုသတိထားမိတာက ေက်ာဘက္မွာရိွတဲ့ ကင္မရာ၄လံုးပါ။

အေပၚကျပထားတဲ့ပံုက Honor Magic 2 ရဲ႕ Render ပံုပါ။ တရားဝင္ေၾကညာတာမဟုတ္ေသးေတာ့ Fake လည္းျဖစ္ရင္ျဖစ္ႏုိင္ပါလိမ့္မယ္။ ပံုပါအတုိင္းကေတာ့ အေရာင္ ၂ေရာင္နဲ႔ျဖစ္ျပီး ၁ေရာင္က အနက္ေရာင္ ေနာက္တစ္ေရာင္က အျပာ၊စိမ္းျပာနဲ႔ ခရမ္းေရာင္ေတြကို ေပါင္းျပီး အေရာင္ေဖာက္ထားတဲ့ Gradient အေရာင္ေလးပါ။

ဒီႏွစ္အေစာပိုင္းက မိတ္ဆက္ခဲ့တဲ့ Huawei P20 Pro မွာတုန္းက ကင္မရာကို ၃လံုးေဒါင္လိုက္ထားခဲ့ဖူးတဲ့အတြက္ ဒီ Magic 2 မွာ ၄လံုးေဒါင္လိုက္ထားမယ္ဆိုလည္း မျဖစ္ႏုိင္စရာေတာ့ မရိွပါဘူး။ Samsung ရဲ႕ Galaxy A9 (2018) ေတြေတာင္မွ ကင္မရာ ေဒါင္လိုက္ ၄လံုးနဲ႔ ကမာၻ႔ပထမဆံုး Quad Camera ျဖစ္ခဲ့ေသးတာပဲ ဆိုေတာ့ ဒီႏွစ္ရဲ႕ ျပိဳင္ဖက္ေတြအေနနဲ႔ ကင္မရာ ၄လံုးကို ေနရာအျပိဳင္အဆုိင္ လုၾကဦးမယ့္ပံုပါပဲ။

အခုဆုိ Honor Magic 2 ကို JD.com မွာ Pre-order တင္လို႔ရေနျပီျဖစ္ျပီး Samsung ရဲ႕ AMOLED Screen ကိုမွ Under Display Fingerprint Scanner နဲ႔ လာမယ္လို႔ သိရပါတယ္။ 3D Facial Scanner ကိုမွ Mate 20 Series ေတြလို 40W အျမန္အားသြင္းနည္းပညာနဲ႔လာမယ္လို႔ သိရပါတယ္။ ဆုိေတာ့ ေအာက္တိုဘာ ၃၁ရက္ေန႔ကိုပဲ ေစာင့္ၾကည့္လိုက္ၾကတာေပါ့..

Ref: GizmoChina

[Unicode]

Huawei ရဲ့ Brand ခွဲဖြစ်တဲ့  Honor ကတော့ သူ့ရဲ့ Honor Magic 2 ကို ဒီလကုန်မှာ မိတ်ဆက်သွားမယ့် အစီအစဉ်ရှိနေပါတယ်။ Mi Mix 3 လိုမျိုး လက်နဲ့တွန်းဖွင့်လို့ရတဲ့ Slider ဒီဇိုင်းပုံစံမျိုးနဲ့ Teaser ဗီဒီယိုလေးလည်း အရင်တစ်ပတ်ကပဲ ထွက်လာခဲ့ပါတယ်။ Slider နဲ့သာဆို ဖုန်းရဲ့ Screen နေရာလည်းပိုကျယ်သွားတော့မှာပါ။

အခုလည်း Weibo ဝဘ်ဆိုဒ်မှာ ပေါ်လာတဲ့ Leak အတိုင်းဆိုရင် Honor Magic 2 မှာ တောက်ပြောင်နေတဲ့ Glass ကိုယ်ထည်နဲ့ အဲထက်ပိုသတိထားမိတာက ကျောဘက်မှာရှိတဲ့ ကင်မရာ၄လုံးပါ။

အပေါ်ကပြထားတဲ့ပုံက Honor Magic 2 ရဲ့ Render ပုံပါ။ တရားဝင်ကြေညာတာမဟုတ်သေးတော့ Fake လည်းဖြစ်ရင်ဖြစ်နိုင်ပါလိမ့်မယ်။ ပုံပါအတိုင်းကတော့ အရောင် ၂ရောင်နဲ့ဖြစ်ပြီး ၁ရောင်က အနက်ရောင် နောက်တစ်ရောင်က အပြာ၊စိမ်းပြာနဲ့ ခရမ်းရောင်တွေကို ပေါင်းပြီး အရောင်ဖောက်ထားတဲ့ Gradient အရောင်လေးပါ။

ဒီနှစ်အစောပိုင်းက မိတ်ဆက်ခဲ့တဲ့ Huawei P20 Pro မှာတုန်းက ကင်မရာကို ၃လုံးဒေါင်လိုက်ထားခဲ့ဖူးတဲ့အတွက် ဒီ Magic 2 မှာ ၄လုံးဒေါင်လိုက်ထားမယ်ဆိုလည်း မဖြစ်နိုင်စရာတော့ မရှိပါဘူး။ Samsung ရဲ့ Galaxy A9 (2018) တွေတောင်မှ ကင်မရာ ဒေါင်လိုက် ၄လုံးနဲ့ ကမ္ဘာ့ပထမဆုံး Quad Camera ဖြစ်ခဲ့သေးတာပဲ ဆိုတော့ ဒီနှစ်ရဲ့ ပြိုင်ဖက်တွေအနေနဲ့ ကင်မရာ ၄လုံးကို နေရာအပြိုင်အဆိုင် လုကြဦးမယ့်ပုံပါပဲ။

အခုဆို Honor Magic 2 ကို JD.com မှာ Pre-order တင်လို့ရနေပြီဖြစ်ပြီး Samsung ရဲ့ AMOLED Screen ကိုမှ Under Display Fingerprint Scanner နဲ့ လာမယ်လို့ သိရပါတယ်။ 3D Facial Scanner ကိုမှ Mate 20 Series တွေလို 40W အမြန်အားသွင်းနည်းပညာနဲ့လာမယ်လို့ သိရပါတယ်။ ဆိုတော့ အောက်တိုဘာ ၃၁ရက်နေ့ကိုပဲ စောင့်ကြည့်လိုက်ကြတာပေါ့..

Ref: GizmoChina