[Zawgyi]

Huawei အေနနဲ႔ Kirin 980 SoC ကို ၿပီးခဲ့တဲ့ လအနည္းငယ္တုန္းက မိတ္ဆက္ခဲ့တာ ျဖစ္ၿပီး Mate 20 စီးရီးမွာ စတင္အသုံးျပဳခဲ့ပါတယ္။ Kirin 980 ဟာ Android ဖုန္းေတြထဲမွာဆိုရင္ 7nm Architecture နဲ႔ တည္ေဆာက္ထားတဲ့ ပထမဦးဆုံး SoC ျဖစ္သလို Kirin 980 ကို အသုံးျပဳထားတဲ့ စမတ္ဖုန္းေတြဟာလည္း စြမ္းေဆာင္ရည္ အေကာင္းဆုံး စမတ္ဖုန္းေတြအျဖစ္ အသိအမွတ္ျပဳခံထားရပါတယ္။

ဒီေန႔မွာေတာ့ Huawei ဟာ မၾကာခင္ ထြက္ရွိလာေတာ့မယ့္ P20 စီးရီးမွာ Kirin 980 SoC ကိုမသုံးဘဲ Kirin 985 SoC အသစ္ကို အသုံးျပဳႏိုင္ေၾကာင္း သတင္းမ်ား ထြက္ေပၚလာပါတယ္။ XDA Developers မွာ Editor အျဖစ္ အသိအမွတ္ျပဳခံထားရတဲ့ Mishaal Rahman ရဲ႕ ေျပာၾကားခ်က္မ်ားအရ Huawei ရဲ႕ မ်ိဴးဆက္သစ္ SoC ဟာ HiSilicon Kirin 985 ျဖစ္တယ္လို႔ သိရပါတယ္။ Kirin 990 မဟုတ္ဘဲ 985 သာ ျဖစ္သြားတဲ့အတြက္ Mate 20 စီးရီးနဲ႔ Honor Flagship ဖုန္းေတြမွာ အသုံးျပဳထားတဲ့ Kirin 980 နဲ႔ယွဥ္မယ္ဆိုရင္ အမ်ားႀကီး ေျပာင္းလဲသြားမွာ မဟုတ္ဘူးလို႔လည္း ခန္႔မွန္းေျပာဆိုထားၾကပါေသးတယ္။

Huawei အေနနဲ႔ Kirin 985 လိုမ်ိဴး ၅နဲ႔ဆုံးတဲ့ SoC အမ်ိဴးအစားကို ၿပီးခဲ့တဲ့ ၂၀၁၆ခုႏွစ္တုန္းက ထုတ္လုပ္ခဲ့ဖူးပါတယ္။ Kirin 955 ျဖစ္ၿပီး Huawei P9 မွာ အသုံးျပဳခဲ့တာပါ။ Kirin 950 ကိုေတာ့ ၂၀၁၅ခုႏွစ္မွာ ထုတ္လုပ္ခဲ့တာ ျဖစ္ၿပီး Huawei Mate 8 မွာ စတင္အသုံးျပဳခဲ့ပါတယ္။ ဒါ့ေၾကာင့္ Kirin 985 SoC ကို မၾကာခင္ မိတ္ဆက္လာႏိုင္ဖြယ္ရွိၿပီး Huawei P30 စီးရီးမွာ စတင္အသုံးျပဳလာႏိုင္ေၾကာင္း ကြၽမ္းက်င္ပညာရွင္မ်ား ခန္႔မွန္း ေျပာဆိုထားၾကပါတယ္။

Ref : Gizmochina

[Unicode]

Huawei P30 စီးရီးမှာ စတင်အသုံးပြုလာနိုင်တဲ့ Kirin 985 SoC အသစ်

Huawei အနေနဲ့ Kirin 980 SoC ကို ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Mate 20 စီးရီးမှာ စတင်အသုံးပြုခဲ့ပါတယ်။ Kirin 980 ဟာ Android ဖုန်းတွေထဲမှာဆိုရင် 7nm Architecture နဲ့ တည်ဆောက်ထားတဲ့ ပထမဦးဆုံး SoC ဖြစ်သလို Kirin 980 ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေဟာလည်း စွမ်းဆောင်ရည် အကောင်းဆုံး စမတ်ဖုန်းတွေအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။

ဒီနေ့မှာတော့ Huawei ဟာ မကြာခင် ထွက်ရှိလာတော့မယ့် P20 စီးရီးမှာ Kirin 980 SoC ကိုမသုံးဘဲ Kirin 985 SoC အသစ်ကို အသုံးပြုနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ XDA Developers မှာ Editor အဖြစ် အသိအမှတ်ပြုခံထားရတဲ့ Mishaal Rahman ရဲ့ ပြောကြားချက်များအရ Huawei ရဲ့ မျိူးဆက်သစ် SoC ဟာ HiSilicon Kirin 985 ဖြစ်တယ်လို့ သိရပါတယ်။ Kirin 990 မဟုတ်ဘဲ 985 သာ ဖြစ်သွားတဲ့အတွက် Mate 20 စီးရီးနဲ့ Honor Flagship ဖုန်းတွေမှာ အသုံးပြုထားတဲ့ Kirin 980 နဲ့ယှဥ်မယ်ဆိုရင် အများကြီး ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း ခန့်မှန်းပြောဆိုထားကြပါသေးတယ်။

Huawei အနေနဲ့ Kirin 985 လိုမျိူး ၅နဲ့ဆုံးတဲ့ SoC အမျိူးအစားကို ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းက ထုတ်လုပ်ခဲ့ဖူးပါတယ်။ Kirin 955 ဖြစ်ပြီး Huawei P9 မှာ အသုံးပြုခဲ့တာပါ။ Kirin 950 ကိုတော့ ၂၀၁၅ခုနှစ်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး Huawei Mate 8 မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဒါ့ကြောင့် Kirin 985 SoC ကို မကြာခင် မိတ်ဆက်လာနိုင်ဖွယ်ရှိပြီး Huawei P30 စီးရီးမှာ စတင်အသုံးပြုလာနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များ ခန့်မှန်း ပြောဆိုထားကြပါတယ်။

Ref : Gizmochina