Zawgyi

မၾကာခင္ရက္ပိုင္းအတြင္း Lenovo S5 Pro စမတ္ဖုန္းကို မိတ္ဆက္ေတာ့မွာျဖစ္ျပီး Lenovo ကေတာ့ အဆိုပါဖုန္းရဲ႕ Teaser ပိုစတာေတြကို တစ္ေန႔ တစ္မ်ိဳးမရိုးရေအာင္ကို ထုတ္ျပေနပါျပီ။ အခုေနာက္ဆံုးထြက္တဲ့ Teaser အရေတာ့ Lenovo S5 Pro မွာ သံုးမယ့္ Camera Setup နဲ႔ TENAA မွာစာရင္း မသြင္းထားတဲ့ အေရာင္ႏွစ္မ်ိဳးကိုပါ သိလိုက္ရပါျပီ။

Teaser ပိုစတာေတြကို Weibo ဝက္ဘ္ဆိုဒ္ ေပၚမွာတင္လိုက္တာျဖစ္ျပီး Xiaomi ရဲ႕ Mi 8 Series ဖုန္းေတြနဲ႔ အဓိက ႏွိုင္းယွဥ္ထားပါတယ္။ မေန႔က ထြက္ခဲ့တဲ့ Teaser ပိုစတာမွာဆိုရင္ S5 Pro ရဲ႕ Dual Front Camera Setup မွာတပ္ဆင္ေပးထားတဲ့ အဓိက 20MP Sensor ဟာ Xiaomi ရဲ႕ Flagship Mi 8 ထက္ အမ်ားၾကီးသာလြန္ေနတယ္လို႔ ေျပာထားပါတယ္။ ဒုတိယ 8MP Selfie Camera ကိုေတာ့ Teaser ပိုစတာ ထဲမွာ မေတြ႔ခဲ့ရပါဘူး။ ပိုစတာထဲမွာ ျပထားတဲ့ ေရႊေရာင္နဲ႔ အျပာေရာင္ S5 Pro ဟာ TENAA မွာ စာရင္းသြင္းထားတဲ့ အေရာင္ထဲမွာ မပါပါဘူး။

အဆိုပါ ပိုစတာအရ S5 Pro မွာအသံုးျပဳထားတဲ့ အေသးစိတ္ ကင္မရာအခ်က္အလက္ေတြကို သိခဲ့ရပါတယ္။ Lenovo S5 Pro ဟာ Mi 8SE ရဲ႕ ကင္မရာေတြထက္ စြမ္းေဆာင္ရည္ အမ်ားၾကီးပိုေကာင္းတယ္လို႔ သိရပါတယ္။ Mi 8 SE မွာ အသံုးျပဳထားတဲ့ အေနာက္ဘက္ Dual Camera Setup ရဲ႕ အဓိက ကင္မရာက 12MP ရွိျပီး Aperture ကေတာ့ f/1.9 ရွိပါတယ္။ ဒုတိယ ကင္မရာကေတာ့ 5MP ရွိျပီး Aperture f/2.0 ရွိပါတယ္။ Lenovo S5 Pro မွာေတာ့ 20MP + 12MP ရွိတဲ့ Dual Camera Setup ပါဝင္ျပီး Aperture ကေတာ့ f/1.8 ရွိပါတယ္။ အဆိုပါ အခ်က္အလက္ေတြအရ Lenovo S5 Pro ဟာ Mi 8 SE ထက္ သာလြန္ေနတယ္ဆိုေပမယ့္ လက္ေတြ႔ႏွိုင္းယွဥ္ၾကည့္မွသာ ေသခ်ာသိရမွာပါ။

Lenovo S5 Pro ကို ေအာက္တိုဘာ ၁၈ မွာ စတင္မိတ္ဆက္မွာျဖစ္ျပီး Full HD+ Resolution ရွိတဲ့ 6.18-inch Display ကိုတပ္ဆင္ေပးထားပါတယ္။ Super Mid-Range SoC ျဖစ္တဲ့ Snapdragon 660 ကို 6GB RAM နဲ႔ ေမာင္းႏွင္ေပးထားျပီး Internal Storage ကေတာ့ 128GB ရွိပါတယ္။ 3,500mAh ဘက္ထရီတပ္ဆင္ေပးထားျပီး Android 8.1 Oreo နဲ႔ တစ္ပါတည္းလာမွာပါ။

