စမတ်ဖုန်းဖြင့် ဓါတ်ပုံရိုက်ကူးခြင်း၊ Full-View Display တို့အတွက် ခေတ်သစ်ကို ဦးဆောင်ခဲ့ပြီး စမတ်ဖုန်း အသုံးပြုသည့် အတွေ့အကြုံကို ခေတ်သစ်ပြောင်းလဲပေးနိုင်ခဲ့သည်

[ဟောင်ကောင်၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်] – ယနေ့တွင် ဈေးကွက်ဦးဆောင် စမတ်ဖုန်းအမှတ်တံဆိပ် HONOR (ကုမ္ပဏီ) အံ့သြဖွယ်ရာ ကမ္ဘာ့ပထမဆုံး နည်းပညာသုံးမျိုးကို ကြေငြာခဲ့ပါသည်။ GPU Turbo ၏ အောင်မြင်မှုပြီးနောက်တွင် HONOR သည် 48 mega pixel နောက်ကင်မရာ၊ HONOR All-View Display နှင့် Link Turbo ဟူသော ကမ္ဘာ့ပထမဆုံး နည်းပညာသစ် သုံးမျိုးကို ကြေငြာလိုက်ပြီး စမတ်ဖုန်းဈေးကွက်ကို တုန်ခါသွားစေခဲ့ပါသည်။

HONOR ၏ Sony IMX586 sensor ပါရှိသည့် ဈေးကွက်အတွင်း၌ ပထမဆုံးသော 48MP နောက်ကင်မရာသည် စမတ်ဖုန်း ဓါတ်ပုံခေတ်သစ်တစ်ခုကို ဦးဆောင်ဖန်တီးနိုင်ခဲ့ပါသည်။ ထိုကင်မရာသည် စမတ်ဖုန်းဖြင့် ကမ္ဘာ့ပထမဆုံး High-definition 48 megapixels ဓါတ်ပုံများကို ရိုက်ကူးနိုင်စေမည်ဖြစ်ပြီး Zoom ချဲ့ကြည့်ရှုချိန်၌ပင် ပိုမိုထင်ရှား ကောင်းမွန်သည့် အရည်အသွေးမြင့် ပုံရိပ်များကို ဖမ်းယူပေးနိုင်မည် ဖြစ်ပါသည်။ ဤနည်းပညာကို Kirin 980 chipset ၏ dual-ISP နှင့် dual-NPU တို့ကြောင့် ရရှိလာသည့် AI တွက်ချက်မှုစွမ်းအားနှင့် ဂရပ်ဖစ်စွမ်းအားတို့ဖြင့် ပေါင်းစပ်လိုက်ချိန်တွင် ဖရိမ်အများအပြားကို တစ်ပြိုင်တည်း ပုံရိပ်ဖမ်းယူ ပြုပြင်မှုကို လုပ်ဆောင်ပေးမည်ဖြစ်ပြီး အသုံးပြုသူများကို 48MP ကင်မရာဖြင့် ရိုက်ကူးထားသည့် ဓါတ်ပုံအများအပြားကို ပေါင်းစည်း၍ 48MP AI high-definition ပုံရိပ်တစ်ခုကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ HONOR သည် အသုံးပြုသူများကို ပြိုင်ဘက်မရှိသော ပုံရိပ်အရည်အသွေးနှင့် ရှင်းလင်းမှုတို့ကို ရရှိစေမည်ဖြစ်ပြီး အဆင့်မြင့် မှန်ဘီလူးတစ်ခုပါ Reflex ကင်မရာများနှင့်အပြိုင် ရိုက်ကူးစေနိုင်မည် ဖြစ်ပါသည်။

