[Zawgyi]

Lenovo အေနနဲ႔ မုိဘုိင္းလ္ဖုန္းနယ္ပယ္ဘက္မွာသာ ေကာင္းေကာင္းေျခမဆန္႔ႏုိင္ေသးေပမယ့္ PC နယ္ပယ္ပိုင္းမွာေတာ့ အေအာင္ျမင္ဆံုး ကုမၸဏီတစ္ခုပါ။ ၂၀၁၈ တတိယ ဘ႑ာႏွစ္မွာဆို ေစ်းကြက္မွာ ေနရာရေနတဲ့ HP ကို ေက်ာ္ျပီး ေစ်းကြက္ဦးေဆာင္သူေတာင္ ျဖစ္သြားတာပါ။ ဒီလို ေအာင္ျမင္ေနတဲ့ တရုတ္ကုမၸဏီၾကီးကေန ေကြးေခါက္လို႔ရတဲ့ Tablet ေတြကို ကမာၻ႔ပထမဦးဆံုးအေနနဲ႔ ထုတ္မယ္ဆိုရင္ ေတာ္ေတာ္ဂယက္ထသြားမွာ ေသခ်ာပါတယ္။

ETNews ရဲ႕ သတင္းအရ Lenovo ဟာ LG Display က ထုတ္လုပ္လိုက္တဲ့ 13 လက္မအရြယ္ ေကြးေခါက္ႏုိင္တဲ့ Display ကိုသံုးထားတဲ့ Tablet တစ္လံုးထုတ္လုပ္ဖို႔ LG နဲ႔ အတူတူလက္တြဲေနတယ္လို႔ သိရပါတယ္။ သူေျပာထားတဲ့ Display ကေတာ့ လံုးဝထက္ပိုင္းကို ေခါက္ပစ္လိုက္လုိ႔ရတဲ့ OLED Panel ျဖစ္ျပီး ဘယ္ေလာက္ခိုင္ခံ့လဲဆိုတာကေတာ့ လက္ေတြ႔မျမင္ရေသးသ၍ မသိႏုိင္ေသးပါဘူး။ LG Display ကေတာ့ Lenovo နဲ႔ သေဘာတူစာခ်ဳပ္ခ်ဳပ္ျပီးသြားျပီးျဖစ္ျပီး  ေနာက္ဒုတိယႏွစ္ဝက္အတြင္းမွာ LG က Lenovo ကို ေကြးေခါက္ႏုိင္တဲ့ Display ေတြ ေထာက္ပံ့ေပးေတာ့မွာ ျဖစ္ပါတယ္။

စမတ္ဖုန္းဘက္မွာလည္း Lenovo က ေကြးေခါက္ႏုိင္တဲ့ Display နဲ႔ဖုန္းကို ထုတ္လုပ္ေနတယ္လို႔ သတင္းေတြထြက္ေနျပီး ဗီဒီယိုတစ္ခုလည္း မၾကာေသးခင္က ေပါက္ၾကားထားပါေသးတယ္။ အခုဆို ေကြးေခါက္ႏုိင္မယ့္ Display နဲ႔ စမတ္ဖုန္းကို ထုတ္မယ့္သူေတြက Samsung တို႔ Microsoft တို႔လည္း ရိွေနတာျဖစ္လို႔ ဘယ္သူက ဘယ္လိုနည္းပညာအလန္းစားေတြနဲ႔ အရင္ထြက္လာမလဲဆိုတာ ေစာင့္ၾကည့္ဖို႔ပဲ က်န္ပါေတာ့တယ္။

Ref: GizmoChina

[Unicode]

Lenovo အနေနဲ့ မိုဘိုင်းလ်ဖုန်းနယ်ပယ်ဘက်မှာသာ ကောင်းကောင်းခြေမဆန့်နိုင်သေးပေမယ့် PC နယ်ပယ်ပိုင်းမှာတော့ အအောင်မြင်ဆုံး ကုမ္ပဏီတစ်ခုပါ။ ၂၀၁၈ တတိယ ဘဏ္ဍာနှစ်မှာဆို ဈေးကွက်မှာ နေရာရနေတဲ့ HP ကို ကျော်ပြီး ဈေးကွက်ဦးဆောင်သူတောင် ဖြစ်သွားတာပါ။ ဒီလို အောင်မြင်နေတဲ့ တရုတ်ကုမ္ပဏီကြီးကနေ ကွေးခေါက်လို့ရတဲ့ Tablet ေတွကို ကမ္ဘာ့ပထမဦးဆုံးအနေနဲ့ ထုတ်မယ်ဆိုရင် တော်တော်ဂယက်ထသွားမှာ သေချာပါတယ်။

ETNews ရဲ့ သတင်းအရ Lenovo ဟာ LG Display က ထုတ်လုပ်လိုက်တဲ့ 13 လက်မအရွယ် ကွေးခေါက်နိုင်တဲ့ Display ကိုသုံးထားတဲ့ Tablet တစ်လုံးထုတ်လုပ်ဖို့ LG နဲ့ အတူတူလက်တွဲနေတယ်လို့ သိရပါတယ်။ သူပြောထားတဲ့ Display ကတော့ လုံးဝထက်ပိုင်းကို ခေါက်ပစ်လိုက်လို့ရတဲ့ OLED Panel ဖြစ်ပြီး ဘယ်လောက်ခိုင်ခံလဲဆိုတာကတော့ လက်တွေ့မမြင်ရသေးသ၍ မသိနိုင်သေးပါဘူး။ LG Display ကတော့ Lenovo နဲ့ သဘောတူစာချုပ်ချုပ်ပြီးသွားပြီးဖြစ်ပြီး  နောက်ဒုတိယနှစ်ဝက်အတွင်းမှာ LG က Lenovo ကို ကွေးခေါက်နိုင်တဲ့ Display တွေ ထောက်ပံ့ပေးတော့မှာ ဖြစ်ပါတယ်။

စမတ်ဖုန်းဘက်မှာလည်း Lenovo က ကွေးခေါက်နိုင်တဲ့ Display နဲ့ဖုန်းကို ထုတ်လုပ်နေတယ်လို့ သတင်းတွေထွက်နေပြီး ဗီဒီယိုတစ်ခုလည်း မကြာသေးခင်က ပေါက်ကြားထားပါသေးတယ်။ အခုဆို ကွေးခေါက်နိုင်မယ့် Display နဲ့ စမတ်ဖုန်းကို ထုတ်မယ့်သူတွေက Samsung တို့ Microsoft တို့လည်း ရှိနေတာဖြစ်လို့ ဘယ်သူက ဘယ်လိုနည်းပညာအလန်းစားတွေနဲ့ အရင်ထွက်လာမလဲဆိုတာ စောင့်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်။

Ref: GizmoChina