Ref: Gizmo China

Unicode

မကြာခင်ရက်ပိုင်းအတွင်း Lenovo S5 Pro စမတ်ဖုန်းကို မိတ်ဆက်တော့မှာဖြစ်ပြီး Lenovo ကတော့ အဆိုပါဖုန်းရဲ့ Teaser ပိုစတာတွေကို တစ်နေ့ တစ်မျိုးမရိုးရအောင်ကို ထုတ်ပြနေပါပြီ။ အခုနောက်ဆုံးထွက်တဲ့ Teaser အရတော့ Lenovo S5 Pro မှာ သုံးမယ့် Camera Setup နဲ့ TENAA မှာစာရင်း မသွင်းထားတဲ့ အရောင်နှစ်မျိုးကိုပါ သိလိုက်ရပါပြီ။

Teaser ပိုစတာတွေကို Weibo ဝက်ဘ်ဆိုဒ် ပေါ်မှာတင်လိုက်တာဖြစ်ပြီး Xiaomi ရဲ့ Mi 8 Series ဖုန်းတွေနဲ့ အဓိက နှိုင်းယှဉ်ထားပါတယ်။ မနေ့က ထွက်ခဲ့တဲ့ Teaser ပိုစတာမှာဆိုရင် S5 Pro ရဲ့ Dual Front Camera Setup မှာတပ်ဆင်ပေးထားတဲ့ အဓိက 20MP Sensor ဟာ Xiaomi ရဲ့ Flagship Mi 8 ထက် အများကြီးသာလွန်နေတယ်လို့ ပြောထားပါတယ်။ ဒုတိယ 8MP Selfie Camera ကိုတော့ Teaser ပိုစတာ ထဲမှာ မတွေ့ခဲ့ရပါဘူး။ ပိုစတာထဲမှာ ပြထားတဲ့ ရွှေရောင်နဲ့ အပြာရောင် S5 Pro ဟာ TENAA မှာ စာရင်းသွင်းထားတဲ့ အရောင်ထဲမှာ မပါပါဘူး။

အဆိုပါ ပိုစတာအရ S5 Pro မှာအသုံးပြုထားတဲ့ အသေးစိတ် ကင်မရာအချက်အလက်တွေကို သိခဲ့ရပါတယ်။ Lenovo S5 Pro ဟာ Mi 8SE ရဲ့ ကင်မရာတွေထက် စွမ်းဆောင်ရည် အများကြီးပိုကောင်းတယ်လို့ သိရပါတယ်။ Mi 8 SE မှာ အသုံးပြုထားတဲ့ အနောက်ဘက် Dual Camera Setup ရဲ့ အဓိက ကင်မရာက 12MP ရှိပြီး Aperture ကတော့ f/1.9 ရှိပါတယ်။ ဒုတိယ ကင်မရာကတော့ 5MP ရှိပြီး Aperture f/2.0 ရှိပါတယ်။ Lenovo S5 Pro မှာတော့ 20MP + 12MP ရှိတဲ့ Dual Camera Setup ပါဝင်ပြီး Aperture ကတော့ f/1.8 ရှိပါတယ်။ အဆိုပါ အချက်အလက်တွေအရ Lenovo S5 Pro ဟာ Mi 8 SE ထက် သာလွန်နေတယ်ဆိုပေမယ့် လက်တွေ့နှိုင်းယှဉ်ကြည့်မှသာ သေချာသိရမှာပါ။


Lenovo S5 Pro ကို အောက်တိုဘာ ၁၈ မှာ စတင်မိတ်ဆက်မှာဖြစ်ပြီး Full HD+ Resolution ရှိတဲ့ 6.18-inch Display ကိုတပ်ဆင်ပေးထားပါတယ်။ Super Mid-Range SoC ဖြစ်တဲ့ Snapdragon 660 ကို 6GB RAM နဲ့ မောင်းနှင်ပေးထားပြီး Internal Storage ကတော့ 128GB ရှိပါတယ်။ 3,500mAh ဘက်ထရီတပ်ဆင်ပေးထားပြီး Android 8.1 Oreo နဲ့ တစ်ပါတည်းလာမှာပါ။

Ref: Gizmo China