HONOR သည် HONOR All-View Display ကို မိတ်ဆက်ပေးခြင်းဖြင့် အသစ်လွင်ဆုံးသော Full-view display အတွေ့အကြုံကို ရရှိစေခဲ့ပါသည်။ ဤကမ္ဘာ့ပထမဆုံး ဖန်သားပြင်အတွင်းမှရှေ့ကင်မရာဒီဇိုင်းကို အသုံးပြုနိုင်ရန်အတွက် ရှေ့ကင်မရာကို ဖန်သားပြင်မှ ပြသသည့်နေရာတွင် သေချာဂရုစိုက် မြှုပ်သွင်းပြီး ပြသနိုင်သည့် ဧရိယာကို ၁၀၀% အထိ တိုးချဲ့ပေးသည့် အလွန်ရှုပ်ထွေးသည့် အလွှာ ၁၈ လွှာထပ် နည်းပညာကို အသုံးပြုထားပါသည်။ ဆန်းသစ်သော HONOR All-View Display သည် 1.0 ခေတ်၏ 18:9 bezel-less ဖန်သားပြင်မှ 2.0 ခေတ်၏ notch ပါဖန်သားပြင်မှသည် ခေတ်သစ်ပြောင်း 3.0 ခေတ်အထိ full-view ဖန်သားပြင်၏ ဆင့်ကဲပြောင်းလဲမှုကို ဆက်လက်တိုးမြှင့်ရန်အတွက် HONOR ၏ မဆုတ်မနစ် ကြိုးပမ်းမှုကို သရုပ်ပြပေးနေပါသည်။

အသုံးပြုသူများသည် အမြဲတမ်း Online ၌ ဆက်ရှိနေလိုကြောင်း သိရှိထားသောကြောင့် HONOR သည် Link Turbo ကို မိတ်ဆက်ပေးခြင်းဖြင့် စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံကို ပြန်လည်ပြောင်းလဲပေးခဲ့ပါသည်။ AI နှင့် ဒေတာနည်းပညာကြီးများကို အသုံးချ၍ Link Turbo သည် အသုံးပြုသူများ၏ အသုံးပြုသည့်ပုံစံများနှင့် ကွန်ရက်အနေအထားများကို အလိုအလျောက် အကဲဖြတ်၍ Wi-Fi သို့မဟုတ် 4G ကွန်ရက်များအကြား ချောမွေ့စွာ ပြောင်းလဲပေးပြီး ကွန်ရက်နှစ်ခုစလုံးသို့ စဉ်ဆက်မပြတ် အပြန်အလှန် ပြောင်းလဲပေးပြီး ဒေါင်းလုပ်ရယူသည့် အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်ပါသည်။

အဆိုပါ အံ့သြဖွယ်ရာ နည်းပညာများကို မိတ်ဆက်ကြေငြာခြင်းသည် ယခုနှစ်တွင် HONOR မှ ပြသခဲ့သည့် ဆန်းသစ်ကောင်းမွန်မှုတို့ကို သရုပ်ပြပေးနေပါသည်။ ဤကုမ္ပဏီသည် အကောင်းဆုံးသော နည်းပညာတို့ကို လှပသည့် ပုံသဏ္ဍာန်များဖြင့် ပေါင်းစပ်ထားသည့် ဈေးကွက်အတွင်း ရေပန်းစားပြီး အများကြိုက်သော နောက်ဆုံးပေါ် လက်ကိုင်ဖုန်းများကို အောင်မြင်စွာ ဖန်တီးပေးနိုင်ခဲ့ပါသည်။ “ဈေးကွက်လမ်းသစ်ဖောက်သည့် ကုမ္ပဏီတစ်ခုအနေဖြင့် HONOR သည် ဆန်းသစ်တီထွင်မှုနှင့် ကုန်ပစ္စည်း ဖန်တီးမှုတို့၏ အကန့်အသတ်များကို ဆက်လက်ချိုးဖောက်၍ ကမ္ဘာကြီးထံသို့ နည်းပညာ တိုးတက်မှုများကို ဆက်လက်လက်ဆောင်ပေးသွားနိုင်ရန်နှင့် အသုံးပြုသူများအတွက် တစ်မူထူးခြားသော အတွေ့အကြုံများကို ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပါသည်” ဟု HONOR Product ၏ အထွေထွေမန်နေဂျာ Jimmy Xiong မှ ဆိုပါသည်။

HONOR ထုတ်ကုန်များကို အမြင့်ဆုံးသော ဖန်တီးမှုပညာများဖြင့် ဖန်တီးထားပြီး အသုံးပြုသူများအတွက် ဆန်းသစ်ပြီး လှပသည့် စမတ်ဖုန်းများကို အရောင်အသွေး စုံလင်စွာဖြင့် ရောင်းချပေးလျက် ရှိပါသည်။ ဖုန်းအသစ် HONOR 10 Lite သည် စမတ်ဖုန်းများအတွက် gradient အရောင်များဖြင့် ဖန်တီးပေးနိုင်ပြီး တောက်ပသော အလွှာရှစ်လွှာဖြင့် အံ့သြဖွယ်ရာ သက်ရောက်မှု အမျိုးမျိုးကို ဖန်တီးပေးနိုင်ပါသည်။ လှပပြီး ရိုးရှင်းသော HONOR 8X ကိုလည်း အရောင်သစ် Phantom Blue ဖြင့် ရရှိနိုင်မည်ဟု HONOR မှ ကြေငြာခဲ့ပါသည်။

