[Zawgyi]
X ရေးဆွဲပုံ ရေးဆွဲနည်းမှာ စုစုပေါင်း ၈မျိုး အထိရှိပြီး အရောင်လေးတွေနဲ့ သတ်မှတ်ပေးထားတာကတော့ ပထမဦးဆုံး ဆွဲလိုက်တဲ့ မျဉ်ကြောင်းဖြစ်ပါတယ်။ ဒါ့အပြင် မျဉ်းကြောင်းတွေကိုလည်း မြှားလေးတွေနဲ့ အပေါ်ကနေ အောက်ကို ဆွဲချတာလား ဒါမှမဟုတ် အောက်ကနေ အပေါ်ကို ဆွဲတက်တာလား ဆိုပြီး ၂မျိုး ခွဲခြားထားပါသေးတယ်။
Ref : Mashable
[Unicode]
X ကို ဘယ်မျဥ်းကြောင်းကနေ စပြီး ရေးဆွဲပါသလဲ၊ ဘယ်လိုရေးဆွဲပါသလဲ ??
X ကို ဘယ်မျဥ်ကြောင်းကနေ စပြီး ဆွဲလဲ ဆိုတဲ့ တွစ်တစ်ခုဟာ တွစ်တာအသုံးပြုသူတွေကြားမှာ ရေပန်းစားလျက် ရှိပါတယ်။ အဆိုပါ တွစ်ကို sixers smasey @SMASEY ဆိုသူက အစပျိူးလိုက်တာ ဖြစ်ပြီး သူမအနေနဲ့ X ရေးဆွဲပုံ ရေးဆွဲနည်းဟာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့အတွက် သူများတွေ X ကို ဘယ်လို ဆွဲလဲဆိုတာ သိချင်ခဲ့ပါတယ်။ ဒါ့ကြောင့် သူမက “သင်တို့ရော X ကို ဘယ်လိုရေးဆွဲကြလဲ” ဆိုတဲ့ မေးခွန်းနဲ့အတူ X ရေးဆွဲပုံ ရေးဆွဲနည်း ၈မျိူးကို ရွေးချယ်ခွင့်ပေးခဲ့ပါတယ်။
X ရေးဆွဲပုံ ရေးဆွဲနည်းမှာ စုစုပေါင်း ၈မျိူး အထိရှိပြီး အရောင်လေးတွေနဲ့ သတ်မှတ်ပေးထားတာကတော့ ပထမဦးဆုံး ဆွဲလိုက်တဲ့ မျဥ်ကြောင်းဖြစ်ပါတယ်။ ဒါ့အပြင် မျဥ်းကြောင်းတွေကိုလည်း မြှားလေးတွေနဲ့ အပေါ်ကနေ အောက်ကို ဆွဲချတာလား ဒါမှမဟုတ် အောက်ကနေ အပေါ်ကို ဆွဲတက်တာလား ဆိုပြီး ၂မျိူး ခွဲခြားထားပါသေးတယ်။
သူမရဲ့ မေးခွန်းကို မြင်ပြီး စာရေးသူ မောင်သရ အပါအဝင် လူတော်တော်များများ ကြောင်တောင်တောင် ဖြစ်သွားကြပါတယ်။ X ဆိုတဲ့ စားလုံးပေါင်း မရေမတွက်နိုင်အောင် ရေးခဲ့ဖူးပေမယ့် ဘယ်မျဥ်းကြောင်းကနေ ဘယ်လိုစဆွဲပြီး ရေးခဲ့လဲဆိုတာ သေချာ မမှတ်တော့ပါဘူး။ ဒါ့ပေမယ့် တချိူ့လူတွေကတော့ သူတို့ရဲ့ X ရေးဆွဲပုံ ရေးဆွဲနည်းကို သေချာ မှတ်မိနေပါတယ်။ ကျွန်တော်ကတော့ သေချာ မမှတ်မိတာကြောင့် ရှေ့မှာရှိတဲ့ စားပွဲပေါ်မှာ X ပုံစံကို လက်ချောင်းနဲ့ ဆွဲကြည့်လိုက်တဲ့အခါ ဓာတ်ပုံထဲက နံပါတ် ၇ နဲ့ ထပ်တူကြနေတာ တွေ့ရပါတယ်။ ခင်ဗျားတို့လည်း နံပါတ် ဘယ်လောက်နဲ့ ထပ်တူကြလဲဆိုတာ ပြောပြပေးသွားပါဦး…
Ref : Mashable