[Zawgyi]

ပုိလန္ႏုိင္ငံမွာ ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာတစ္ခုထဲမွာ တရုတ္အေျခစိုက္ကုမၸဏီ Huawei ဟာ သူတုိ႔ရဲ႕ P30 စီးရီးအသစ္ကို ျပင္သစ္ႏုိင္ငံ ပါရီၿမိဳ႕၌ လာမယ့္ မတ္လကုန္မွာ မိတ္ဆက္သြားမယ့္အေၾကာင္းကို ထည့္သြင္း ေဖာ္ျပလာခဲ့ပါတယ္။

အဆုိပါ အစီရင္ခံစာထဲမွာ အဓိကအသားေပးေဖာ္ျပခဲ့တဲ့ အခ်က္ကေတာ့ ပုိလန္ႏုိင္ငံရဲ႕ Huawei ရုံးခြဲမွာ ဝန္ထမ္းအင္အား တစ္ရာေက်ာ္ကို ထပ္မံခန္႔အပ္လုိက္ၿပီး ရွိၿပီးသားဝန္ထမ္းပမာဏရဲ႕ ႏွစ္ဆ အင္အားတုိးျမင့္လုိက္တာပဲ ျဖစ္ပါတယ္။ ဒီအေၾကာင္းကို ေဖာ္ျပရင္းနဲ႔ P30 စီးရီးအသစ္ရဲ႕ သတင္းကိုပါ ထည့္သြင္းလုိက္တာပါ။

Huawei အမွတ္တံဆိပ္ဟာ ပိုလန္ႏုိင္ငံထဲမွာလည္း စမတ္ဖုန္းေစ်းကြက္ကို နံပါတ္တစ္ဦးေဆာင္သူ ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္မွာ ပုိလန္ေစ်းကြက္ရဲ႕ ၃၃.၄ ရာခိုင္ႏႈန္းပိုင္ဆုိင္ခဲ့ပါတယ္။ ဒီလိုႀကီးမားတဲ့ ေစ်းကြက္ပမာဏကို P20 နဲ႔ Mate 20 စမတ္ဖုန္းေတြရဲ႕ ေရာင္းအားေၾကာင့္ ရရွိခဲ့တာျဖစ္ၿပီး သူ႕ရဲ႕မ်ဳိးဆက္သစ္ P30 စီးရီးကိုပါ အရိပ္အျမြက္ ေၾကျငာလာခဲ့တာ ျဖစ္ႏုိင္ပါတယ္။

Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ႏွစ္ မတ္လမွာ ပါရီၿမိဳ႕မွာပဲ မိတ္ဆက္ခဲ့တာျဖစ္လို႔ ရုိးရာမပ်က္ ျပင္သစ္ၿမိဳ႕ေတာ္မွာ ပြဲဦးထြက္လာမယ္လို႔ ယူဆရပါတယ္။ ဒါဆုိရင္ေတာ့ လာမယ့္လအတြင္းမွာ P30 စီးရီးရဲ႕ သတင္းေတြကို ထပ္ၾကားရဦးမွာပါပဲ။

Ref – GSM Arena

[Unicode]

ပိုလန်နိုင်ငံမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုထဲမှာ တရုတ်အခြေစိုက်ကုမ္ပဏီ Huawei ဟာ သူတို့ရဲ့ P30 စီးရီးအသစ်ကို ပြင်သစ်နိုင်ငံ ပါရီမြို့၌ လာမယ့် မတ်လကုန်မှာ မိတ်ဆက်သွားမယ့်အကြောင်းကို ထည့်သွင်း ဖော်ပြလာခဲ့ပါတယ်။

အဆိုပါ အစီရင်ခံစာထဲမှာ အဓိကအသားပေးဖော်ပြခဲ့တဲ့ အချက်ကတော့ ပိုလန်နိုင်ငံရဲ့ Huawei ရုံးခွဲမှာ ဝန်ထမ်းအင်အား တစ်ရာကျော်ကို ထပ်မံခန့်အပ်လိုက်ပြီး ရှိပြီးသားဝန်ထမ်းပမာဏရဲ့ နှစ်ဆ အင်အားတိုးမြင့်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဖော်ပြရင်းနဲ့ P30 စီးရီးအသစ်ရဲ့ သတင်းကိုပါ ထည့်သွင်းလိုက်တာပါ။

Huawei အမှတ်တံဆိပ်ဟာ ပိုလန်နိုင်ငံထဲမှာလည်း စမတ်ဖုန်းဈေးကွက်ကို နံပါတ်တစ်ဦးဆောင်သူ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ပိုလန်ဈေးကွက်ရဲ့ ၃၃.၄ ရာခိုင်နှုန်းပိုင်ဆိုင်ခဲ့ပါတယ်။ ဒီလိုကြီးမားတဲ့ ဈေးကွက်ပမာဏကို P20 နဲ့ Mate 20 စမတ်ဖုန်းတွေရဲ့ ရောင်းအားကြောင့် ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့မျိုးဆက်သစ် P30 စီးရီးကိုပါ အရိပ်အမြွက် ကြေငြာလာခဲ့တာ ဖြစ်နိုင်ပါတယ်။

Huawei P20 ကိုလည်း ပြီးခဲ့တဲ့နှစ် မတ်လမှာ ပါရီမြို့မှာပဲ မိတ်ဆက်ခဲ့တာဖြစ်လို့ ရိုးရာမပျက် ပြင်သစ်မြို့တော်မှာ ပွဲဦးထွက်လာမယ်လို့ ယူဆရပါတယ်။ ဒါဆိုရင်တော့ လာမယ့်လအတွင်းမှာ P30 စီးရီးရဲ့ သတင်းတွေကို ထပ်ကြားရဦးမှာပါပဲ။

Ref – GSM Arena