စမတ်ဖုန်းဒီဇိုင်းနှင့် အရောင်များကို အကောင်းဆုံး ရရှိနိုင်စေရန်အတွက် HONOR မှ ကြိုးပမ်းသည့်အနေဖြင့် မလေးရှား အနုပညာရှင် Red Hong Yi ကို HONOR စမတ်ဖုန်းများမှ ပြန်လည်အသုံးပြုထားသည့် နောက်ဖက်ဖန်သားပြင် ၂၀၀၀ ကျော်ဖြင့် ဖန်တီးထားသည့် သီးသန့်အနုပညာပြယုဂ် Aurora ကို ဖန်တီးစေခဲ့ပါသည်။ ထို နောက်ဖက်ဖန်သားပြင်များမှ ထူးခြားလှပသည့် အရောင်များသည် Red Hong Yi ကို ဝင်ရိုးစွန်းမှ aurora ရောင်စဉ်များကို သတိရစေခဲ့ပြီး ဤ Aurora ကို ကောင်းမွန်စွာ ဖန်တီးနိုင်ခဲ့ပါသည်။

အဆိုပါ ဖန်သားပြင် နောက်ဖက်များကို ထုတ်လုပ်ရာတွင် အလွန်တိကျရန် လိုအပ်ပါသည်။ ထို နောက်ဖက်ဖန်သားပြင်များတွင် အုပ်ထားသည့် nano-membrane ၁၅ လွှာသည် အလင်းရောင် ဖြတ်သန်းသွားချိန်တွင် ထိုအလင်းရောင်ကို ရောင်ပြန်ဟပ်ခြင်းနှင့် ရောင်ဖြာခွဲထွက်ခြင်းများ ဖြစ်စေသော်လည်း ဖုန်အမှုန် တစ်မှုန်ပါလျှင်ပင် ထိုအလွှာအားလုံးကို ပျက်စီးသွားစေနိုင်ပါသည်။ ဖန်တီးခဲ့သော အလွှာငါးလွှာလျှင် တစ်လွှာကို ပယ်ဖျက်ရလေ့ ရှိပါသည်။ အဆိုပါ ပြန်သုံးထားသည့် နောက်ဖက်ဖန်သားပြင်တို့၏ ထူးခြားမှုအပေါ် အခြေပြု၍ Red သည် Aurora ကို ဖန်တီးခဲ့ပြီး လုပ်ငန်းအတွင်းမှ အပိုပစ္စည်း၊ အမှိုက်ဟု ယူဆထားသော ပစ္စည်းများကို ခေတ်သစ်အနုပညာအဖြစ်သို့ ပြောင်းလဲပေးနိုင်ခဲ့ပါသည်။

HONOR ၏ စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်မှုနှင့် ၎င်း၏ ထုတ်ကုန်များမှ အကောင်းဆုံးသော အတွေ့အကြုံတို့ကို ပေးစွမ်းနိုင်ရန် အားထုတ်မှုများ၏ ထောက်ပံ့မှုကြောင့် HONOR အမှတ်တံဆိပ်သည် ပြီးခဲ့သည့်နှစ်အတွင်း အလွန်လျှင်မြန်စွာ တိုးတက်လာခဲ့ပြီး နိုင်ငံတကာတွင် ပိုမိုထင်ရှားလာခဲ့ပါသည်။ HONOR သည် ဟောင်ကောင်ဈေးကွက်သို့ ပထမဆုံးအကြိမ် တရားဝင်ဝင်ရောက်မည်ဖြစ်ကြောင်းလည်း ကြေငြာခဲ့ပြီး ပထမဆုံး ရောင်းချမည့်မော်ဒယ်မှာ HONOR 10 ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်သို့ လှမ်းမျှော်ကြည့်ပြီး HONOR သည် ကမ္ဘာတစ်လွှားမှ လူငယ်များအတွက် နည်းပညာနှင့် ဒီဇိုင်းပိုင်းဆိုင်ရာ အံ့သြဖွယ်ရာ သတင်းထူးများကို ဆက်လက်ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ ဆက်လက်စောင့်မျှော်လိုက်ပါ။