ေအာက္တုိဘာ ၁၆ ရက္ေန႔မွာ က်င္းပမယ့္ ထုတ္ကုန္သစ္မိတ္ဆက္ပြဲအတြက္ Mate 20 မ်ဳိးဆက္သစ္ ေတြအျပင္ Huawei မွာ အစီအစဥ္တစ္ခု ရွိေနပုံပါပဲ။ အဲ့ဒါကေတာ့ Huawei Watch GT လို႔ ေခၚမယ့္ Wearable ထုတ္ကုန္သစ္ျဖစ္ျပီး GT Sports နဲ႔ GT Classic အျဖစ္ ဗားရွင္းႏွစ္မ်ဳိး ထြက္လာမွာပါ။ GT Classic အတြက္ Render ပုံရိပ္ကေတာ့ ထြက္လာပါျပီ။

Huawei Watch GT ေတြဟာ ဘကၳရီသက္တမ္းနဲ႔ ေစ်းႏႈန္းခ်ဳိသာမႈအေပၚ အဓိကအာရုံစုိက္သြားမယ္လုိ႔ ဆုိပါတယ္။ 1.39” လက္မ OLED Display ေတြပါမွာျဖစ္ျပီး Resolution ကေတာ့ မသိရေသးပါဘူး။ GT Classic မွာ ေငြေရာင္ဒီဇုိင္းေပၚ အနက္ေရာင္ Bezel လိုင္းနဲ႔ျဖစ္ျပီး အညဳိေရာင္လက္ပတ္ တပ္ဆင္ထားပါတယ္။ GT Sport ကေတာ့ All Black နဲ႔ထြက္လာမွာပါ။

Smartwatch တစ္လုံးမွာ ပါသင့္တဲ့ Feature ေတြျဖစ္တဲ့ GPS, NFC, Bluetooth, သံလုိက္အိမ္ေျမွာင္၊ ဖိအားသိမွတ္ ဆင္ဆာနဲ႔ အရွိန္ႏႈန္းတုိင္းတာဆင္ဆာ တုိ႔ပါဝင္တယ္။ ႏွလုံးခုန္ႏႈန္းတုိင္းတာတဲ့ စနစ္လည္း ပါဝင္ႏုိင္ေပမယ့္ အတည္ျပဳခ်က္ေတာ့ ထြက္မလာေသးဘူး။

ဒီနာရီေတြဟာ ဝတ္ဆင္ျပီး ေရကူးလို႔ရေအာင္ ေရစိမ္ခံႏုိင္မွာျဖစ္ျပီး 420mAh ဘကၳရီက Low-power Mode နဲ႔သုံးရင္ ႏွစ္ပတ္ၾကာေအာင္ ခံမွာျဖစ္တယ္။ အျပည့္အဝသုံးရင္ေတာ့ တစ္ဝက္ေလာက္ပဲ ခံႏုိင္မယ္လို႔ ထင္ရေပမယ့္ ဒါကေတာင္ Smartwatch ေတြထဲမွာ ထုိးထြက္လာတဲ့ ပမာဏျဖစ္ပါတယ္။ GPS Mode နဲ႔ သုံးရင္ေတာ့ နာရီ ၂၀ ခန္႔ ခံႏုိင္မယ္လို႔ ဆုိပါတယ္။

Huawei Watch GT ဟာ Qualcomm အသစ္ထုတ္လုိက္တဲ့ Snapdragon Wear 3100 Chipset ေတြ သုံးလာဖို႔ရွိျပီး Storage ပမာဏက 4GB ပါဝင္မွာျဖစ္တယ္။ Mate 20 တုိ႔နဲ႔အတူ ထြက္လာမယ့္ နာရီေတြဟာ Sport ဗားရွင္းအတြက္ ယူရုိ ၁၉၉ က်သင့္ျပီး Classic ကေတာ့ ၂၂၉ ယူရုိ တန္ဖိုးရွိမွာပါ။

Ref – GSM Arena

Unicode

အောက်တိုဘာ ၁၆ ရက်နေ့မှာ ကျင်းပမယ့် ထုတ်ကုန်သစ်မိတ်ဆက်ပွဲအတွက် Mate 20 မျိုးဆက်သစ် တွေအပြင် Huawei မှာ အစီအစဉ်တစ်ခု ရှိနေပုံပါပဲ။ အဲ့ဒါကတော့ Huawei Watch GT လို့ ခေါ်မယ့် Wearable ထုတ်ကုန်သစ်ဖြစ်ပြီး GT Sports နဲ့ GT Classic အဖြစ် ဗားရှင်းနှစ်မျိုး ထွက်လာမှာပါ။ GT Classic အတွက် Render ပုံရိပ်ကတော့ ထွက်လာပါပြီ။

Huawei Watch GT တွေဟာ ဘက္ထရီသက်တမ်းနဲ့ ဈေးနှုန်းချိုသာမှုအပေါ် အဓိကအာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။ 1.39” လက်မ OLED Display တွေပါမှာဖြစ်ပြီး Resolution ကတော့ မသိရသေးပါဘူး။ GT Classic မှာ ငွေရောင်ဒီဇိုင်းပေါ် အနက်ရောင် Bezel လိုင်းနဲ့ဖြစ်ပြီး အညိုရောင်လက်ပတ် တပ်ဆင်ထားပါတယ်။ GT Sport ကတော့ All Black နဲ့ထွက်လာမှာပါ။

Smartwatch တစ်လုံးမှာ ပါသင့်တဲ့ Feature တွေဖြစ်တဲ့ GPS, NFC, Bluetooth, သံလိုက်အိမ်မြှောင်၊ ဖိအားသိမှတ် ဆင်ဆာနဲ့ အရှိန်နှုန်းတိုင်းတာဆင်ဆာ တို့ပါဝင်တယ်။ နှလုံးခုန်နှုန်းတိုင်းတာတဲ့ စနစ်လည်း ပါဝင်နိုင်ပေမယ့် အတည်ပြုချက်တော့ ထွက်မလာသေးဘူး။

ဒီနာရီတွေဟာ ဝတ်ဆင်ပြီး ရေကူးလို့ရအောင် ရေစိမ်ခံနိုင်မှာဖြစ်ပြီး 420mAh ဘက္ထရီက Low-power Mode နဲ့သုံးရင် နှစ်ပတ်ကြာအောင် ခံမှာဖြစ်တယ်။ အပြည့်အဝသုံးရင်တော့ တစ်ဝက်လောက်ပဲ ခံနိုင်မယ်လို့ ထင်ရပေမယ့် ဒါကတောင် Smartwatch တွေထဲမှာ ထိုးထွက်လာတဲ့ ပမာဏဖြစ်ပါတယ်။ GPS Mode နဲ့ သုံးရင်တော့ နာရီ ၂၀ ခန့် ခံနိုင်မယ်လို့ ဆိုပါတယ်။

Huawei Watch GT ဟာ Qualcomm အသစ်ထုတ်လိုက်တဲ့ Snapdragon Wear 3100 Chipset တွေ သုံးလာဖို့ရှိပြီး Storage ပမာဏက 4GB ပါဝင်မှာဖြစ်တယ်။ Mate 20 တို့နဲ့အတူ ထွက်လာမယ့် နာရီတွေဟာ Sport ဗားရှင်းအတွက် ယူရို ၁၉၉ ကျသင့်ပြီး Classic ကတော့ ၂၂၉ ယူရို တန်ဖိုးရှိမှာပါ။

Ref – GSM Arena